Monday, March 28, 2016

ကမ္ဘာ့ စစ်အင်အား အကြီးမားဆုံး နိုင်ငံ စာရင်းတွင် မြန်မာ အဆင့် ၂၉ ချိတ်


ကမ္ဘာ့ စစ်အင်အား အကြီးမားဆုံး နိုင်ငံတွေ ရဲ့ အဆင့် သတ်မှတ်ချက် ကို နောက်ဆုံးပြဖော်ပြထားတဲ့ စာရင်း အရ မြန်မာနိုင်ငံ က အဆင့် ၂၉ အထိ တိုးတက် လာတာ တွေ့ရပါတယ်။ ၂၀၁၅ ခုနှစ် က စစ်တမ်း မှာတော့ မြန်မာ့ တပ်မတော် က အဆင့် ၄၄ ရခဲ့ပြီး အခု အဆင့် ၂၉ အထိ တိုးတက်လာတာ ဖြစ်ပါတယ်။ 


 ကမ္ဘာ့ စစ်အင်အား အကြီးမားဆုံး နိုင်ငံတွေ စာရင်း မှာ မြန်မာ က အဆင့်-၂၉ အထိ တိုးတက် လာ တာကြောင့် ဥရောပနိုင်ငံတွေဖြစ်တဲ့ ဂရိ၊ ယူကရိန်း တို့ကို ကျော်တက် သွားပါတယ်။ စင်္ကာပူ နဲ့ မြန်မာ က အထက်အောက် ရပ်တည်လျှက် ရှိပြီး စင်္ကာပူ ရဲ့အပေါ် မှာ စပိန် ရှိပါတယ်။ 














လက်ရှိ အချိန်ထိ စစ်အင်အား အကြီးဆုံး နိုင်ငံ ကတော့ အမေရိကန်ဖြစ်နေဆဲပါ။ အမေရိကန်နောက်မှာ ဒုတိယ စစ်အင်အား အကြီးဆုံး နိုင်ငံအဖြစ် ရုရှား ရပ်တည်နေဆဲဖြစ်ပြီး တရုတ် စစ်အင်အား က တတိယ လိုက်ပါတယ်။ 





အရှေ့တောင် အာရှ နိုင်ငံတွေ ထဲမှာ စစ်အင်အား အကြီးဆုံး ကတော့ အင်ဒိုနီးရှားဖြစ်ပြီး သူ့နောက်မှာ ဗီယက်နမ် လိုက်ပါတယ်။ စစ်အင်အား အကြီးမားဆုံး နိုင်ငံ စာရင်းကို သတ်မှတ် ရာမှာ နျူကလီယား လက်နက် ပိုင်ဆိုင်မှု ကို ထည့်သွင်း တွက်ချက်ခြင်း မရှိပါဘူး။ 

 ပထဝီရေမြေ အနေအထား ကို အဓိက ထားပြီး တွက်ချက်ပါတယ်။ နိုင်ငံ ရဲ့ ဖွံ့ဖြိုး တိုးတက်မှု အနေအထား ကို လည်း ထည့်သွင်းတွက်ချက်ပါတယ်။ 




တစ်နိုင်ငံချင်းစီ ရဲ့ စုစုပေါင်း လက်နက် ပိုင်ဆိုင်မှု ကိုလည်း အဓိက ထားပြီး ထည့်သွင်း တွက်ချက်တာ မဟုတ်ပါဘူး။


Source : Global Fire Power
Photos : AP, 7Day Daily, တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး

No comments:

Post a Comment