Friday, April 1, 2016

လူကြားထဲ ကျောင်းသူ ကို အဓမ္မ ကျင့်ဖို့ ကြိုးစားတဲ့ ကျောင်းဆရာ




ကျောင်းသူ တစ်ဦးကို ကျောင်းဆရာ တစ်ဦး က ကျောင်းဝန်း ထဲမှာ အဓမ္မ ကျင့်ဖို့ ကြိုးစားတဲ့ ဖြစ်ရပ်တစ်ခု တရုတ်နိုင်ငံဂေါင်ရှီ ခရိုင် မှာ ဖြစ်ပွားခဲ့ပါတယ်။ ဂေါင်ရှီ ခရိုင်၊ လင်းရှန်းစီရင်စု က အထက်တန်း ကျောင်း တစ်ခု မှာ စိတ် မမှန်တဲ့ ကျောင်းဆရာ တစ်ဦးက ကျောင်းသူ တစ်ဦး ကို အဓမ္မ ကျင့်ဖို့ လူကြားထဲ အတင်း လိုက်ဆွဲ နေခဲ့တာ ဖြစ်ပါတယ်။


အခြားကျောင်းဆရာတွေ ရောက်လာခဲ့ကြလို့ ကျောင်းသူ ဘာမှ မဖြစ်ခဲ့ပါဘူး။ အသက် ၃၀ နှစ် အရွယ် ဟူလို့ အမည် ရတဲ့ အဆိုပါ ကျောင်းဆရာ ကိုတော့ ဆေးရုံပြန်ပို့ပြီး ထိန်းသိမ်း ထားပါတယ်။ ဓာတ်ပုံတွေ ထဲမှာ ဘာ အဝတ်အစား မှ ဝတ် မထားတဲ့ ကျောင်းဆရာ ဖြစ်သူဟာ ကျောင်းသူ ကို လူကြား ထဲမှာ အခန်းထဲ အတင်း ဆွဲနေတာ တွေ့ရသလို ကျောင်းသူက အတင်း ရုန်းကန်နေခဲ့ပါတယ်။





လင်းရှန်း စီရင်စုပြည်သူ့ရေးရာ ကော်မတီ ရဲ့ ထုတ်ပြန်ကြေညာချက်ထဲ မှာတော့ အဆိုပါ ကျောင်းဆရာဟာ စိတ်ရောဂါ ခံစားခဲ့ရဖူး တာကြောင့် ၂၀၁၁ ခုနှစ်မှာ ကုသမှု ခံယူခဲ့ရဖူးပါတယ်။ 

အဲဒီနောက်ပိုင်း ပုံမှန်ပြန်ဖြစ်လာတဲ့ အတွက် ကျောင်းမှာ အလုပ် ခန့်ခဲ့ပေမဲ့ သူ့ကို စာမသင်းခိုင်း ခဲ့ဘဲ စာကြည့်တိုက် မှာ တာဝန် ချထားခဲ့တာပါ။

လွန်ခဲ့တဲ့ ငါးနှစ် အတွင်း အလုပ် ကို တာဝန်ကျေပွန်စွာ လုပ်ခဲ့ပေမဲ့ အခုချိန်မှာ စိတ်ဖောက်ပြန်ပြီး အခုလို့ လူကြားထဲ အဓမ္မ ကျင့်ဖို့ ကြိုးစားတာလို့ ဆိုပါတယ်။


Source & Photos : People Daily China
http://www.duwun.com.mm/news/-id4859653.html

No comments:

Post a Comment