Thursday, March 31, 2016

အင်္ဂလန်နိုင်ငံ တွင် ၃၁ နှစ်ကြာ ဆောက်လုပ်လျက် ရှိသော တစ္ဆေ အိမ်ကြီး ဆက်လက် ဆောက်လုပ်နေဆဲဖြစ်




အင်္ဂလန်နိုင်ငံ၊ ဆပ်ဆက်ပြည်နယ် တွင် ဆပ်ဆက် တစ္ဆေအိမ် ဟု အမည်ပေး ထားသော နေ အိမ်ကြီး ကို ဆောက်လုပ်လျက် ရှိသည် မှာ ၃၁ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင်ပြီးဆုံးခြင်း မရှိသေးဘဲ ဆက် လက်ဆောက်လုပ်လျက် ရှိကြောင်း အင်္ဂလန် အခြေစိုက် သတင်း မီဒီယာများ တွင် ဖော်ပြသည်။

အဆိုပါနေအိမ်ကြီး ကို ဆောက်လုပ်သူမှာ နီကိုလပ်စ် ဘန်ဟော့ခ်ျစထရာတန် ဆိုသူဖြစ်ပြီး ၁၉၈၅ ခုနှစ်မှ စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။


ဇင်ဘာဘွေနိုင်ငံ တွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် အင်္ဂလန် မှ ထွက်ခွာသွားပြီးနောက်ပိုင်း အဆို ပါနေအိမ်ဆောက်လုပ်မှု များ ရပ်ဆိုင်းထားခဲ့သည်။

ဒေသခံ တို့က ပြောကြား ရာတွင် အဆိုပါ တစ္ဆေအိမ်ကြီး ဆောက်လုပ်မှုများ ရပ်ဆိုင်းထားသည် မှာ နှစ် အတန်ကြာပြီဖြစ်ကြောင်းနှင့် လူသူ ကင်းမဲ့လျက် ရှိကြောင်း ပြောကြားသည်။



 
ဗန်ဟော့ခ်ျစထရာတန် သည် အသက် ၂၃ နှစ် အရွယ်တွင် အိမ်ခြံမြေ လုပ်ငန်း စတင် လုပ်ကိုင် ခဲ့ပြီး နေ အိမ်ပေါင်း ၃၀၀ ကျော် ရှိပြီဖြစ်ကာ ဗြိတိန် ၏ အသက် အငယ်ဆုံး သန်းကြွယ် သူဌေးဖြစ်လာခဲ့သည်။
 

နောက်ပိုင်း တွင် သူသည် နေအိမ် အများစုကို ရောင်းချကာ ဇင်ဘာဘွေနှင့် နိုင်ဂျီးရီးယား တို့တွင် အခြား လုပ်ငန်းများ သွားရောက် လုပ်ကိုင်သည်။


ဤ တစ္ဆေအိမ်ကြီး ကို ဗန်ဟော့ခ်ျစထရာတန် ဆက်လက် ပိုင်ဆိုင်သေးခြင်း  ရှိ၊ မရှိ  ကိုမူ မသိရသေးချေ။


Phothutaw
http://www.myanmarlatestnews.com/archives/109297
 

No comments:

Post a Comment