Monday, March 28, 2016

စနေဂြိုဟ် ၏ လ က ဒိုင်နိုဆောများ ထက် သက်တမ်းနုနယ်



လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းတစ်ရာလောက်က မှ စနေဂြိုဟ်မှာ လဆိုတာ ရှိလာခဲ့တာပါ။
စနေဂြိုဟ်ပတ် လမ်းကြောင်း မှာ ရှိတဲ့ လဂြိုဟ် ဟာ ကမ္ဘာမှာ ရှိခဲ့တဲ့ ဒိုင်နိုဆောတွေ ထက်ပင် သက်တမ်းနုနယ်ကြောင်း လေ့လာသူတွေ က ဖော်ထုတ် လိုက်ပါတယ်။

SETI လေ့လာရေးစင်တာ ရဲ့ လေ့လာဖော်ထုတ်ချက် အရ ကမ္ဘာ မှာ ဒိုင်နိုဆောတွေ ရှိခဲ့တဲ့ ခေတ်နောက် ပိုင်း မှသာ စနေဂြိုဟ် ရဲ့ ဂြိုဟ်ပတ်လမ်းမှာ ရှိတဲ့ လ နဲ့ အခြားသော အစိတ် အပိုင်းဂြိုဟ်တွေ ပေါ်လာ ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။





 
ဒါကြောင့် ဒီဂြိုဟ်တွေ ရဲ့ သက်တမ်း ဟာ နှစ်ပေါင်း သန်း ၁၀၀ လောက် သာ ရှိပါသေးတယ်။ စနေဂြိုဟ် ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း ၁၀၀ လောက်က ပြင်းထန် တဲ့ ဂြိုဟ်တွင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီပေါက်ကွဲမှုကြောင့် ယခင် ဂြိုဟ် အတွင်းမှာ ရှိနေပြီးသားဖြစ်တဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှား ကို စနေဂြိုဟ် ရဲ့ လကမ္ဘာ အဖြစ် ပြောင်းလဲစေခဲ့တာပါ။



Source : UPI
 http://www.duwun.com.mm/news/-id4845768.html

No comments:

Post a Comment