Monday, March 28, 2016

ယူကေ နဲ့ ဥရောပ မှာ နေထိုင်ဖို့ စိတ်မချရဘူးလို့ ထရန့်ပြော




 ဘရပ်ဆဲလ် တိုက်ခိုက်မှု အပေါ် ခုလို မှတ်ချက်ပေးခဲ့ပါတယ်။ အမေရိကန် သမ္မတဖြစ်ရေး အားထုတ်နေတဲ့ ရီပါဘလစ်ကန် ပါတီ သမ္မတလောင်း ဒေါ်နယ်ထရန့် က ဗြိတိန် နဲ့ ဥရောပ ကို နေထိုင်ရန် မသင့်တော် တဲ့နေရာတွေ လို့ ပြောလိုက်ပြန်ပါတယ်။  လူပေါင်း ၃၀ ကျော် သေဆုံး ခဲ့တဲ့ ဘရပ်ဆဲလ်ဖြစ်ရပ် အပြီး မှာ ခုလို ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့ အင်္ဂါနေ့ က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ က Zaventeem လေဆိပ် မှာ ပေါက်ကွဲမှုနှစ်ခု ဖြစ် ပွား ခဲ့ပြီး Maalbeek Metro ဘူတာမှာလည်း ပေါက်ကွဲမှု တစ်ခု ထပ်မံဖြစ်ပွားခဲ့ တာကြောင့် တစ်နေ့တည်းမှာတင် လူ ၃၁ ဦး သေဆုံးပြီး ၃၆၀ ဒဏ်ရာ ရခဲ့ပါတယ်။ ဒဏ်ရာ ရသူတွေ အနက် ၆၂ ဦး ဟာ စိုးရိမ် ရတဲ့ အခြေ အနေ မှာ ရှိနေတယ်လို့လည်း သိရပါတယ်။



  Maalbeek Metro ဘူတာရုံအနီးတွင် သေဆုံးသူများအတွက် လွမ်းဆွတ်အောက်မေ့ဖွယ် ပန်းစည်းများ ချထားစဉ်


" ဘရပ်ဆဲလ်၊ အင်္ဂလန် နဲ့ ဥရောပ ကိုရော လုံခြုံစိတ်ချရတဲ့နေရာတွေလို့ ကျွန်တော် မထင်ဘူး။ ဥရောပ မှာလည်း ပြဿ         နာတွေ တစ်ပုံ တစ်ပင်ရှိနေတယ်။ 

အရမ်းအရမ်း ကို ပြင်းထန်တဲ့ ပြဿ         နာတွေပေါ့" လို့ ထရန့်  က ABC သတင်းဌာနကို ပြောကြားခဲ့တာပါ။ 


Source : Independent
 http://www.duwun.com.mm/news/-id4853562.html

No comments:

Post a Comment