Saturday, May 14, 2016

ခြေထောက် ကို အနှိပ်ခံခြင်း က ဘာတွေကောင်းကျိုးပြုနိုင်သလဲ

 


 ခြေထောက်နှိပ်ခြင်း (၀ါ) ခြေထောက် သွေးလည်ပတ်မှု မှန်စေရန် သဘာဝနည်း အားဖြင့် နှိပ်ပေးခြင်း နည်းပညာ ကို တရုပ်၊ အိန္ဒိယ၊ အီဂျစ်၊ ဟေဗြဲ  လူမျိုးစု (ခေါ်) ရှေး ပါလက်စတိုင်း လူမျိုးများ သည် ရှေးနှစ်ထောင်ပေါင်း များစွာ ကတည်းက ကုသမှု ခံယူလာခဲ့ကြသည်။

ပထမဦးဆုံး အကြိမ် အနှိပ်ခံ ပါက အချိန် ၅-မိနစ်ထက် မပိုသင့်ပါ။ နေ့ စဉ် ခြေထောက် အနှိပ်ခံသူများ အဖို့  ကြာချိန် ၁၅-မိနစ် ဆို လုံလောက်ပါပြီ။ နှိပ်နယ်ခြင်း အတွက် အကောင်းဆုံး အနေအထားမှာ အနှိပ်ခံရမည့် သူ သည် လဲလျောင်းနေရမည် ဖြစ်သည်။

ဦးစွာ ခြေဖ၀ါး အနွေးဓာတ် ရရိစေရန် ခြေဖ၀ါး တစ်ဖက်ချင်းစီ ကို နှိပ်ပေးသူ၏ လက်ဖြင့် တစ်မိနစ်လောက် ဆုပ် ကိုင် နယ်ပေးရမည်။ အချို့  အနှိပ်ပညာရှင်များ က လက်မဖြင့် စက်ဝိုင်း သဏ္ဍာန် နှိပ်ကြသလို၊ အချို့  က လည်း ခဲတံ ကဲ့သို့  သစ်သား တုတ်ချောင်း (သို့ မ ဟုတ်) သစ်သားဘုလုံး ကလေးဖြင့် နှိပ်လေ့ရှိသည်။

မည်သည့် နည်းဖြင့်နှိပ်ပါစေ .ဖြေးဖြေးနှင့် ညင်ညင် သာသာနှိပ်ပေး ရမည်ဖြစ်ပြီး၊ အလွန်အမင်း အားစိုက် မထုတ်သင့်ပေ။

ဝဲ-ယာခြေဖ၀ါး နှစ်ဘက်စလုံး ရှိ အာရုံခံကြောများ သည် လည်ပင်း၊ လေပြွန်၊ နား၊ မျက်လုံး၊ အသံအိုး၊ အဆုပ်၊ ပခုံး၊ သိုင်း ရွိက် အကြိတ်၊ ရင်နှင့် ၀မ်းဗိုက်ကြားရှိ ကြွက်သားဆိုင်၊ ကျောက်ကပ် အပေါ်ပိုင်း ရှိ အာဒရီနယ အရည်များ ထုတ်ပေးသည့် အ ကျိတ် တစ်စုံ၊ ကျောက်ကပ်၊ အူမ၊ အူမကြီး၊ ဆီးအိမ်၊ အူသိမ်၊ တင်ပါးရိုး အာရုံကြော များ၊ ဒူးခေါင်း၊ ပေါင်၊ တင်ပါး တို့ နှင့် စက်ဆပ်နေကြသည်။

ထူးခြားမှု အနေဖြင့် ၀ဲဘက်ခြေဖ၀ါးပေါ်ရှိ အာရုံခံကြောများသည် နှလုံး၊ သရက်ရွက်၊ ပန်ကရိယ၊ အစာအိမ် တို့ နှင့် ဆက်စပ်နေသလို၊ .ယာဘက်ခြေဖ၀ါးပေါ် ရှိ အာရုံခံကြောများ သည် သည်းခြေအိတ်၊ အသည်း တို့ နှင့် ဆက်စပ်နေသည်။ 


ထို့ ကြောင့် ဖော်ပြပါ ခန္ဓာကိုယ် တွင်း အင်္ဂါ အစိပ်အပိုင်း များနှင့် ပတ်သက်သော ဖြေဖ၀ါးပြင်ပေါ်ရှိ ဇုန် ကို
ထိထိ မိမိ ဆုပ်ကိုင်ခြင်းဖြင့် ခံစားနေရသော ဝေဒနာများ ပြေလျော့လာစေမှာ မလွဲပါ။


