Wednesday, May 4, 2016

အသက် (၅၀) မရောက်ခင်မှာ လုပ်သင့်တဲ့ အလုပ် (၂၆) ခု


U Aung Naing's photo.
 


အသက်(၅၀) ရောက်ပြီ ဆိုရင် လူ့သက်တမ်း အရ အရွယ်အိုချိန် ကို စတင်ချင်းနှင်း ၀င်ရောက်ခဲပြီး ဖြစ် ပါတယ်။ ဒီတော့ ကျန်ရှိတဲ့ သက်တမ်း မှာ စိတ် ချမ်းချမ်း သာသာ နေနိုင်ဖို့ ကြိုတင်ပြင်ဆင်ရမယ့် အချက်တွေ ရှိပါတယ်။

စာရှုသူ ပရိသတ်ထဲမှာ အသက် ၅၀ အရွယ် ကို ရောက်တော့မယ့်  သူများ ရှိနေခဲ့ရင်၊  ဒါမှ မဟုတ် သူတို့ နဲ့ ဆွေမျိုးတော်စပ်ရင် အောက်ပါ အချက် (26 ) ချက်ကို အကြံပြုပေးကြပါလို့။

1. စိတ်ကြိုက် Band တစ်ခု ရဲ့ Live Show ကို ကြည့်ဖြစ်အောင် ကြည့်ပါ။

2. အတိတ် က မမေ့နိုင်သူ ကို မေ့လိုက်ပါတော့။

3. ကောင်းကျိုး မပေးနိုင်တဲ့ သူငယ်ချင်းတွေ နဲ့ အဆက်အသွယ်ဖြတ်တောက်ပါ။

4. အားလပ်ရက်မှာ အချစ်ဆုံး သူငယ်ချင်းတွေ နဲ့ ဆုံတွေ့ပါ။

5. တစ်ကိုယ်ရေ အပန်းဖြေခရီး ထွက်ပါ။

6. မိဘတွေ ရဲ့ စေတနာ အမှားတွေကို အပြည့်အ၀ နားလည်ဖို့ ကြိုးစားပါ။

7. စိတ်ပင်ပန်းမှုတွေ ကို စာအုပ် မှာ ရက်စွဲ နဲ့ မှတ်သားပါ။
 
8. တစ်ကယ် လိုအပ်တဲ့ နေရာတွေ ကို လှူဒါန်းမှုတွေ တတ်နိုင်သလောက် လုပ်ပါ။

9. လူကြိုက်များတဲ့ စာအုပ်တွေကို ဖတ်ပါ။

10. ပရဟိတ တစ်ခုခုမှာ စေတနာ့ဝန်ထမ်း အဖြစ် ကုသိုလ်ယူပါ။


 
11. စိတ်ကြိုက် ရုပ်ရှင် ဇာတ်ကားတွေကို ဆန္ဒ ရှိသလောက် ကြည့်ပါ။

12. ရုပ်ပိုင်းဆိုင်ရာ ဇရာ ရဲ့ စိန်ခေါ်မှု ကို ကြည်ဖြူ  စွာ လက်ခံပါ။

13. မနှစ်သက်တဲ့ အလုပ်ဆို ချက်ချင်း ထွက်လိုက်ပါ။

14. အသိပညာရှင်တွေ ရဲ့ ဆုံးမစကားတွေ ကို လိုက်နာပါ။

15. နေ၀င်ချိန် အလှ ကို ကြည့်ဖြစ်အောင် ကြည့်ပါ။

16. ကာလရှည် စွဲခဲ့တဲ့ အကြောက်တရား ကို တိုက်ခိုက်ဖို့ပြင်ပါ။

17.ကိုယ်လုပ်ချင်ရာကို အကောင်ထည်ဖော်ပါ ။
 
18. မိသားစုဝင်တွေကို ဘယ်လောက်ချစ်ကြောင်း တစ်ဖွဖွ ပြောပါ။

19. သစ်ပင် စိုက်ပါ။

20. သမိုင်းဝင် နေရာတွေကို ခရီးသွားပါ။

21. မိဘတွေဆီကို ပန်းစည်း လက်ဆောင် နဲ့ သူတို့ကြိုက်တဲ့ အစားအသောက် များ  တတ်နိုင် ရင်နေ့ စဉ် ပို့ပေးပါ။

22. ကြယ်တွေ အများကြီး နဲ့ လှပနေတဲ့ ည ကို ထိုင်ကြည့်ပါ။

23. မကောင်းတဲ့ အကျင့်ကို လုံးဝ စွန့်လွှတ်ပါ။

24. ဟာသ စာအုပ်တွေ များများ ဖတ်ပါ။

25. ကိုယ် ဘာဖြစ်တယ် ဆိုတာကို မေ့ထားလိုက်ပြီး ဘ၀ အသစ်နဲ့ စတင်ပါ။

26. မိမိ ကိုးကွယ်ရာ ဘာသာတရား ၏ အနှစ်သာရ ကို သိအောင်လေ့လာပြီး ကျင့်ကြံ ပါ။

 


Credit ပေးပါသည် ။
နတ်စည်တော် (ShweMOM)
Post U Aung (Ygn)


U Aung Naing

No comments:

Post a Comment