Tuesday, April 12, 2016

ရေစက်ချခြင်း အကြောင်း သိကောင်းစရာ


 
Nalanda Monkish's photo.


ကုသိုလ်ကောင်းမှု အလှူ  ဒါနပြုကြသော အခါ ဆုတောင်းခြင်း ,အမျှဝေခြင်း တို့နှင့် တစ်ကွ ရေစက်ချခြင်း ကို ပြုလုပ်လေ့ရှိကြ၏။ ရေဖလား , ရေကရား စသည် ၌ ရေထည့် ၍ အောက်ခံခွက် တစ်ခုပေါ်မှာ ရေ တစ်စက် တစ်စက် ချရင်း ဘုန်းကြီးက ရှေ့ က ချပေးသော “ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့ သည် ”စသော အလှူ   စာတမ်း ကို လိုက်၍ ဆိုခြင်းကိုပင် “ရေစက်ချ ”ဟုခေါ်ကြသည်။

“အလှူရေစက် လက်နှင့် မကွာ ”ဆိုသော စကားအရ အလှူ    ဒါန  ၏ လက္ခဏာ သရုပ် ရေဖြင့် အတူပြု ၍ ဖော်ထုတ်ခြင်း မှာ လွန်စွာ အဓိပ္ပါယ်ရှိပါသည်။


“ရေ သည် သန့်ရှင်းကြည်လင် သကဲ့သို့ အလှူ   ဒါနသည် လောဘ,ဒေါသ,မောဟ-စသော
ကိလေသာ အညစ်အကြေး တို့မှ သန့်ရှင်းကြည်လင် ၏ ”ဟူ၍လည်းကောင်း….
 

“ရေ သည် အေးမြ သကဲ့သို့ အလှူ   ဒါနသည် ရန်သူမျိုး ငါးပါး တို့မှ လွတ်ကင်း ၍ ကြောက်ရွံ့ ပူပန်ရခြင်း မရှိတော့ သဖြင့် အေးမြ ၏ ”ဟူ၍လည်းကောင်း………...
 

“ရေ သည် လောင်းချ လိုက်သည်နှင့် တစ်ပြိုက်နက် ပြန်၍ ကောက်ယူ ရရှိနိုင်ခြင်း မရှိတော့ သကဲ့သို့ အလှူ  ဒါနသည်လည်း အလှူ   ခံပုဂ္ဂိုလ်၏ လက်တွင်းသို့ အပ်နှင်းလိုက်သည်နှင့် တစ်ပြိုက်နက် ပြန်၍ ရယူနိုင် ရန် မျှော်လင့်ခြင်း မရှိတော့ ”ဟူ၍လည်းကောင်း……..


 


 ရေသည် အလှူဒါန ၏ သန့်ရှင်းခြင်း ကြည်လင်ခြင်း, အေးမြခြင်း သဘော လက္ခဏာနှင့် အာလယပြတ် စွန့်လွတ်မှု လက္ခဏာ သဘောကို ကောင်းစွာ ထင်မြင် သဘောပေါက်စေနိုင်ပါသည်။
 

ထို့ကြောင့် အလှူဒါန ပြုရာတွင် “ရေစက်ချခြင်း” ကို ကောင်းစွာ သဘောပေါက် ၍ ပြုလုပ်သင့်ကြပါသည်။
ယင်းသို့ ပြုလုပ် ရာ၌ ဘုန်းကြီး က ပြုလုပ်ပေးခြင်းမှာ အလှူရှင် က ကိုယ်တိုင် မဆိုတတ် မလုပ်တတ်၍ ကိုယ် စားပြုလုပ်ပေးခြင်း ဖြစ်ပါသည်။ 


အမှန် တစ်ကယ် က မိမိ ၏ အလှူဒါန အတွက် ရေစက်ချ ဆုတောင်းခြင်း, အမျှဝေးခြင်း တို့ကို မိမိကိုယ် တိုင် ပြုလုပ်ခြင်း က ပို၍ လမ်းမှန် ကျသောကြောင့် ဗုဒ္ဓဘာသာဝင် တစ်ယောက် အနေဖြင့် ကိုယ်တိုင် ကိုယ် ကျ ရေစက် ချတတ်,ဆုတောင်းတတ်, အမျှဝေတတ်အောင် လေ့လာထားသင့် ပါကြောင်းနဲ့… ရေစက်ချခြင်း / မချခြင်း သာဓကများ................................


 ရေစက်ချ ခဲ့သည့် သာဓကများ

၁။ ဝေဿန္တ ရာမင်းကြီး =(ပစ္စယ ဆင်ဖြူတော်၊ သားသမီး နှင့် ဇနီးမယား တို့ အား လှူဒါန်းရာ၌ ရေစက်ချသည်။
 

၂။ ဝေပုလ္လ ပုဏ္ဏားကြီး = ထမင်းရေချောင်းစီး အလှူကြီးပေးစဉ်က ရေစက်ချ ခဲ့သည်။
 

၃။ ဗိမ္ဗိသာရ မင်းကြီး =ဝေဠုဝန်ကျောင်း ဆောက်လုပ် လှူဒါန်းပြီးနောက် ရေစက်ချခဲ့သည်။
 

၎။ အနာထပိဏ် သူဌေးကြီး =ဇေတ၀န်ကျောင်းတော်ကြီး ကို ဆောက်လုပ် လှူဒါန်စဉ် က ရေစက်ချခဲ့သည်။
 

၅။ ဓနဉ္စယကောရဗျ မင်း = ဂရု ဓမ္မဇာတ် တွင် ရေစက်ချ ခဲ့သည်။

 ရေစက် မချခဲ့သည့် သာဓကများ

၁။ ၀ိသာခါ သူဌေးမ =ပုဗ္ဗာရုံကျောင်းတော်ကြီး ဆောက်လုပ် လှူဒါန်း ခဲ့သည် ရေစက်မချခဲ့။
 

၂။ ပေဿ         နဒီကောသလ မင်းကြီး =အဿ         ဒိသ ဒါန အလှူကြီး လှူ      ခဲ့စဉ်က ရေစက်မချခဲ့။
 

၃။ သိဝရာဇ် မင်း =မျက်လုံးဖေါက်လှူခဲ့သည် ရေစက်မချခဲ့။
 

၎။ နေမိမင်း = နေမိဇာတ်တော် မှာ လေ့လာကြပါကုန်လော။
 



အားလုံးပဲ ကိုယ် ကျမ္မာ စိတ် ချမ်းသာစွာဖြင့် သီလဆောက်တည်၊ ဒါနပြုလုပ်ပြီး ဘာဝနာ တရားပွားများ အားထုတ် ၍ မဂ်ဖိုလ် နိဗ္ဗ္ဗာန် ကို
တော်တောင်းသော ဘ၀တွေနဲ ရနိုင်/ရောက်နိုင်ကြပါစေသတည်း။



No comments:

Post a Comment