အထက်ဖော်ပြပါ ကိုယ်တွင်း ကလီစာ များကို သဘာဝနည်းဖြင့် ကုသနိုင်သည့် အပြင် ခြေထောက် အနှိပ် ခံခြင်းဖြင့်  လန်းဆန်း ပေါ့ပါးလာစေခြင်း၊ ခန္ဓာကိုယ်တွင်း အဆိပ် အတောက်ပြေစေခြင်း၊ ခန္ဓာကိုယ် တွင်းသွေး လည်ပတ်မှု ကို တိုးတက်ကောင်းမွန် လာစေခြင်း၊  ကိုယ်ခံစွမ်းအား တိုးပွားစေခြင်း၊ နှစ်ခြိုက် စွာ အိပ်မောကျစေခြင်း၊ အားသစ်လောင်းပေးခြင်း၊ 

ခန္ဓာကိုယ် ဘက်စုံ ကျန်းမာအောင်ကြို တင်ပြင် ဆင် ရာရောက်ခြင်း၊ စိတ် အာရုံ စူးစိုက်မှုကောင်းစေခြင်း၊ အသက်ရှု လမ်းကြောင်း၊ နှလုံး နှင့် ဦးနှောက် သို့  သွေးစီးခြင်း စသည့် ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ် ကို ကောင်းမွန်စေခြင်း၊ ကြွက်သားများ ပြေလျော့စေခြင်း၊ ခန္ဓာကိုယ် ခွန်းအားဖြစ်စေခြင်း၊ အာရုံကြော များပြေလျော့စေခြင်း စသည် ဖြင့် ကောင်းကျိုးပြုသည်။

လူကြီးသာ မက၊ ကလေးငယ်များ ကိုလဲ ခြေထောက်နှိပ်ပေးသင့်ပါသည်။ မခွဲစိပ်ခင် လူနာများ နှင့် ခွဲစိပ်ပြီး လူနာများ၊ ခြေ ထောက်ရောင်ကိုင်းနေသော ကိုယ်ဝန်ဆောင် မိခင်များ၊ ပန်းနာ ရင်ကြပ်ရောဂါသည်များ၊ ဆီးအိမ် နှင့် ကျောက်ကပ် ကျောက်တည်ခြင်း လူနာ များကို အထောက်အကူဖြစ်စေသည်။

ထို့ ပြင် အအေးမိ နှာစေးချောင်းဆိုးခြင်း၊ လေပြွန်ပွ၊ လည် ချောင်းနာ၊ စသည့် ရာသီဖျား ကူးစက်သော ရောဂါ များကိုပါ ကြိုတင် ကာကွယ်ပေးနိုင်သည်။ ခြေထောက်နှိပ်နယ်ခြင်း အတတ်ပညာသည် အလွန် သိမ်မွေ့ နက် နဲသည့် အတွက် တတ်ကျွမ်း နား လည်သော ပညာရှင်ဖြင့် သာ ကုသမှုကို ခံယူသင့်ပါသည်။

စံနစ်တကျ မဟုတ်ဘဲ အလွန်အမင်း ရမ်းသမ်းနှိပ်ပါက လူနာကို ဗိုက်အောင့်ဗိုက် နာခြင်း၊ ဖောရောင် ကိုင်း ခြင်း၊ နာကျင်မှုဝေဒနာများ အပြင်၊ အကြောတက်၊ ခါးနာ၊ ကျောရိုး တလျှောက် နာကျဉ်ခြင်း စသည့် နောက် ဆက်တွဲ ဝေဒနာများ ဖြစ်စေနိုင်သည်။

ပထ၀ီ (မြေကြီး) ဓာတ် စီးဝင်ခြင်း ကလည်း ကုသမှုကို ပိုမို ထိရောက်စေ သဖြင့် ခြေဖ၀ါးနှိပ် ကုသ ခံဝေဒနာ ရှင် များသည် ဖိနပ် မစီးဘဲမြေကြီးပေါ်တွင် လေ့ကျင့်ခန်းယူ လမ်းလျှောက်ပေးသင့်သည် ဟု Daily Health အင်တာနက် ကျန်းမာရေး ကဏ္ဍတွင် ဖော်ပြထားသည်။

 ဆောင်းပါးရှင် (ပေါက်ပေါက်)
 

မှီငြမ်း (Daily Health :Foot Reflexology)


 Myanmar Online Fashion Consultant

No comments:

Post a Comment