Tuesday, May 17, 2016

အုတ်ခဲပုံကြီး ကို ရှိခိုး ဦးချနေခြင်း မဟုတ်




 
တစ်ခုချင်းစီ ၏ အဓိပ္ပါယ် အကျဉ်းများ မှာ -
(၁) တံခွန်တိုင် = မာန ( ရတနာတော်မြတ် ၃ ပါး အား ဖူးမျှော် မာန်လျော့ ကန်တော့ရန်) ။

(၂) ပန်းတင်ခုံ = ပတ္ထနာ - နိဗ္ဗာန်ရောက်ကြောင်း ဆုတောင်းရန် ။

(၃) ရှစ်မြှောင့် = မွေးခြင်း (၄) မျိုး+ သေခြင်း (၄) မျိုးကို နှလုံးသွင်း ဆင်ခြင်ကြရန် ။

(၄) ကြီဝင်း-၅ ခု = ဂတိ-၅ ပါးမှ လွတ်အောင် ကြိုးစားကြရန် ။

(၅) ခါးစည်း = သီလ/ သမာဓိ/ ပညာ ဟူသော အဓိသိက္ခာ-၃ ပါးဖြင့် ခါးကို စည်းနိုင်ကြရန် ။

(၆) ခေါင်းလောင်း = မိမိ တို.၏ ကုသိုလ်ကောင်းမှု များကို ကုသိုလ် ငတ်မွတ်နေသော သတ္တ၀ါများ သို့ မျှဝေပေးရန်

(၇) ဖောင်းရစ်-၇ ရစ် = ၀ိသုဒ္ဓိ ၇ ပါး (စင်ကြယ်ခြင်း ၇ မျိုး)  ပြည့်စုံအောင် ကြိုးစားကြရန် ။

(၈) သပိတ်မှောက် = တဏှာ/ မာန/ ဒိဌိ (အယူမှား) ဟူသော သံသရာ နယ်ချဲ့တတ်သည့် ပပဉ္စ တရား (၃) ပါး တို.ကို သပိတ်မှောက် ဆန့်ကျင်တော် လှန်ကြရန် ။

(၉) ဘီလူး ပန်းဆွဲ-၁၆ ခု = ဥာဏ်စဉ်-၁၆ ပါး ရအောင်ကြိုးစားကြရန် ။

(၁၀) ကြာမှောက် /ကြာလှန်= ကြာပန်း သည် ဗုဒ္ဓမြတ်စွာ ဘုရား ၏သင်္ကေတ ။



(၁၁) ထီးတော် ဘုံ ၇ ဆင့် = အေးငြိမ်း သည့် အရိယာ သူတော်စင် တို့ ရရှိ ခံစားရသည့် မဂ် (၃) တန်+ ဖိုလ် ၄) တန် (သောတာ ပတ္တိမဂ် အပါအ၀င်)

(၁၂) ငှက်မြတ်နား = ရဟန္တာအရှင်မြတ် တို. ခန္ဒာဝန် မချမီ စာရေး စာချ တရားဟော တရားပြ/သာသနာပြု သူတော်မြတ် အလုပ်များဖြင့် ခေတ္တနားခိုရာ ။

(၁၃) စိန်ဖူးတော် = စိန် တွင် အညစ်အကြေး ပါဝင်မှု ကင်းစင် သလို ကမ္ဘာပေါ်တွင် အမာဆုံး ပစ္စည်းဖြစ် သလို ၊ စိတ်အညစ် အကြေး (ကိလေသာ) အားလုံး ကင်းစင် သည့် နိဗ္မာန် တရားတော်မြတ်

သူတော်ကောင်း တရား လွှမ်းပတ် ကမ္ဘာတည်ပါစေ…

ယုတ်မာ ညစ်ဆိုး ဒု စရိုက်မျိုးကို
သူတော် လက်နက် တရား စက်ဖြင့်
ဖြိုဖျက်နိုင်ကြပါစေ…

အလောင်း အလျာ ဖြည့်ကောင်းရာ သည့်
သုံးဖျာ ဆယ်လီ ပါရမီတော် တို့ကို
မလင့်ပုံသေ ဖြည့်ကျင့်နိုင်ကြပါစေကုန် သတည်း

မေတ္တာဖြင့်မျှဝေသူ

ကိုညာကြီး…

ဓမ္မရတနာ

No comments:

Post a Comment