Sunday, March 27, 2016

ငါလည်း လူထွက်မယ် တဲ့

Kyaw Swar's photo.


အခု အချိန် ဟာ ဗုဒ္ဓ သာသနာတော်မြတ်ကြီး အတွက် အင်မတန်မှ အရေးကြီးလှတဲ့ အချိန်ဖြစ်တယ် ။
သာသနာတော် အတွက် ကြိုးစား ပန်းစား ကာကွယ် နေရတဲ့ အချိ န်မှာ တစ်ချို့ က ဗုဒ္ဓ တရားတော် အတိုင်းသာ ကျင့်ကြံနေထိုင်ရင် ဘာမှ စိုးရိမ်စရာ မလိုဘူး ဆိုသူတွေကလည်း များပြားလှပါတယ် ။

တစ်ခါ တစ်ရံ မှာ အမှန်အမှား ထက် အင်အားကြီး သူက အနိုင်ရ သွားတတ်တယ် ဆိုတာကို သတိ ထားကြစေချင်ပါတယ် ။

အိန္ဒိယ မှာ ဘာ့ကြောင့် သာသနာ ကွယ်သလဲ အင်ဒိုနီးရှားနိုင်ငံ စတင် ထူထောင်စ က အစ္စလာမ် ဘာသာဝင် လေးအိမ်ပဲ ရှိပါတယ် ။ အာဖဂန်နစ္စတန် တို့  ပါကစ္စတန် တို့ ဆိုတာ တစ်ချိန် က ဗုဒ္ဓကျောင်းတော်ကြီးတွေ တည်ရှိ ခဲ့တဲ့ နေရာကြီးတွေပါ ။

အခု ဘူးသီးတောင်မောင်းတော ထိုင်းနိုင်ငံတောင်ပိုင်းတွေမှာ ကလည်း တွေ့ ကြုမြင်ကြတဲ့ အတိုင်းပါပဲ ။
ဗုဒ္ဓ သာသနာတော် အတိုင်း ကျင့်ကြံနေထိုင်ရင် ဘာမှ မဖြစ်ဘူး ဆိုတာက သာသနာတော် အတွက်
စိတ်အေးရတဲ့ အချိန် ကိုပြောတာပါ ။



သမ္မာဒိဋ္ဌိ အင်အား များပြီး မိစ္ဆာဒိဋ္ဌိ အင်အား နည်းနေတဲ့ အချိန် ကိုပြောတာပါ ။ အခုက ခရစ်ယာမ် က သန်း ၁၆၀၀ ကျော် ၊ အစ္စလာမ် က ၁၄၀၀ ကျော် ၊ ဗုဒ္ဓ ဘာသာက သန်း ၆၀၀ ကျော် ရှိပေမဲ့ တစ်ကယ့်ထေရဝါဒ စစ်စစ် က သန်း ၁၇၀ ကျော်ပဲ ရှိတယ် ။




ဒီကြားထဲ နိုင်ငံရေး အခြေအနေကြောင့် ပဋိပက္ခဖြစ်ပြီး ဗုဒ္ဓဘာသာ အချင်းချင်း သွေးကွဲ နေတဲ့အချိန်
နယ်ချဲ့ လာတဲ့ ဘာသာခြား အန္တရယ် ကို ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ စဉ်းစား ။ ဒီလို အင်အား ကွာပုံ မျိုးနဲ့ ကတော့ ရေရှည် မခံနိုင်မှာ သေချာပါတယ် ။ 

ဒုဋ္ဌဂါမဏိ မင်း လက်ထက် က ကျည်း ကုလား အန္တရယ်ကြောင့် သာသနာ ကွယ်မဲ့ အချိန်မှာ တောထဲမှာ တရား အားထုတ်နေတဲ့ အဘယ မထေရ် ကြီး ဆီကို မင်းကြီးက လာရောက်ပြီး ... 

အရှင်ဘုရား သာသနာတော်မြတ်ကြီး အတွက် စိုးရိမ် စရာ အခြေအနေဖြစ်နေပြီး အရှင်ဘုရား  အေးအေး ချမ်းချမ်း တရား ရှာနိုင်မှာ မဟုတ်တော့ဘူး ဆိုတော့ အဘယမထေရ် က ဒါဆို ငါလည်း လူထွက်ပြီး တိုက် မယ် လို့ ပြောပြီး  ရှေ့တန်း ကနေ ကျည်းကုလား တွေကို တိုက်ထုတ် ခဲ့တယ် ။

 အဘယ စစ်သူကြီး ဆိုပြီး ထင်ရှားခဲ့တယ် ။ သာသနာတော် အတွက် စိတ်အေးရပြီ ဆိုမှ ရဟန်းပြန် ဝတ်ပြီး အရဟတ္တဖိုလ် ကို အရ ယူခဲ့တယ် ။

တစ်ကယ်တော့ သာသနာတော် ကွယ်ရင် အကုန် အပါယ် ဆင်းကြရတော့မယ် ။ လေးသင်္ချေ ကမ္ဘာ တစ်သိန်း ပါရမီဖြည့်ကျင့် ခဲ့ရတဲ့ ဘုရားရှင်သာသနာတော်ဟာ ဘယ်လောက်ထိ တန်ဘိုးကြီးလည်း ဆိုတာ ဗုဒ္ဓ ဘာသာဝင်တွေ သိပါတယ် ။

ဘုရားရှင်ရဲ့ တရား အတိုင်း အေးအေးချမ်းချမ်း တရား ရှာနိုင်ဖို့ ဆိုတာ သာသနာတော် ရှိမှာ ဖြစ်မှာပါ။
တစ်ခါ တစ်ရံ အမှန် တရားဟာ အင်အားကြီး သူတွေအောက်မှာ ပျောက်ကွယ် သွားတတ်ပါတယ် ။

ဗုဒ္ဓဘာသာဝင် များ စည်းလုံးကြဖို့  အချိန်တန်ပြီ လို့  သတိပေးပါရစေ ။

ဦးမြင့်ခိုင်(စိတ်ပညာ)
Kyaw Swar

No comments:

Post a Comment