Friday, April 1, 2016

နက္ခတ် တွေ မေးနေတဲ့ သူတွေ အတွက်ပါ



 

 မြန်မာ မွေးသက္ကရာဇ် ကို (၃) နဲ့စားပါ။

(၁)-ကြွင်းရင်- နတ်နက္ခတ်။
(၂)-ကြွင်းရင်-လူနက္ခတ်။
(၀)-ကြွင်းရင်- ဘီလူးနက္ခတ်။

 


နက္ခတ် နဲ့ စရိုက် ။

နတ် နက္ခတ်။
နတ် နက္ခတ်မွေးဖွားတဲ့ လူတွေဟာ တဲ့ နှလုံးသား နူးညံ့ပျောပျောင်းတယ်။ သူတို့ က အချော့ကြိုက်တယ်။ အလှ အပ အနု အရွလေးတွေကို မြတ်နိုး တတ်တယ်။ ညင်ညင် သာသာ ဆက်ဆံ တာကို ကြိုက်တယ်။ သူတို့ကို သွားပြီး ကြမ်းလို့ မရဘူး။ 


တိုးတိတ် ညင်သာစွာ ဆက်ဆံ တာကို လိုချင်တယ် ဆိုတော့ သင် စဉ်းစားရမှာ က သင် ဆက်ဆံရမယ့်လူက ဘာ နက္ခတ်လဲပေါ့။ နတ် နက္ခတ်ဖြစ်နေပြီ ဆိုရင်တော့ ပထမဆုံး သင့် ရဲ့ အသံ ကို (၃)ပေါက်လောက် အထိ လျှော့ ချ ပစ်ရမယ်။ လုံးဝ အသံလေး က နူးနူး ညံ့ညံ့လေး။ ဟုတ်ပြီနော်။ 

သင်ပြောတဲ့ စကားသံလေးတွေ စကားလုံးလေးတွေက စပြီး သတိထားရတော့မယ်။ စကားလုံးလေးတွေက လည်း တစ်ကယ့် ကို အနု အရွလေးတွေနဲ့ ပြောရမယ်နော်။ အရေးကြီးတာက နတ်နက္ခတ် သမား ကို သွားပြီး မအော်မိစေနဲ့နော်။ ဒါ အရေးကြီးဆုံးပဲ။




လူ နက္ခတ်။
အဲ လာပြီ လူ နက္ခတ် က တစ်ကယ့် ဆရာကြီးတွေ။ လူ ဆိုတော့ စဉ်းစား ဆင်ခြင်ဉာဏ် များတယ်ပေါ့။ သူက ဘလိုင်းကြီး လက်မခံဘူး။ အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ပြောမှ သူက လက်ခံတာ။ အသံအနေအထား ကတော့ပုံမှန်ဆိုရပြီ။ တိုးဖို့လဲ မလိုဘူး။ ကျယ်ဖို့လဲ မလိုဘူး။ အနေအထား ကတော့ မတိုးမကျယ်ပေါ့။ 


ဒါပေမယ့် အရေးကြီးတာက ကိုယ် ဆက်ဆံနေရတဲ့ လူက လူ နက္ခတ် ဆိုတာကို မမေ့နဲ့။ အဲဒီတော့ ကိုယ်ပြောရမှာ က ဘလိုင်းကြီး သွားပြောလို့ သူက လက်မခံဘူး။ အကျိုး အကြောင်း ပြချက်တွေ ခိုင်လုံမှ သူက လက်ခံမှာ။ 

ဥပမာ ဆိုကြပါစို့။ ၂၀၁၂-ခုနှစ်မှာ ကမ္ဘာကြီး ပျက်မယ်လို့ လုံးဝ သွားမပြောနဲ့။ သူက ခင်ဗျားစကားကို လုံးဝ လက်ခံမှာ မဟုတ်ဘူး။ အခု အနေအထား က ဘယ်လိုဖြစ်နေတဲ့ အတွက်ကြောင့် အဲ.. ၂၀၁၂ ခုနှစ်ရောက် ရင် ကမ္ဘာကြီး က ပျက်မယ်လို့ ပြောကြတယ်။ ဘာညာပေါ့။ အဲဒီလို အကျိုး အကြောင်း ခိုင်ခိုင် လုံလုံနဲ့ ပြော မယ် ဆိုရင်တော့ သူက နားထောင်လိမ့်မယ်။

ဘီလူး နက္ခတ်။
ဘီလူး ဆိုတဲ့ အတိုင်း ခပ်ကြမ်းကြမ်း နဲ့ စရမယ်။ ကြားဖူးတယ် မမဟုတ်လား။ ဘီးလူးဆိုင်း တီးပြီး ၀င်လာ တယ် ဆိုတာ။ ဘီလူး နက္ခတ် သမားတွေက သူတို့က ပြတ်သား မှ ကြိုက်တယ်။ သူတို့ ကို သွားပြီး ဖွဲ့နွဲ့နေလို့ လုံးဝ မကြိုက်ဘူး။ 


 နောက် အသံ အနေအထား။ သူ ကတော့ ထုံးစံအတိုင်း (၇) သံချဉ်ပေါ့။ အသံ ကလည်း ကျယ်မှ ။ စကား ကလည်း တိုတိုတောင်းတောင်း ပြတ်ပြတ်သားသား မှ ကြိုက်တာ။ ပျော့စိစိတော့ သွား မလုပ်နဲ့နော်။ သူက ခင်ဗျား ကို အချောက် ထင်သွားလိမ့်မယ်။

ကဲ ကိုယ်.ချစ်သူ ဘယ် နက္ခတ်လည်း ကြည်.ကြည်.ပေါ့ တစ်ခုတော.ပြောချင်ပါတယ် ။ ကျွန်တော်လည်း ငယ်ငယ်တုံးက ကြားဘူးတာပါ ချစ်သူ က ဘီလူး နက္ခတ် သမီး က လူ နက္ခတ် ဆိုတော့။ ကျွန်မ သူ့ကိုယူရင် အစား ခံရမယ်ထင်တယ်။ သူနဲ့ ကျွန်တော် နဲ့ ယူလို့ သင့်တော်ပါ့မလား ဆရာရယ်၊ နက္ခတ် မကိုက်ဘူးတဲ့။ ဘီလူး က လူ ကိုသာ စားနိုင်တာ ၊ နတ် ကိုတော့ အသေကြောက်တဲ့။ အဲ.လိုတွေပေါ့ ။

ကျွန်တော့် ကို "ဘီလူး နက္ခတ် နဲ့ လူ နက္ခတ် ယူရင် အဆိုးဆုံး ဘာဖြစ်တတ်လဲ လို.မေးရင်
" အဆိုးဆုံး ကတော့ ကလေးမွေးတာပေါ့ဗျာ" လို့.ဖြေမှာ ။

အဲ.တာတွေက သက်သက်လျှောက်ပြောကြတာပါ မှန်မယ်လို.မထင်ပါဘူး။ သူငယ်ချင်း တို.တွေလည်း အရာရာတွေးကြောက်နေရတဲ့.ဘေးမှ ကင်းလွတ်နိုင်ပါစေဗျာ..



.ဗေဒင်
 http://wlovestory.blogspot.my/2013/02/blog-post_9712.html#more

No comments:

Post a Comment