Tuesday, March 22, 2016

နား သန့်စင်တဲ့ အခါ လုံးဝ မလုပ်သင့်တဲ့ အချက် (၁) ချက်



 



နားစည် က နူးညံ့ပါးလွှာ လွန်းတာကြောင့် ဂွမ်းဖတ် နဲ့ ညင်သာစွာ သန့်စင်ပေးသည့် တိုင် နားကို ထိခိုက်စေနိုင် ပါတယ်။ ဖြစ်လာပြီ ဆိုရင် အင်မတန် နာကျင် ကိုက်ခဲပြီး အရည်ကြည်တွေ ထွက်လာပါလိမ့် တယ်။ အဲဒါက အကြားအာရုံ ကို အမြဲ ချို့ယွင်းမှု ဖြစ်စေတတ်ပါတယ်။

ဒီ ထိတ်လန့်စရာ ဖော်ပြရေးသားချက် က မိမိ ရဲ့ နားသန့်စင်တတ် တဲ့ အကျင့်ဖျောက်ဖို့ မလုံလောက်ပါက "နား အတွင်းပိုင်း သန့်စင် စရာမလို" ဆိုတဲ့ အချက် ကို နှလုံးသွင်းပါ။ အလေး အနက်ပြောတာပါ။ 


နားပြွန် ဟာ ရေချိုးတဲ့ အခါ အလို အလျောက် သန့်ရှင်း သွားပြီး အိပ်စက်နေစဉ် နားဖားစေးတွေ နားရွက် အတွင်းပိုင်း မှ ထွက်ကျပါတယ်။ ပင်ကို အားဖြင့် ခန္ဓာကိုယ် မှ နားကို သန့်စင်ပေးပါတယ်။




နားဖာ ချေးတွေကြောင့် စိတ် အနှောက်အယှက်ဖြစ်ပါက ဘက်တီးရီးယား ပိုးသတ် ရာမှာ သုံးတဲ့ ဟိုက်ဒရိုဂျင် ပါအောက်ဆိုက် အရည် peroxide နဲ့ ရေ ရောပြီး နားရွက်ထဲ လောင်းထည့်ခြင်းဖြင့် ပြသနာ ကို ကိုယ့် ဘာသာ ဖြေရှင်းနိုင် ပါတယ်။

မိမိ ရဲ့ နား သန့်စင်တဲ့ အလေ့အကျင့် ကို စိတ်မချ ပါက နားပေါက်ထဲ ဘာမှ ထိုးမထည့် ပါနဲ့။ ရှင်းရှင်းလေး ပါပဲ။

 



Credit: Trend Myanmar
 World Myanmar

No comments:

Post a Comment