Sunday, March 27, 2016

ဇော (၇) ကြိမ် အကျိုးပေးပုံ


 



ဖတ်ဖြစ်အောင် ဖတ်ပါ

အားလုံးသောယောဂီ သူတော်စင် အပေါင်းနှင့် သံသရာဆွေတော် မျိုးတော် ညီအကိုမောင်နှမ အပေါင်းတို့
မိမိတို့ အကုသိုလ်စိတ် တစ်စိတ်ပေါ်တိုင်း ပေါ်တိုင်း ဇော(၇) ကြိမ်ပေါ်ရတယ် ဆိုတာမှတ်ထားပါ ။


ဒီ အကုသိုလ် စိတ်တွေဟာ မိမိ ရဲ့ပစ္စုပ္ပန် နဲ့သံသရာ နှစ်ဖြာ အကျိုးကို များစွာသော ဝဋ် ဒုက္ခဘေး များ အဖြစ် ချက်ချင်း လက်ငင်း အကျိုးပေးပါတယ် ။  ခုလို ဆုတ်ခေတ် ကာလမှာ ဆို ဒိဋ္ဌဓမ္မဝေဒနိယကံ အဖြစ်နဲ့ ချက်ချင်း ဘဝ မကူးနောက်ဘဝမှ မဟုတ်ပဲ ဒီဘက် ဘဝ မှာတင် အကျိုးပေးပါတယ် ။

ဇော(၇) ကြိမ်ဘယ်လိုပေါ်ပါလိမ့်မတုန်း ဆိုတော့........................
လောဘစိတ် ပဲဖြစ်ဖြစ်
ဒေါသစိတ် ပဲဖြစ်ဖြစ်
မောဟစိတ် ပဲဖြစ်ဖြစ်
ဝိစိကိစ္စာစိတ် ပဲဖြစ်ဖြစ်
ပျံ့လွင့်စိတ် ပဲဖြစ်ဖြစ်
သူတစ်ပါး အသက် သတ်ချင်တဲ့စိတ် ပဲဖြစ်ဖြစ်
သူတစ်ပါး လည်လှီး သတ်တဲ့ စိတ် ပဲဖြစ်ဖြစ်
သူတစ်ပါးဥစ္စာ ငါ့ဟာဖြစ်စေလိုတဲ့ စိတ်ဖြစ်ဖြစ်
သူတစ်ပါး သားမယား လင် သမီးပျိုစော်ကား စိတ်ပဲ ဖြစ်ဖြစ် စသည် အားဖြင့်ပေါ့ မိမိတို့ ရင်ထဲက
အကုသိုလ် စိတ် တစ်စိတ်ပေါ်တိုင်းပေါ်တိုင်း ဇောခုနစ်ကြိမ်ဖြစ်ပါတယ် ။


မကောင်းတဲ့စိတ်ပေါ်ပေါ် ကောင်းတဲ့ ကုသိုလ်စိတ်ပေါ်ပေါ် ဝိပဿ       နာဖြစ်ပျက်မြင်တဲ့ မဂ် ပဲပေါ်ပေါ်ပါ ။
စိတ် တစ်ချက်ပေါ်တိုင်း မှာ ဇောခုနစ်ကြိမ် ပါပြီးသားလို့ မှတ်ပါ ။


မိမိတို့ အကုသိုလ် တစ်ခါပြုရင် ဇောခုနစ်ကြိမ်တောင်  ဖြစ်ပါပေါ့လား လို့ သိကြပါ ။ ဒါဆို သဘောပေါက်လောက်ရောပေါ့ ။


အကျိုးပေးကို ရှင်းပြပေးမယ်
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ပထမ အကုသိုလ်စိတ် ကလေးထဲမှာ  စေတနာလဲ ပါတယ် လုပ်ချင်တဲ့စိတ်ကလေးပါတယ် ။ ဒါကြောင့် လုပ်ဖြစ်အောင်လုပ်တယ် ဒီ ထဲမှာပါတဲ့စေတနာ က ဒီဘဝ အကျိုးပေးရမယ်လို့ မှတ်ထားပါ ။





