Saturday, April 9, 2016

သင့် ဖုန်းကို ဒီအရာတွေ က ပျက်စီးသွားစေနိုင်



 
ဖုန်း ကို ပျက်စီးစေတဲ့ အချက်များ ထဲမှာ သင် ထင်မှတ် မထားတဲ့ အရာများစွာ ဖြစ်နေပါတယ်။ app တွေ ဒေါင်းလုဒ် ရယူခြင်း က သင့် ဖုန်းအတွက် မကောင်းဘူး ဆိုတာမျိုး ကတော့ သင်သိပြီးဖြစ်မှာပါ။ 
 
ဘာလို့လဲဆိုတော့ အချို့ app တွေဟာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆော့ဝဲလ်တွေ ပါနေနိုင်တာကြောင့်ပေါ့။ ဒါတင် မကသေးပါဘူး။ သင့် ရဲ့ နေ့စဉ်ပြုမူ လုပ်ဆောင်မှုတွေ ကလည်း သင့်ဖုန်းကို ဖျက်စီး သလို ဖြစ်နေ တယ် ဆိုတာ သတိထားရမှာပါ။ အဲ့ဒီ အရာတွေ ကတော့.......................................

 
နေရောင်ခြည် နဲ့ထိတွေ့ခြင်း
ဖုန်း ကို နေပူ ထဲ ဘယ်တော့မှ မထားခဲ့ ပါနဲ့။

ဘောင်းဘီနောက်ကျော အိပ်ကပ် ထဲ ထည့်သိမ်း ထားခြင်း
နောက်ကပ်ဘောင်းဘီ အိတ်ကပ် ထဲ ထည့်ထား တာဟာ ထိုင်ရင် ဖုန်း ကို ကွေးသွားစေနိုင်ပါတယ်။


ဈေးပေါပေါဖြင့်ရသော အားသွင်းကြိုးများ

အဲဒီလို အားသွင်းကြိုး အများစု က ပါဝါ ကို လိုသလောက် မဖြည့်ပေးနိုင်ပါဘူး။ တစ်ချို့ ဆိုရင် ဘေးကင်း လုံခြုံမှု အပိုင်း ကို လုံးဝ ထည့်သွင်း မထားတာပါ။

ဖုန်း ကို တစ်ချိန်လုံး ဖွင့်ထားခြင်း
ဖုန်း ကို အနားမပေးဘဲ အဆက်မပြတ် အသုံးပြုခြင်းက ဘက်ထရီကို ပျက်စီးစေပါတယ်။

တစ်ခြား ပစ္စည်းများနဲ့ အတူ ရောပြီး ထည့်သိမ်းထားခြင်း
သော့တွဲများ၊ အကြွေစေ့တွေ စတာတွေ နဲ့ အိတ်ကပ်ထဲ ထည့်သိမ်း ထားပါက ဖုန်းမှာ ခြစ် ရာတွေ ဖြစ်စေနိုင် ပါတယ်။

 
 
Ref: youtube
ဟန်နီ - Trend Myanmar
 
 
 

No comments:

Post a Comment