Thursday, March 10, 2016

Heat Stroke ကို သတိထား

 Jess Parrow's photo.



 လွန်ခဲ့သော ရက်ပိုင်း အတွင်း မှာ အသက် ၂၃ နှစ် အရွယ် လူငယ် တစ်ဦး နေပူပြင်းချိန် တွင် အပြင်မှပြန် လာပြီး ရေခဲသေတ္တာ ထဲက ရေသန့်ဗူး ကို ယူသောက် မိပါတယ်တဲ့ ။

ခဏ အကြာမှာပဲ နုတ်ခမ်းတွေပြာနှမ်း လာပြီး စကားမေးမရ ဖြစ်လာတဲ့ အတွက်ဆေးရုံကို ပို့ဆောင်နေစဉ် မှာပဲသေဆုံး သွား ခဲ့ပါတယ် ။


သူသောက်ခဲ့တဲ့ရေကို စစ်ကြည့်တော့လဲ ရိုးရိုးရေပါပဲ၊ အလောင်း ကို ခွဲစိပ် စစ်ဆေးကြည့်တဲ့ အခါမှာတော့ ဦးနှောက်သွေးကြောပြတ် ပြီးသေဆုံးကြောင်း ဆရာဝန်ကြီးတွေက အတည်ပြု ခဲ့ပါတယ် ။

အခုလို ပူပြင်းတဲ့ ရာသီကိုရောက်တဲ့ အခါမှာ ပြင်းထန်တဲ့နေပူဒဏ် ဟာ အရေပြား ကနေ တစ်ဆင့် ခန္ဓာကိုယ် သွေးကြော ထဲကိုရောက်ရှိ သွားပြီး၊ အပူ အအေး ဆန့််ကျင်ဘက် ဖြစ်စဉ်ပြင်းပြင်း ထန်ထန်ဖြစ်ပေါ် လာတတ် ပါတယ် ။

နေပူထဲက နေ အအေးထဲကို ရုတ်ချည်း ၀င်ရောက်ခြင်း၊ ရေအေးသောက်ခြင်း၊ ရေချိုးခြင်း ၊ အအေးခန်းတွင်း ကနေ ရုတ်တရက် ပူပြင်းတဲ့နေရောင် ထဲကို ထွက်ခြင်းတွေကြောင့် လူ့ ခန္ဓာကိုယ်မှာ အပူ အအေး ရုတ်တရက်ပြင်းထန်စွာပြောင်းလဲမှုဖြစ်စဉ်ဖြစ်ပေါ် ပြီး Heat Stroke မြန်မာ လို ( အပူရှပ်ခြင်း ) ဖြစ်ပေါ်ပါ တယ်။


 
Heat Stroke ဖြစ်ပြီ ဆိုရင် အပူအအေး ရုတ်ချည်းပြောင်းလဲ တဲ့ အတွက် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ သွေးကြောတွေ ဟာ ပူလို့ ကျယ် တဲ့ ဒဏ် ၊အေးလို့ကျုံ့တဲ့ ဒဏ်တွေကြောင့် သွေးစိးကြောင်း
အကျဉ်း အကျယ်ဖြစ်တဲ့ ဒဏ်ကို မခံနိုင်တော့ပဲ သွေးကြောကြီးတွေ ဆို အက်ကွဲ လာပြီး၊ သွေးကြော ငယ်လေးတွေ ဆိုပြတ်ထွက် တာတွေ ဖြစ်နိုင်ပါတယ် ။


အသက်ကြီးတဲ့ သူတွေ ရဲ့ သွေးကြောတွေ ဟာ ဟောင်းနွမ်းပြီး မာဆတ်နေပြီဖြစ်တဲ့ အတွက် ပလတ်စတစ် ပိုက်တွေ ဟောင်းနွမ်းလာတဲ့ အခါ မာကျွတ် လာသလို ကွဲလွယ်ပေါက်လွယ်ဖြစ် လာတာကြောင့် အသက် ကြီးတဲ့ လူတွေမှာ ပိုဖြစ်လွယ်ပါတယ် ။

 

Jess Parrow's photo.


