Sunday, April 17, 2016

ရွှေ အကြောင်း သိကောင်းစရာ

Kyaw Naing Win's photo.
ရွှေ လုပ်တဲ့ အယောက် ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းခန့် က ရွှေရောင်း ရွှေဝယ် တာနဲ့ ပတ်သက်ပြီး နားမလည် ကြ ပါဘူး။ နားမလည်သည့် အတွက် ဆုံးရှုံး နစ်နာမှုတွေဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့်ရွှေ နဲ့ ပတ်သတ်ပြီး အခြေခံ ဗဟုသုတလေး မျှဝေပေးလိုက်ပါတယ် . . .

 ရွှေ ဆိုသည်မှာ..........
- အခေါက်ရွှေ (သို့မဟုတ်) မီးလင်း
- ၁၅ဲ ရည် (ဆယ့်ငါးပဲရည်)
- ဒင်္ဂါး ရည် (သို့) ၁၂ ရွေးစပ်
- ၁၄ဲ ရည် (ဆယ့်လေးပဲရည်)
- ရွေး သုံးဆယ်စပ်
- မိုးကြိုး


"ရွှေ" ကို ချိန်တွယ်ရာတွင် "ကျပ်သား" ပေါ် မူတည် စံပြု ၍ ချိန်တွယ်သောကြောင့် ရွှေအချိန် အတွယ် တွင်
"ကျပ်သား" ၊ "ပဲသား" ၊ "ရွေးသား" ဟူ၍ အဆင့်ဆင့် ပါရှိသည်။


တစ်ကျပ်သား = ၁၆ ပဲသား
တစ်ကျပ်သား = ၁၂၈ ရွေးသား (ရန်ကုန် အချိန်)
တစ်ကျပ်သား = ၁၂၀ ရွေးသား (မန္တလေး အချိန်)
၁-ပဲသား = ၈ ရွေးသား (ရန်ကုန် အချိန်)
၁-ပဲသား = ၇.၅ ရွေးသား (မန္တလေး အချိန်) ။


 အောက်ပါတို့မှာ ရန်ကုန် အလေးချိန်ဖြစ်ပါသည်။
တစ်ကျပ်သား = ၁၆ ပဲ = ရွေး ၁၂၈
ငါးမူးသား = ၈ဲ (ရှစ်ပဲ) = ရွေး ၆၄
တစ်မတ်သား = ၄ဲ = ရွေး ၃၂
တစ်မူးသား = ၂ဲ = ရွေး ၁၆
တစ်ပဲသား = ရွေး ၈ ။



 အောက်ပါတို့မှာ မန္တလေး အလေးချိန်ဖြစ်ပါသည်။
တစ်ကျပ်သား = ၁၆ ပဲ =ရွေး ၁၂၀
ငါးမူးသား = ၈ဲ(ရှစ်ပဲ) = ရွေး ၆၀
တစ်မတ်သား = ၄ဲ = ရွေး ၃၀
တစ်မူးသား = ၂ဲ = ၁၅ ရွေး
တစ်ပဲသား = ၇.၅ ရွေး ။



 ရွှေ ၏ အရည်အသွေးနှင့် အခေါ်ဝေါ်ဖြစ်ပေါ်ပုံ ......
မီးလင်း နှင့် အခေါက် သည် အတူတူ ခေါ်ဝေါ်ပုံသာ ကွဲသည် ရွှေဈေး အသုံးအနှုန်း ကို အခေါက်ရွှေနှင့် သာ အရောင်းအ၀ယ် လုပ်သူများ အသုံးပြုပြောကြားကြသည်။
 

အခေါက်ရွှေ ဆိုသည်မှာ ၉၉.၉၉ ရာခိုင်နှုန်းဒြပ်စင်ဖြစ်သည်။

၁၅ဲ ရည် ဆိုသည်မှာ အခေါက်ရွှေ ၁၅ဲ သားနှင့် ကြေးနီ+ဘော် အချိုးကျ ၁ဲ (တစ်ပဲ) သားနှင့်ရောစပ်ပြီး
တစ်ကျပ်သားပြုလုပ်ထားတာဖြစ်သည်။


ဒင်္ဂါးရည် (သို့) ၁၂ ရွေးစပ် ဆိုသည်မှာလည်း အခေါက်ရွှေ ၁၀၈ ရွေးကို ကြေးနီ+ဘော် ၁၂ ရွေးအချိုး ကျ ရောစပ် ထားတာဖြစ်သည်။

