Saturday, April 9, 2016

သီတဂူ ဆရာတော် ဧည့်သည်တော်တွေ့ဆုံ

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)'s photo.

 


( အမေရိကန် သံအမတ်နှင့်ဆွေးနွေးမှု မှတ်တမ်း )
ကျေးဇူးတော်ရှင် သီတဂူ ဆရာတော်ဘုရားကြီး ထံသို့ ၈-၄-၂၀၁၆ ရက်နေ့ နံနက် ၈း၃၀ နာရီ အချိန် တွင် မြန်မာနိုင်ငံ သို့ အသစ်ပြောင်းရွေ့လာသော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး Mr. Scot A Marciel မှ လာရောက်တွေ့ဆုံ ဂါရဝပြုနှုတ်ဆက်ခဲ့ပါသည်။

ထိုတွေ့ဆုံပွဲမှာ သီတဂူ ဆရာတော်ကြီး နှင့် သံမတ်ကြီး တို့သည် ဘာသာရေး၊ လူမှုရေး၊ မြန်မာနိုင်ငံ တွင် ဖြစ် ထွန်း လာမည့် နိုင်ငံရေး အမြင် များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

သံမတ်ကြီး က ယ္ခု လို စနစ်ပြောင်း၊ အစိုးရပြောင်းကာလ မှာ အမေရိကန်ဘက်က ဘာလုပ်ပေးသင့်သလဲ၊ ဘာ အကူညီပေးသင့် သလဲ အကြံပြုပေးပါဟု တောင်းဆိုရာတွင် -

သီတဂူ ဆရာတော်ကြီး က နံပါတ်တစ် အနေဖြင့်..................... နိမ့်ကျနေသည့် မြန်မာ့ ပညာရေး ကို ပြည့်ဝ စွာ ထောက်ပံ့ပေးရန် တောင်းဆိုသည်။ စစ်အစိုးရ လက်ထက်မှာ တိုင်းနှင့်ပြည်နယ် အနှံ့ တက္ကသိုလ်များ မျာစွာ တည်ဆောက်ခဲ့သည် မှာ သံအမတ်ကြီး သိရှိလေ့မည်ဟု ထင်မြင်မိပါကြောင်း၊ 

ထို တည်ဆောက်ခဲ့သော တက္ကသိုလ်များ ဟာ သင်ကြားရေးပိုင်း၊ ပစ္စည်းသုံးနိုင်မှု အပိုင်း၊ အဆောက်အဦပိုင်း ဘာတစ်ခုမျှ အရည် အချင်း ပြည့်မှီခြင်း မရှိကြောင်း၊ ထို့ကြောင့် မြန်မာ့ပညာရေး နိမ့်ပါးခဲ့ကြောင်း ရှင်းပြပါ သည်။


 

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)'s photo.


ဆရာတော်ကြီးက ပြောင်းလဲ လာတဲ့ အစိုးရနှင့် အတူလိုက်ပါပြီး အမေရိကန်နိုင်ငံ ဘက်မှ တက္ကသိုလ် တစ်ခု လာတည်ဆောက်ပြီး ဆရာ အပြည့်အစုံ သင်ကြားထောက်ကူ ပစ္စည်းအပြည့် အစုံဖြင့် လာရောက်ဖွင့်လှစ် သင်ကြားပေး သင့်ကြောင့် အကြံအပြုပြောဆိုခဲ့ပါသည်။

ဒုတိယ အနေဖြင့် မြန်မာပြည် မှာ နည်းပညာ မထွန်းကား လှကြောင်း၊ အကြောင်းမှာ နည်းပညာ သင်ကြား သည့် ကျောင်းကောင်းကောင်း မရှိကြောင်း၊ စက်ရုံကြီးများ မရှိလှကြောင်း၊ ဒါ့ကြောင့် အမေရိကန် ဘက်မှ နည်ပညာ သင်ကြားပေးနိုင်မည့် ကျောင်းကြီးများ၊ သင်တန်းကျောင်းကြီးများ၊ စက်ရုံကြီး များ အမြန်ဆုံး လာရောက် ဖွင့်လှစ်သင့် ပါကြောင်း အကြံဥာဏ်ပြုပါသည်၊


 Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)'s photo.

ဆက်လက် ၍ သီတဂူ ဆရာတော်ကြီး က ယခင်အစိုးရ လက်ထက်မှာ အမေရိကန် အစိုးရဘက်မှ စီးပွားရေး ဒဏ်ခတ်မှု များ ပြုလုပ်ခဲ့ ပါကြောင်း၊ ယ္ခု အခါ လုံးဝ စီးပွားရေးဒဏ်ခတ်မှုတွေ အမြန်ဆုံး ရုတ်သိမ်းသင့် ပါကြောင်း ၊ အရပ်ဖက်၊ စစ်ဖက် ကောင်းမွန်သော ဆက်ဆံရေး ကို အမြန်ဆုံး တည်ဆောက်သင့် ပါကြောင်း ၊

 မြန်မာတပ်မတော်သား ၁၀၀၀ ကျော် ဟာ ရုရှား မှာ ပညာသင်၊ စစ်သင်တန်း များ တက်ရောက်နေ ရကြောင်း ၊ မိမိ အနေဖြင့် ပိုမိုသော ကျယ်ပြန့်သော အတွေးအခေါ် ရရှိနိုင်ရေးအတွက် အမေရိကန် ဘက် ကလည်း စစ်ဘက် ဆိုင်ရာ အဖွဲ့အစည်းများ ကို အမေရိကား တွင် ပညာသင်ကြားခွင့် ပေးသင့်ကြောင်း၊ သင်တန်း များ တက်ရောက်ခွင့်ပေးသင့်ကြောင်း အကြံဥာဏ်များပြုခဲ့ပါသည်။


Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)'s photo.


ထိုပြောကြားချက်များ ကို သံအမတ်ကြီး က အမေရိကန် မြန်မာ စစ်ဖက်၊ အရပ်ဖက် ဆက်ဆံရး ကောင်းမွန် ရန် လက်ရှိ လုပ်ဆောင်နေသည့်လုပ်ငန်းများ၊ ရှေ့ဆက်လက် လုပ်မည့် လုပ်ငန်းများ ကို ရှင်းပြပါသည်။
 

သံမတ်ကြီး က ဆရာတော်ကြီး အကြံဥာဏ်ြ ပုသည့် အကြံပြုချက် များကို မှတ်သားထား မည်ဖြစ်ကြောင်း ပြန် လည် လျှောက်ထားပါသည်။

သီတဂူ ဆရာတော်ကြီး က သံအမတ်ကြီးနှင့် နောက်ပါ ဝန်ထမ်း များကို စာအုပ်များ လက်ဆောင်ချီးမြှင့်ခဲ့ ပါ သည်။ သံမတ်ကြီးနှင့် ဝန်ထမ်း များက သီတဂူ ဆရာတော်ကြီးနှင့် သီတဂူ အတွက် အမေရိကန် သံရုံနဲ့ ပတ် သက်ပြီး ကိစ္စကြီးငယ် ရှိပါက အချိန်မရွေး ဆက်သွယ် အကူညီတောင်းနိုင် ပါကြောင်း ပြောကြား ရင် တွေ့ ဆုံပွဲကို အဆုံးသတ်ခဲ့ပါသည်။






#‎U‬.S. Ambassador Scot Marciel
REF#http://burma.usembassy.gov/ambassador.html

==============================
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသာသနာပြုအဖွဲ့
==============================
Posted by သီတဂူသတင်း
ဓါတ်ပုံ - သီတဂူအောင်သန်းဝင်း



No comments:

Post a Comment