Saturday, May 14, 2016

ဖခင်တွေ အနေ နဲ့ ကိုယ့်အိမ်သူ သက်ထားတွေ ကို မပြောသင့်တဲ့ စကားများ




မိခင်တွေ အထူး သဖြင့် ကလေး မီးဖွားထားတာ' ကလေး ရထားတာ' တစ်နှစ် မပြည့်သေးတဲ့ မိခင် မျိုးတွေ ဟာ စိတ်ခံစားချက်တွေ ထိလွယ် ရှလွယ် ဖြစ်တတ်ကြပါတယ်။ အရင်တုန်း က နှစ်ယောက်တည်း ရှိချိန် ပြောနေ ကျ စကားမျိုးတွေ ကိုတောင် သူတို့ စိတ်ထဲ နာကျင် ခံစားနေတတ်ကြတာပါ။

ဒါပေမယ့် ဖခင်တွေ အနေနဲ့ လည်း ငါဟာ အပြင်မှာ ပိုက်ဆံ ရှာရတာပဲ' အလုပ်တွေ လုပ်နေရတာပဲ' သူ ကတော့ အိမ်မှာ ကလေး နဲ့ ဘာများ ပူပင်ရလို့လည်း ဆိုတဲ့ မှားယွင်းတဲ့ အတွေးမျိုးတွေ နဲ့ သူတို့ ကိုပြော ဆို ဆက်ဆံတာမျိုး မဖြစ်သင့်ပါဘူး' အိမ်သူ သက်ထားတွေ ဟာ သူတို့အမျိုးသားတွေလို အပြင်ထွက် အလုပ် မလုပ်ရ ရင်တောင် အိမ်တွင်းမှု ကို ဘယ်လိုနိုင်နင်းအောင် လုပ်ဆောင်ရမယ် ဆိုတာမျိုးတွေ' ကလေးတွေ အတွက် ဆိုတဲ့ စိတ်။ 

ဒါ့အပြင် ကိုယ့်အမျိုးသား လိုအင်ကို ဘယ်လိုဖြည့်စွမ်းရမယ် ဆိုတာတွေ နဲ့ ပင်ပန်းနေရသူ ဆိုတာ ကိုယ်ချင်း စာတတ် ဖို့ လိုပါတယ်။ သူတို့နေရာ မှာ "ငါသာ ဆိုရင်" ဆိုပြီး ကိုယ်ချင်းစာ စိတ်လေး ထားပေးမှ ရပါလိမ့် မယ်'   

ဒီတော့,,ခိုင်မြဲတဲ့ အိမ်ထောင်ရေး' သာယာပျော်ရွှင်ဖွယ်ရာ အိမ်ထောင်ရေး တစ်ခု ပိုင်ဆိုစေနိုင်ဖို့ ကိုယ့် အိမ်သူ သက်ထား ကို ဒီလို စကားမျိုးတွေ မပြောမိပါစေနဲ့။

(၁) ငါ တစ်ယောက်တည်း သီးသန့် အချိန်လေး လိုချင်တယ်။
တစ်နေ့လုံး အလုပ်လုပ်ပြီး ပြန်လာလို့ ကိုယ့် အမျိုးသမီးက ကိုယ့်နား လိုက်ပြီး စကားပြောတာ မျိုး' ထမင်း စားပြီး ချိန်မှာ ကိုယ့်ဘေးနား ကပ်ပြီး ရှိနေတာမျိုး ဆိုရင်' ကလေးမွေးထားတာ လေး ငါးလလောက်သာ ရှိသေး တဲ့ အမျိုးသမီး ကို အခုလို ဘယ်တော့မှ မပြောမိစေနဲ့။



(၂) ဒါက မင်း လုပ်ပေးရမယ့် အလုပ်။
ကလေးကို နို့တိုက်ပေးဖို့ ကိစ္စက လွဲရင် ဒါက မိန်းမတွေ လုပ်ရမယ့် အလုပ်။ မင်း လုပ်ရမယ့် အလုပ်လို့တော့ သွား မပြောပါနဲ့နော်။ ဖခင် အနေနဲ့ မလုပ်ပေးနိုင်တဲ့ အရာ ဘာများ ရှိနေလို့လဲ။