၁၄ဲရည် (ဆယ့်လေးပဲရည်) ဆိုသည်မှာလဲ ထိုနည်း၎င်း အခေါက်ရွှေ ၁၄ဲ (ဆယ့်လေးပဲ) သားကို
ကြေးနီနှင့် ဘော် အချိုးကျ ၂ဲသား(နှစ်ပဲသား) ရောစပ် ထားခြင်းပဲဖြစ်ပါသည်။


 ရွေး သုံးဆယ်စပ် ဆိုတာ ကတော့ အခေါက်ရွှေ သုံးမတ်သား ရွေး (သို့) ၁၂ဲ သားကို ကြေးနီနှင့်
ဘော် အချိုး ကျ ၁ မတ်သားရောစပ် ၍ တစ်ကျပ်သား ဖြစ်အောင်ပြုလုပ်ထားတာဖြစ်သည်။


မိုးကြိုး- ဆိုသည် မှာတော့ အခေါက်ရွှေ တစ်မတ်သား (၄ဲ) ကို ကြေးနီ နှင့်ဘော် အချိုးကျ သုံးမတ်သား (၁၂ဲ) သားရောစပ် ၍ တစ်ကျပ်သားဖြစ်အောင်ပြုလုပ် ထားတာဖြစ်တယ်။
 

(မလွယ်လွန်းဖူးလားကွယ်)
အခေါက်ရွှေ တစ်ကျပ်သား ဈေးဘယ်လောက် ရှိတယ် ဆိုတာ သိရင် ကျန်တဲ့ ရွှေ အမျိုးအစားတွေ ရဲ့ဈေး ဟာလဲ ဘယ်လောက် ရှိတယ် ဆိုတာ ဒီလို ဒီလို ဖော်မြူလာလေးတွေ ရှိတယ် . . . ။

မန္တလေး အချိန်အတွယ်ဖြင့် တွက်ပြထားသော ဖော်မြူလာ ......
အခေါက်ရွှေဈေး x ၁၁၂.၅ / ၁၂၀ = ၁၅ဲ ရည်ဈေး
အခေါက်ရွှေဈေး x ၁၀၈ / ၁၂၀ = ဒင်္ဂါး ရည်ဈေး
အခေါက်ရွှေဈေး x ၁၀၅ / ၁၂၀ = ၁၄ဲ ရည်ဈေး
အခေါက်ရွှေဈေး x ၉၀ / ၁၂၀ = ရွေးသုံးဆယ် စပ်ဈေး
အခေါက်ရွှေဈေး x ၃၀ / ၁၂၀ = မိုးကြိုးဈေး ။


ရန်ကုန် အချိန် အတွယ်ဖြင့် ပြန်လည် တွက်ပြထားသော ဖော်မြူလာ ....
အခေါက်ရွှေဈေး x ၁၂၀ / ၁၂၈ = ၁၅ဲ ရည်ဈေး
အခေါက်ရွှေဈေး x ၁၁၅.၂ / ၁၂၈ = ဒင်္ဂါး ရည်ဈေး
အခေါက်ရွှေဈေး x ၁၁၂ / ၁၂၈ = ၁၄ဲ ရည်ဈေး
အခေါက်ရွှေဈေး x ၉၆ / ၁၂၈ = ရွေးသုံးဆယ်စပ်ဈေး
အခေါက်ရွှေဈေး x ၃၂ / ၁၂၈ = မိုးကြိုးဈေး ... ဖြစ်ပါသည် ။


အခေါက်ရွှေ ဟာပျော့တယ် ကြေးနီနှင့်ဘော် ပါဝင်နှုန်း များလာလေ ရွှေဟာ အရည် ညံ့လေ မာ လာလေဖြစ် ပါတယ်။ 

အခေါက်ရွှေ ကို မီး နဲ့ နီရဲ လာအောင် အပူပေး ရေထဲ သို့ ချလျှင်သော်၎င်း ဒီ အတိုင်းပဲ အအေးခံ လျှင်သော် ၄င်း အ၀ါရောင် အတိုင်း မပြောင်းလဲပဲမြင်တွေ့ရပါလိမ့်မယ်။

 ရွှေထည်များ ၀ယ်ယူ ၀တ်ဆင်ပြီး ပါက ပြန်လည်ရောင်းချသောအခါ ဘောက်ချာပျောက်လျှင်သော် ၄င်း မိမိ ၀ယ်ယူသည့်ဆိုင် မဟုတ်ပဲ တစ်ခြားဆိုင်သို့ရောင်လျှင်သော်၎င်း ဈေး အနှိမ်ခံရပါတယ်။