ဒီဘဝ ဘယ်အချိန်က စလို့ အကျိုးပေးမလဲ လို့မေးလာ ရင်ဖြင့် မိမိ အကုသိုလ်စိတ်ပေါ်တဲ့အချိန်က စပြီး
ခုပေါ်ရင် ခုချိန်က စပြီး ...  ခုနစ်ရက် အတွင်း..ခုနစ်လ အတွင်း .... ခုနစ်နှစ် အတွင်း .....  အကျိုးပေးနိုင် စွမ်းတဲ့ သူ့ စွမ်းရည် သတ္တိ အကျိုးပေးပုံ ကို ကန့်သတ်တဲ့ရက်လို့ သဘောကျ နားလည်ကြပါ ။


ဒါကြောင့် ဘုရား ရဟန္တာ အရိယာ သူတော်ကောင်းကြီးတွေ က မွေးကတည်းက စိတ် နဲ့နေ ပုထုဇဉ် အန္ဓ ၊
ပုထုဇဉ် ဗာလ ၊ တွေကို အလွန် သနားတော်မူကြတာပေါ့ ။


အမေမွေး အဖေမွေး သာမန်သာမည စိတ် ကလေးနဲ့နေ ဒီ စိတ်နဲ့သာသေ ဒီဘက်ခေတ်မှာ ဆို သဲအင်း ဆရာတော်ကြီး က နတ်ဂတိ လူ့ကတိ မှာ ဆယ်သိန်းသေလို့ တစ်ယောက်သုဂတိဘုံပြန်တယ် လို့ မမြင်ဘူး ဆိုပြီး ရဲရဲကြီး မိန့်ထားတာပေါ့ ။





ဘာလို့လဲဆိုတော့ဇော ( ၇ ) ကြိမ်ထဲက ပထမဇော က ဦးဆုံး ပထမ ဒီဘဝ ချက်ချင်း အကျိုးပေးရတာ ဆိုတော့ သူတော်ကောင်းကြီးတွေ .... အကုန်အစင် သိမြင်တော် မူတဲ့ဘုရားရှင်  တို့က ဟောနိုင်ပြောနိုင်  တာပေါ့ ။

မိမိတို့ ကုသိုလ်ဇော ပြုတဲ့အချိန် ဝိပဿ        နာဖြစ်ပျက်မြင်အောင် အားထုတ်နိုင်ကြတဲ့ ဇောအကြိမ်နဲ့
အကုသိုလ် စိတ် နဲ့နေကြတဲ့ဇော အကြိမ် အဘယ်ကများလဲ  ဖြေကြည့်ပါလား ....
တစ်ခဏ တစ်အောင့်လောက် စဉ်းစားပြီးတော့ပေါ့ ။
 

အဖြေက ရှင်းပါတယ်....
တစ်နေကုန်အောင် ကုသိုလ်စိတ် နဲ့မနေနိုင် ပါဘူးပေါ့ တစ်နေကုန်အောင်ဖြစ်ပျက် မဂ် ကိုက်အောင် မပေါ်ဘူး ပါဘူး ဆိုတဲ့အဖြေပဲ ထွက်လာ ကြပါလိမ့်မယ် ။

ဒါပေမယ့်ဖြစ်ပျက် မဂ် ကိုက်နေအောင်ပေါ်တဲ့ ဇောများများ ပေါ်လေလေ ထိုသူ အတွက်တော့
စိတ်အေး ရပြီမှတ်ကြပါ ။


လူ အတော်များများ ကိုပြန်ကြည့်ကြပါ တစ်ကမ္ဘာလုံးပေါ့ ။   ဝိပဿ        နာဖြစ်ပျက်မြင် စိတ် နဲ့နေ တဲ့သူနဲ့
အကုသိုလ်စိတ် နဲ့နေတဲ့သူ အဘယ်သူက များ သလဲပေါ့ ။






