Thursday, March 31, 2016

သေရွာကနေ မိဘနှစ်ပါးဆီပြန်လာတဲ့ ညီအစ်မ




အင်္ဂလန်နိုင်ငံ အရှေ့မြောက်ပိုင်း နော့သန်းဘားလန်း စီရင်စု ဟက်စ်ဟမ်းမြို့လေး က ပိုးလော့ခ် မိသားစု ဟာ သာမန် မိသားစုလေး တစ်စုပါ။ ဂျွန် နဲ့ ဖလောရန့်စ် မှာ အသက် ၁၁ နှစ် အရွယ် ဂျိုအန်နာ နဲ့ ၆ နှစ် အရွယ် ဂျက်ခ်ကွီလိုင်း ဆိုတဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက် ရှိခဲ့ပါတယ်။

 အဲဒီ ညီအစ်မနှစ်ယောက် ဟာ အမြဲ တစ်တွဲတွဲ မခွဲ အတူ ရှိခဲ့ကြပါတယ်။ ၁၉၅၇ ခုနှစ် မေလ ၅ ရက် မှာ သူတို့ ညီအစ်မနှစ်ယောက် နဲ့ သူငယ်ချင်း ဟာ ကားမှောက်ပြီး သေဆုံး သွားခဲ့ပါတယ်။ 

သမီးလေးနှစ်ယောက် ပွဲချင်းပြီး သေဆုံးသွားတဲ့ အတွက် မိဘနှစ်ပါးမှာ ယူကျုံး မရဖြစ်ခဲ့ ရပါတယ်။ ဒီလို နဲ့ ဘဝ ကို ရှေ့ဆက်ရင်း ၁၉၅၈ ခုနှစ် အစောပိုင်း မှာ ဖလောရန့်စ် တစ်ယောက် ကိုယ်ဝန် ရှိလာခဲ့ပါတယ်။ 

ဂျွန် ဟာ ဒီ ကိုယ်ဝန် က ထူးခြားတယ် လို့ ခံစားရပြီး ဒါ အမြွှာ မိန်းကလေးနှစ်ယောက် လို့ သူ့ဇနီး ကို ပြော ပါတယ်။ ဒါပေမဲ့ ဇနီးသည် ဖလောရန့်စ် က ဂျွန်ပြောတာကို မယုံခဲ့ ပါဘူး။ ဆရာဝန်ပြတော့လည်း ကလေး တစ်ယောက် ကိုသာ လွယ်ထားရတယ် လို့ ပြောပေမဲ့ ဂျွန် ကတော့ နှစ်ယောက် လို့ချည်း တွင်တွင်ပြောနေ ခဲ့ပါတယ်။


 
ဂျွန်ပြောတာ မှန်ပါတယ်။ ၁၉၅၈ ခုနှစ်မှာ ဖလောရန့်စ်ဟာ ဂီလီယံ နဲ့ ဂျနီဖာ ဆိုတဲ့ အမြွှာလေးနှစ်ယောက် ကို မွေးဖွား သန့်စင်ခဲ့ပါတယ်။

ချွတ်စွပ် တူတဲ့ အမြွှာလေးနှစ်ယောက်မှာ ဂျနီဖာ က နှာခေါင်း ထိပ်မှာ အမှတ် တစ်ခု ခါး ဘယ်ဘက်ခြမ်းမှာ အမှတ် တစ်ခု ပါနေခဲ့ပါတယ်။ သေဆုံး သွားခဲ့တဲ့ ဂျက်ခ်ကွီလိုင်း မှာလည်း အဲဒီ အမှတ်တွေ အတိုင်း တစ်ထေရာတည်း ရှိခဲ့ပါတယ်။





အမြွှာလေးနှစ်ယောက် ၉ လ အရွယ်မှာ ဝမ်းနည်း စရာတွေ နဲ့ ပြည့်နေတဲ့ အိမ်ဟောင်း ကနေ ရွှေ့ပြောင်း ခဲ့ကြပါတယ်။ သမီးငယ်လေးနှစ်ယောက် မခံစားရလေအောင် အစ်မနှစ်ယောက် အကြောင်း မပြောဖို့ လင်မယားနှစ်ယောက်စလုံး ဆုံးဖြတ်ခဲ့ကြပါတယ်။

မိဘနှစ်ပါး က သေတ္တာဟောင်းတွေ ဖွင့်ချိန် မှာ အမြွှာလေးနှစ်ယောက်ဟာ သူတို့ အစ်မတွေ ရဲ့ ပစ္စည်းတွေ ကို မှတ်မိနေခဲ့ပြီး ဂီလီယံ က အရုပ်နှစ်ရုပ် ရဲ့နာမည် ကို သိနေခဲ့ကာ ဂျက်ခ်ကွီလိုင်း ရဲ့ အကြိုက်ဆုံး အရုပ် ကိုပါ ရွေးချယ်ခဲ့ပါတယ်။

အမြွှာလေးနှစ်ယောက်ဟာ မော်တော်ကားတွေ ကို အလွန်ပဲ ကြောက်ရွံ့ သူတွေဖြစ်ပြီး တစ်နေ့ မှာ နှစ်ယောက်သား ကားအက်ဆီးဒင့် အကြောင်း ဆွေးနွေးနေတာ ကို မိဘနှစ်ပါး က ကြားခဲ့ရပါတယ်။

"ကား၊ ကား။ ငါတို့ဆီလာနေပြီ" လို့ သူတို့အော်နေသံကို ဂျွန်ကြားလိုက်ရတာပါ။


Source & Photos : Life
http://www.duwun.com.mm/lifestyle/-id4865490.html

 

No comments:

Post a Comment