အဲ့ဒါက ဘာဖြစ်လို့လဲဆိုတော့ ရွှေထည် တစ်ခု လုပ်တော့မယ် ဆိုရင် ဂဟေဆော်ရတယ်။ အဲ့ဒီ ဂဟေ ဆော်ဖို့က အထည် လုပ်မည့်ရွှေ အမျိုးအစား ၂ ဆ ကို ကြေးနီနှင့်ဘော် ဆတူ ၀န်းကျင် ရောစပ် ထားတဲ့ စပ်ခဲ ၁ ဆနဲ့ရောရတယ်။ ရွှေထည် တစ်ကျပ်သား ဆိုပါက စပ်ခဲ ၁ ရွေး မှ စ၍ ၅ ရွေး ၆ ရွေးအထိ ၀င်ပါတယ်။

တစ်ခါ တစ်ရံ တစ်ပဲ ၀န်းကျင်သာ အတင်ချိန် ရှိတဲ့ နားကပ် လက်စွပ် တစ်ခုခုပြုလုပ် ပါကလဲ စပ်ခဲ ၁
ရွေး ၂ ရွေး အထိဝင်ပါတယ်။ နားကပ် တစ်ရံ ဆိုပါစို့ ရွှေချိန် က ၁ဲ သားပဲ ရှိတယ် စပ်ခဲ က ၂ ရွေးလောက် ၀င်နေတယ်။


 ရွှေက ၅ ရွေးခွဲပဲ ကျန်တော့တယ်။ ဆိုင်က ကိုယ်ဝယ် ခဲ့တော့ ၁ဲ ဖိုးပေးခဲ့ရတယ်။ တစ်ကယ် တမ်း ရွှေ ပါတာ က ၁ဲ မပြည့်ဘူး။ အလျှော့တွက် လက်ခ က ၃ ရွေးလောက်ပေးရတယ်။ ကိုယ် ၀ယ်မယ် ဆိုရင် အတင်ချိန်+ အလျှော့တွက် လက်ခ ၁၀.၅ ရွေးဖိုးပေးခဲ့ရတယ်။ တစ်ကယ်တမ်း အဲ့ဒီ အထည် မှာ ပါတဲ့ရွှေက ၅ ရွေး ခွဲ လောက်ပါတယ်။ 

ဒါကို မိမိဝယ်ယူတဲ့ ဆိုင်မှာ ပြန်ရောင်းမယ် ဆိုရင် ပြဿ         နာ မရှိဘူး ရွှေချိန် ၁ဲ ကို လဲ ၁ဲ ဖိုးပြန်ပေးတယ်။
အလျှော့တွက် လက်ခ ၃ ရွေး ယူထားတာကိုလဲ အထည် မပျက်စီးသေးဘူး ဆိုရင် တစ်ဝက် ဖိုးပြန်ပေးတယ်။ 

အဲ့ဒါကြောင့် မိမိ ၀ယ်ယူတဲ့ ဆိုင်ကို ပြန်ရောင်းမယ် ဆိုရင် အလျှော့တွက် တစ်ဝက်လောက်ပဲ ရှုံးတယ်။ အခြား ဆိုင်မှာ သွားရောင်းမယ် ဆိုပါက သူတို့လုပ်ထားတဲ့ အထည် မဟုတ်တဲ့ အတွက် လက်ရှိ အထည်မှာ ပါတဲ့ ရွှေတန်ဖိုး ကိုပဲ တွက်ဝယ်မှာဖြစ်ပါတယ်။
 

 ရွှေ ပါဝင်တာက ၅ ရွေးခွဲလောက်ပဲ ရှိမယ် ဆိုရင် သူတို့အတွက် အမြတ်က တစ်ခြမ်းလောက်ချန် လိုက်မယ် (တစ်ရွေး ၏ တစ်ဝက်) ရောင်းတဲ့လူမှာ ၅ ရွေးဖိုး ပဲပြန်ရတော့မယ်။
 

ဝယ်တုန်းက ဆယ်ရွေး နဲ့ တစ်ခြမ်း ရှိတယ် ငါးရွေးခွဲးလောက် ရှုံးသွားမယ်။ ရွှေဆိုင် တစ်ဆိုင် အနေဖြင့် မိမိရောင်း လိုက်သော အထည် မိမိဆီပြန် မလာလေ ကြိုတ်လေပဲ။
 

တစ်ချို့ရွှေဆိုင်တွေက ကျတော့လဲ ရွှေအရည် မပြည့်မှိဘူး ၁၅ဲ ရည် ဆိုရင် ၁၄ဲ ရည်လောက်ပဲ ရှိတယ်။ တစ်ကျပ်သား ကို တစ်ပဲ ပိုစပ် ထားတဲ့ အတွက် တစ်ပဲ ကို လေးသောင်း ငါးသောင်း ၀န်းကျင်မှာ ရှိတယ်။ 