ဘုရားလက်မ လက်သည်းပေါ်က မြေမှုန့် နဲ့ ဟောဒီ ကမ္ဘာမြေထုလောက် ကွာဟနေမှာ အမှန်ပါ ။
ဒါလောက် သဘောပေါက်ကြရင်ဖြင့် တို့ ဘုရားရှင် ရဲ့ဉာဏ်တော်ကို အလွန် အတိုင်းထက် အလွန်ကြည် ညိုစိတ်ဖြစ်နေမှာ တစ်ကယ်ပါ ။


နီပေါလို နိုင်ငံကြီး မကြာသေးသော ကာလ မှာ ယစ်နတ် ပူဇော်ကြတာကို ပမာ ပုံပြု လို့ပဲ
ဥပမာ  ... ပေးပါရစေ

ဒါ  မဝေသေးသော ကာလတစ်ခု ရဲ့သက်သေ တစ်ခုပါ ..  ဒီအပြုတွေ အမူအကျင့်တွေ လုပ်ကြတဲ့
မြို့ ရွာဒေသ တိုင်းပြည် များမှာ အမြဲ 

ကပ်ဘေး    
သေခြင်းဆိုးဘေး 
ရန်သူမျိုး ငါးပါးဘေး 
သဘာဝဘေး 
စစ်ဘေး 
လူအချင်းချင်း အသေခံ သတ်ဖြတ်တဲ့ဘေး 
လူကို လူလို့ မမြင်ကြတော့ ပဲ သားကောင် လို့မြင် လာကြ တဲ့ဘေး
အနာရောဂါဆန်းကြီး နဲ့ကြုံကြရတဲ့ဘေး ..........စသည် စသည့် ဘေးဆိုးကြီး အကုသိုလ်စိတ် အကျိုးပေးကြီးတွေ ကို မျက်ဝါး ထင်ထင် မမြင်ချင်  မကြားချင်မှ အဆုံး နေ့စဉ် လိုလို လစဉ် လိုလို နှစ်စဉ် လိုလို ကြားနေကြရတာတွေ ဟာ ဒါ ဘယ်သူ့ လက်ချက်လဲ လို့ မမေးကြပါနဲ့ ။


မေးလာရင်လဲ အဖြေက ရှိနှင့်ပြီးသားပါ ဒီ ကမ္ဘာပေါ်မှာ ရှိသမျှ လူသားအားလုံး တို့ရဲ့ အကုသိုလ်စိတ် တို့ရဲ့
ပထမဇောတွေ ပါပဲ ။


ဒီ အကုသိုလ် ပထမဇော ဟာ ယခု လက်ရှိ လက်တွေ့ ဘဝမှာ လက်ငင်း အကျိုးပေးတာ ခံကြ ရ တယ်နော် ။  လူကပ်တွေပြောချင်စရာတွေတော့ ရှိတယ် ။ ဒို့ ဒီဘဝကောင်းအောင် ဒီလောက်နေနေတာ ဘာလို့ အသေ ဆိုးနဲ့သေကြရတာလဲ မေးဖို့မကောင်းလား ။

ဒီဇော ၇ ကြိမ် တရားသာ သဘောတွေ့ နားလည်နေရင် ဒီမေးခွန်းတွေ ရပ်သွားပါ လိမ့်မယ် ။

ပထမဇော က ခုဘဝ ချက်ချင်း
ခုနစ်ရက် အတွင်း
ခုနစ်လ အတွင်း
ခုနစ်နှစ် အတွင်းမှာ အကျိုးပေးမယ်လို့ မှတ်ထားပါ ။


သတ္တမဇော က ခုဘဝပြီး
ဒုတိယ ဘဝ ကနေ စပြီး အကျိုးပေး ခံစားရမယ် ။ လို့ နားလည်ထားကြပါ ။


အလယ်ဇော ငါးချက် ကတော့
တတိယ ဘဝ ကနေ စပြီး ဘုရား ရဟန္တာဖြစ်တဲ့နောက်ဆုံး ဘဝ အထိ အရိပ်ပမာ ထပ်ကြပ် မခွါ
ဝဋ်ကြွေး ကံ လို့ သာ မှတ်ပါ ။  နောက်ဆုံး ဘဝထိအောင် ဆပ်ပြီးမှ သေပေးရတဲ့ကံပါ ။