အထူးသဖြင့် အသက် ၅၀ ကျော် လူကြီးတွေ၊ သွေးတိုးရောဂါ သမား တွေ အထူး သတိထားသင့်ပါတယ် ။
လူကြီး ပဲဖြစ်ဖြစ် လူငယ် ပဲဖြစ်ဖြစ် Heat Stroke ဖြစ်ပြီဆို သတိလစ်တာ၊ အဖျားကြီးပြီး တက်တာ၊ ဖျားပြီး ဦးနှောက် အမြေးရောင်တာ၊ အူတွင်းသွေး ကြောတွေ၊ ဦးနှောက်သွေးကြောတွေပေါက်ထွက် တာတွေဖြစ်ပြီး
အသက် ဆုံးရှုံးနိုင် ပါတယ် ။


Heat Stroke မဖြစ်အောင် ဒါတွေကိုရှောင်ရပါမယ်တဲ့-....
 

(၁) နေပြင်းချိန် အပြင် မထွက်ပါနှင့်၊ မလွဲသာလို့ထွက်ရမယ် ဆိုရင်လည်း အဆောင်း၊ အကာ၊ ထီး၊ ဦးထုပ် ပါရမည်။
 

(၂) စောင့်ဆိုင်းရသော အလုပ်ဖြစ်လျင် သစ်ပင် အရိပ်၊ အမိုးအကာ အောက်မှ စောင့်ပါ။
 

(၃) ရေသောက်လျင် ရိုးရိုးရေသောက်ပါ ။ရေခဲရေ မသောက်ပါနှင့်။
 

(၄) အဲကွန်းကား စီးပြီး ၊နေပူရှိန်ပြင်းသောနေရာတွင် ဆင်းရမည် ဆိုလျင် မဆင်းမီ ကကြိုတင်ရေသောက် ထားပါ ။ အစာအိမ် အတွင်းရေရှိ လျင် သွေးကြောများ က ရေကို စုပ်ယူထား သဖြင့်သာမန် အပူဒဏ်ကို
ခံနိုင်ရည်ရှိသည်။
 

(၅) နေပူထဲမှ လာပြီး ခန္ဓာကိုယ် မအေးမီ ချက်ခြင်းရေမချိုး ပါနှင့်၊ မျက်နှာ မသစ် ပါနှင့်၊ခြေထောက် မဆေး ပါနှင့်။
 

(၆) ပူစပ်တဲ့ အစာ စားရင် ကိုယ်အပူရှိန် တက်တတ်ပြီး၊ ပူပြင်း တဲ့နေ့လည်နှင့် ညနေစောင်းတွေမှာ အရက်သေစာ မသောက် စားသင့်ပါ။
 

(၇) ရေနွေးကြမ်း မှာ ဆားလှော် အနည်းငယ် ခပ်သောက်တာဟာ ရှေးလူကြီးများ ၏ အပူဒဏ် ကာကွယ်နည်း တစ်မျိုးဖြစ်တဲ့ အတွက် ကျင့်သုံးသင့်ပါတယ်။

ယခုနှစ် မှာ အယ်နီညို  ရာသီဥတုကြောင့်မြန်မာနိုင်ငံ ဟာ အပြင်းထန်ဆုံး အပူချိန် ကို ခံစားရမှာဖြစ်တဲ့ အကြောင်း မိုးလေ၀သပညာရှင်တွေ က ခန့် မှန်းထားကြ သလိုပဲ ပူပြင်းလွန်း တာကြောင့် မီလောင်မှုတွေ ကို ဆက် တိုက်ကြုံတွေ့နေကြရပါပြီ။ 

အပူဒဏ်ဟာ မီးလောင်မှု အပြင် Heat Stroke ကိုပါဖြစ်စေနိုင်ပြီး အသက် အန္ဒရာယ်ကို ပါ ထိခိုက်နိုင် တာကြောင့် လုပ်ရိုး လုပ်စဉ် အလုပ်တွေကို ပုံမှန် ရာသီဥတုမှာ လို ပေါ့ပေါ့ ဆဆ သွားလာ နေထိုင် လုပ် ကိုင်နေရုံ နဲ့ မလုံလောက်ပါကြောင်းနှင့် Heat Stroke မဖြစ် အောင် သတိထားပြီးနေ ထိုင် သွား လာ သင့် ပါကြောင်း နိုးဆော် တင်ပြ လိုက်ပါတယ် ခင်ဗျား။


မှီငြမ်းကိုးကား;
၅-၃-၂၀၁၆ နေ့ထုတ်ကြေးမုံ သတင်းစာ ပါ ဆောင်းပါးရှင် ကြည်လွင်မြင့် (မုဒြာ) ၏
Heat Stroke ရောက်လာပြီ ဆောင်းပါး


Jess Parrow

No comments:

Post a Comment