တစ်ရက် ကို နှစ်ကျပ်သားရောင်းရရင် တစ်သိန်းလောက် က အလျှော့တွက် လက်ခ မပါသေးဘူး ပိုစပ် ထား တဲ့ အတွက်နဲ့တင်မြတ်နေပြီ။

 ပြန်လာရောင်းတော့ ပြန်ပေးလိုက်တယ်။ ဘာဖြစ်လဲ ကိုယ်လုပ်ထားတဲ့ ဟာ ကိုယ်ပြန်ပေးရတာ။ ကြားထဲ မှာ ငွေသုံးရတာပေါ့။ ပြန်မလာတော့ဘူး ဆိုရင် အမြတ် ကျန်နေလိုက်တာပေါ့။

တစ်ကယ်တော့ ဒါဟာ ၀ယ်ယူတဲ့ လူဆီ ကနေ ပိုစပ်ထားတဲ့ အတွက်က ခိုးလိုက်တာပဲ။ ရွှေ အကြောင်း ဆိုရင် နားမလည်တဲ့ လူက များတော့ တစ်ချို့ရွှေဆိုင်တွေ က ညစ်ပတ်တယ် ရွှေထည် က ၀ယ်ထား တာ ကြာနေပြီ ။ ၀ယ်တုန်းကဈေး နဲ့ ပြန်ရောင်းတဲ့ အချိန်ဈေးဟာလဲတော်တော်ကွာနေတယ်။ 

ဥပမာ.......  ၀ယ်တုန်းက တစ်သိန်း ပေးထားရတယ် ဆိုရင် အခု တစ်သိန်းခွဲလောက် ရ ရမှာ။ ဒါပေမယ့် တစ်သိန်း သုံးသောင်းလောက်ပဲ ပေးတယ်။ ရောင်းတဲ့လူ ကလဲ နား မလည်တော့ သုံးသောင်းလောက်မြတ် တာနဲ့ ကျေနပ်နေတယ် အဲ့ဒါမျိုးတွေ လုပ်ကြတယ်။

 ရွှေဆိုင်ကြီးတွေမှာ ရောင်းလိုက်ရတဲ့ အထည် တစ်ဝက်လောက်က ဆိုင်ကိုပြန်လာ တယ်။ တစ် ၀က်လောက် က ဆိုင် ကို ပြန်မလာတော့ဘူးလို့ ခန့်မှန်းခြေသိရပါတယ်။ ရွှေထည်များ ၀ယ်ယူမည် ဆိုပါက ထိုကဲ့သို့ ရှိပါသည်။

တစ်ကယ်လို့ ပိုက်ဆံပျောက်ပျက်သွားမှာ စိုးလို့ ရွှေဝယ်ထားချင်တယ် ဆိုရင် အခဲလိုက် ၀ယ်ထားတာ
အဆင် အပြေဆုံးပါ။ တစ်ကျပ်သား ကို ရောင်းဈေးနဲ့ ၀ယ်ဈေး ၁၅၀၀ ပဲ ခွါတယ်။ ဒါကလဲ ခေါက်ရွှေ
သီးသန့်ရောင်းတဲ့ ဆိုင်တွေ ဈေးမှန်တဲ့ ဆိုင်တွေမှပါ။


တစ်ချို့ရွှေဆိုင်များဆို ၀ယ်တဲ့အခါမှာ လက်ရှိပေါက်ဈေးထက် တစ်သောင်းလောက် ပိုရောင်း တယ် ပြန် ၀ယ် တဲ့ အချိန်ကျတော့ တစ်သောင်းလောက် လျော့ပေးပြန်ရော ၀ယ်တော့ တစ်သောင်းနာ ရောင်းတော့ တစ်သောင်း နာ။
 

ရွာသူ ရွာသား အပေါင်းကို ဗဟုသုတဖြစ်စေလိုတဲ့ စေတနာ နဲ့ ရေးလိုက်တာပါ။ အမှားများ မပြည့် စုံသည် များ တွေ့ရှိရ ပါက ပြန်လည် ဖြည့်စွက်ပေးကြပါရန် . . . . . ။ ။

 ရွှေတန်ဖိုး တွက်ချက်နည်း ............
မြန်မာနိုင်ငံသုံး ရွှေချိန်တွယ် စနစ်ဖြစ်သည့် ကျပ်၊ ပဲ၊ ရွေး ဖြင့် ရွှေ တန်ဖိုးကို တွက်ကြည့်ကြရအောင် . . .။