ဒါ လူတိုင်း မလွတ်နိုင်တဲ့ ကံ ရှောင်ပုန်း မရတဲ့ကဲတွေ ပါ ဒါဆို ခု ဒီဘဝ မှာကောင်းအောင်နေပြီး အသေ ဆိုးနဲ့သေ လည်လှီး ခံရပြီးသေနေကြတွေ မီးလောင် ခံပြီးသေနေကြတာတွေ ကိုယ်ကိုယ် ကို သေကြောင်းကြံပြီး သေနေကြတာတွေ အစုလိုက် အပြုံလိုက်သေနေကြတာတွေ ...
စတဲ့အသေဆိုး နဲ့သေနေကြတာတွေဟာ မိမိတို့ရဲ့ အတိတ်အတိတ် က အကုသိုလ်ဇောတွေဖြစ်တဲ့
သတ္တမဇော နဲ့အလယ်ဇောငါးချက် လို့သာ မှတ်ကြပါတော့ ။


ဒါဖြင့် ယခု ဘဝမှာ အမျိုးမျိုး အဖုံဖုံသောရောဂါတွေကြောက်ကြရ ကပ်ဘေးတွေ အမျိုးမျိုးကြောက်ကြရ
စစ်ဘေးတွေ
သူခိုးဘေးတွေ
ဓါးပြဘေးတွေ
သူပုန်ဘေးတွေ
မင်းအမှုထမ်းယုတ်ဘေးတွေ
လူမျိုးယုတ်ဘေးတွေ  ..... အဖုံဖုံကြောက်မနေကြရဘူးလား ...


 အေးးးးးး ဒါ တစ်ခြား မတွေးနဲ့  .. ဒါ မိမိတို့ ရဲ့ ဘဝ ဘဝတွေ များစွာကပြုခဲ့တဲ့ လုပ်ခဲ့ကြတဲ့အကုသိုလ်ဇောတွေ အကျိုးပေးဖို့ ကိုယ်နောက်က ကိုယ့်နားကို ကပ်ပါလာတယ် ။

အကျိုးပေးတော့မယ် ဆိုတာ ကြပ်ကြပ် သတိထားကြပါ ။  ဒီဘေးဆိုတာမျိုးဟာ မိမိတို့ နောက်ဆုံး ဘဝထိ အကျိုးပေးဖို့ စောင့်နေဦးမယ် ဆိုတာ မှတ်ထားကြပါ ။


ဒီဘေးက လွတ်ချင်တယ် ဆို ဝိပဿ         နာ အလုပ် သန်သန် ထွားထွားကြီး လုပ်ကြပါ ။ ဖြစ်ပျက် ရှုပါ ရှုပါ မှာနေတာ ဒါကသာ မိမိတို့ကို ဒီ သံသရာဘေး ကပ်ဘေး ခန္ဓဝဋ် ဒုက္ခဘေးကြီးမှ လွတ်ကင်းကြပြီး သကာလ
မသေရာမြဲနေ နိဗ္ဗာန် ကို ရောက်ကြမှာ ဧကန်မလွဲပါ ။


ဒါကြောင့် မိမိတို့ အားကိုးရာ အစစ်သည် ဝိပဿ          နာမဂ် ဖြစ်ပျက်မြင်တဲ့မဂ် သာ အားကိုးရာ ဟု
တိုက် တွန်းပါရစေ။


မိမိတို့ စိတ်ကြောင့် မိမိတို့ ကပ်ဘေး ဆိုက်ကြရပုံပါ ။
အကုသိုလ်ဇောကြောင့် ကပ်ဆိုက်ကြရပုံ ။

မိုးကုတ် ဆရာတော်ကြီး တရားတော်မှ.......................


 အောင်မျိုးလွင်
 သတင်းချစ်သူ - ဝေဟင်

No comments:

Post a Comment