(၃) မင်း အိမ်မှာနေပြီး တစ်နေ့လုံး ဘာတွေများ လုပ်နေသလဲ။
ကိုယ်က အပြင်မှာ အလုပ်တွေ အသားကုန် လုပ်နေရချိန် မင်းကရော အိမ်မှာ ဘာတွေများ လုပ်နေလို့ ဒီ ကိစ္စတွေ မပြီး တာလဲ ဆိုတာမျိုး ပြောရင် တစ်ဖက်လူ က သူဘာတွေ လုပ်ရသလဲဆိုတာ သင့်ကို စာရင်း နဲ့ ပြန်ရွတ်ပြစေချင် သလို ဖြစ်နေပါလိမ့်မယ်။ 

တစ်ကယ်လို့ တန်းစီပြီးသာ ပြောရရင် လည်း သင် ပါးစပ် အဟောင်းသားဖြစ်သွားပါလိမ့်မယ်။ အိမ်သူ သက် ထားတွေဟာ ကလေး အလုပ်' အိမ်အလုပ် ကို ဇယ်တောက် သလို လုပ်ရတာပါ။ အိမ်မှာ အဖော် ရှိ ရင်တောင် မိခင် တစ်ယောက် အနေနဲ့ ကလေးဘေး မှာ တောက်လျှောက်မျက်ခြေ မပြတ် ရှိနေတာမျိုးဟာ ဘယ်လို မှ မလွယ်ကူပါဘူး။

(၄) ဒီ ဟင်းချက်ပြန်ပြီလား။
သင်ဟာ တစ်နေ့စာ တစ်နေ့ ဘာတွေ ချက်ပြုတ်ရမလဲ ဆိုတာမျိုး' စဉ်းစား စီစဉ် ရတာလွယ်ကူတယ် ထင်ရင် ကိုယ်တိုင်သာ ဝင်ချက်ပေးလိုက်ပါ' မဟုတ်ရင်လည်း သင့် ဇနီးကို သင် ဘာတွေစားချင်သလဲ ဆိုတာ စာရင်းပေး ထားလိုက်ပါ။

(၅) ငါ့ ရဲ့ ပစ္စည်း ဘယ်မှာ ထားထားသလဲ။
အပြင် သွားခါနီး' အလုပ် သွားခါနီး'ကိုယ်ထားနေကျနေရာ မှာ ကိုယ်လိုချင်တဲ့ ပစ္စည်း မရှိ တာနဲ့ ကိုယ့်မိန်းမ နာမည် အော်ခေါ်ပြီး နေရာပြောင်းထား လိုက်သလား မေးတာမျိုးလည်း ရှောင်ပါ။ အဲ့ဒီ အစား ငါယူလိုက် မိသေးသလား ဆိုတာမျိုး သေချာပြန်စဉ်းစားတာ ပိုကောင်းပါတယ်။

(၆) ကလေးတွေ ကို စည်းကမ်းလေး ဘာလေး လုပ်ထားပါဦးကွာ။
အိမ်မှာ ကလေးတွေ နဲ့ အတူနေတဲ့ မိခင် ကသာ ကလေးတွေ ကောင်းသည် ဆိုးသည် အခြေအနေအားလုံး သူ့ အပေါ်တာဝန်ရှိနေတာမျိုး မဟုတ်ပါဘူး။ ဖခင် တစ်ယောက်အနေ နဲ့ ယူရမယ့် တာဝန်တွေ ထဲမှာ ကိုယ့် သားသမီးတွေ ကို ဆို ဆုံးမနိုင်တာမျိုး' ပါတာပဲလေ။ ကလေးတွေ အပြစ် လုပ်တာနဲ့ မိခင်ကို မဲပြီးပြောတာမျိုး မဖြစ်သင့်ပါဘူး။
 



credit: Trend Myanmar
ဗဟုသုတ/အတွေးအခေါ်/ဒဿနများ မျှဝေရာ ဤမြန်မာ (2016)

No comments:

Post a Comment