ရန်ကုန် အလေးချိန် စနစ်ဖြင့် တွက်သည် .....
အဆင့်(၁)။ ။ ရွှေ အလေးချိန် "ကျပ်၊ ပဲ၊ ရွေး" ကို "ကျပ်သား" သို့ ဖွဲ့ယူပါ။
အဆင့်(၂)။ ။ ရရှိသော "ကျပ်သား" ကို ရွှေ တစ်ကျပ်သား ဈေးနှုန်းဖြင့် မြှောက် ပါက ရွှေအလေးချိန် အတွက် ကျသင့် တန်ဖိုးကို ရရှိပါမည်။


Formula:
ရွေး / 128 + ပဲ / 16 + ကျပ် x ရွှေ ၁ ကျပ်သား တန်ဖိုး = ရွှေ အလေးချိန် ၏ ကျသင့်ငွေပေါင်း

ဥပမာ:......
ရွှေ ၁ ကျပ်သားလျှင် 650,000 ဈေးနှုန်းဖြင့် ရွှေချိန် ၁ ကျပ်သား၊ ၃ ပဲ၊ ၅ ရွေး အတွက် သင့်ငွေပေါင်းကို ရှာမယ် ဆိုရင် ရန်ကုန်ဘောက်ချာ မှ ရွှေ တန်ဖိုးတွက်နည်း ။
 

5 / 128 + 3 / 16 + 1 x 650.000 = 797265.625
 

ဒါကြောင့် ၁ ကျပ်သား၊ ၃ ပဲ၊ ၅ ရွေး ကို 797265.625 ကျသင့်မှာ ဖြစ်ပါတယ်။
 
မှတ်ချက် .. ရန်ကုန်ဘောက်ချာ ကို ရန်ကုန်ရွေး နဲ့ တွက်ပြီး မန္တလေးဘောက်ချာ ကို မန္တလေးရွေး နဲ့ ပဲ တွက် ရပါမယ် ။
ဥပမာ ; မန္တလေးရွေး စနစ် ၁၂၀ ထားပြီးတော့ ...
5 / 120 + 3 / 16 x 650.000 ဆိုပြီး တွက်ရင် တန်ဖိုး မတူတာ ထွက်လာပါ့မယ် ။ အဲ့ဒါကြောင့် ရန်ကုန်ဘောက်ချာ ကို မန္တလေး လို တွက်လျှင် ( 5 x 120 / 128 ) ÷ 120 + 3 / 16 + 1 x 650.000 = 797265.625 ။ ဆိုပြီး တွက်ရပါလိမ့်မယ်။
 

ဆိုလိုတာက ရန်ကုန်ရွေး ကို မန္တလေးရွေးဖြစ်အောင် ပြောင်းဖို့ လိုအပ်ပါတယ် ။

မန္တလေးဘောက်ချာ မှ ရွှေ တန်ဖိုးတွက်နည်း ...
ရွေး / 120 + ပဲ / 16 ကျပ် x ရွှေ ၁ ကျပ်သား တန်ဖိုး = ရွှေအလေးချိန်ကျသင့်ငွေပေါင်း။


Myanmar ပိဿာ Viss vs Kilogram/gram
Table of mass units
Myanmar Matric Imperial/US

ရွဲလေး yway lay = 136.078 mg = 2.1 grain
ရွဲကြီး yway gyi = 272.155 mg = 4.2 grain
ပဲသား petha = 1.02058 g = 15.75 grain
မူးသား mutha = 2.04117 g = 31.5 grain
မတ်သား mattha = 4.08233 g = 63 grain
ငါးမူးသား nga mutha = 8.16466 g = 0.288 oz
ကျပ်သား kyattha = 16.3293 g = 0.576 oz
အဝက်သား awettha = 204.117 g = 7.2 oz
အစိတ်သား aseittha = 408.233 g = 14.4 oz
ငါးဆယ်သား ngase tha = 816.466 g = 1.8 lb
ပိဿာ   peittha = 1.63293 kg = 3.6 lb
အချိန် တစ်ရာ achein taya = 163.293 kg = 360 lb

"five mutha", but in fact it is only four. ဟု ဝီကီပီးဒီးယား တွင် ပြထားသည်၊
 

သို့သော် ငါးမူးသား ဆိုသည်မှာ ငွေ တစ်ကျပ် ၏ တစ်ဝက် ပြားငါဆယ် ကို မြန်မာက ငါးမူး ဟုခေါ်သောကြောင့်ဖြစ်သည် ဟု ယူဆပါသည် ။

Traditionally known ကျပ်သား as a tical in English.
Traditionally known ပိဿာ as a viss in English.





credit to all webs.
U Naing Win - facebook

 Kyaw Naing Win

No comments:

Post a Comment