Friday, March 11, 2016

နားအတွင်း ကို သန့်ရှင်း ဖို့ ၀ါဂွမ်း တံ ကို အသုံးပြုတာက ဆိုးဝါး တဲ့ အကြံဉာဏ်ဖြစ်ဟုဆို

 


နားမှာ အညစ် အကြေးတွေ ပိတ်ဆို့နေတဲ့ အခါ ၀ါဂွမ်းတံ ကို သုံးပြီး သန့်ရှင်း တတ်ကြပါတယ် ဒါပေမယ့် အဲဒီ အချက်က နား ကို ဆိုးဝါးစေပြီး အကြား အာရုံပြသနာတွေ ကို ဖြစ်ပေါ်စေပါတယ်။

နားကြပ်တံတွေ ကို နားထဲ ကို တည့်တဲ့ အခါ ထိပ်ဖူး က အညစ်အကြေးတွေ နဲ့ နားထဲက အဆီတွေကို နားပြွန်က တစ်ဆင့် နားစည်ထဲကို  ကျသွားစေပြီး နားစည်ကို ထိခိုက်စေပါတယ်။ နားထဲက အညစ် အကြေးတွေ များလာ တာက နားစည် ရဲ့အရေပြား ကို မတုန်ခါစေတော့ဘဲ အကြား အာရုံပြသနာတွေဖြစ် လာစေပါတယ်။

“ကျွန်တော်တို့ နားတွေ ကို ကိုယ်တိုင် သန့်ရှင်းဖို့ ဒါတွေ မလိုပါဘူး”လို့ Oxford University ဆေးရုံက တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။
 

လူနာ လမ်းညွှန် တစ်ခုမှာတော့ “အကယ် ၍ ၀ါဂွမ်းတံ ဒါမှ မဟုတ် တစ်ခြား အရာတွေက သင့် နားကို သန့်ရှင်းဖို့ သုံးတဲ့အခါ အဲဒါတွေ က နားရဲ့သဘာဝ အလျောက် သန့်ရှင်းတဲ့ စနစ်ကို ထိခိုက်စေပါတယ်။


" နားထဲက အရေပြား က ရွေ့လျား ခါးပတ် တစ်ခု လို လုပ်ဆောင်နေပါတယ်။ အဲဒီ အရေပြားက နားပြွန် ထဲ က အစအနတွေ အကုန်လုံး ကို နားစည် တစ်လျှောက် သယ်ဆောင် သွားတယ် နားပြွန် ထဲက အညစ် အကြေးတွေ ကို သန့်ရှင်းတဲ့ အခါ သင့် ကို တစ်သက်လုံး နား မကြားစေရုံ သာမက နားပြွန် ဒါမှမဟုတ် နားစည် ကိုပါ ပျက်စီးစေပါတယ်။ 


သယ်ပို့တဲ့ အရာက အလုပ် မလုပ်တဲ့အခါ နားမှာ အညစ်အကြေးတွေ စုပုံ လာတာကို တွေ့ရမှာ ဖြစ်ပြီး အကောင်းဆုံး ကတော့ ဆရာဝန်ဆီ သွားပြီး ရိုးရှင်း တဲ့ နည်းလမ်း နဲ့ နားတွေကို သန့်ရှင်းဖို့ပါ” လို့ဖော်ပြ ထားပါတယ်။


(Beauty Syh)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror

 http://health.thithtoolwin.com/2016/03/blog-post_7.html

No comments:

Post a Comment