Thursday, May 12, 2016

ကျောင်း စာကြည့်တိုက်




 
 
 ကျောင်း စာကြည့်တိုက် များသည် ပညာ သင်ကြားရေးတွင် ဆရာ၊ ဆရာမများ အဖို့ ၎င်းတို့က သင်ကြား ပို့ချပေးရမည့် သင်ခန်းစာများ ကို ပြင်ဆင် ရာ၌ ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာ ၍ မှီးငြမ်းပြုနိုင်ရန် အကျိုးပြုပေ သည်။ 
 
ထို့ပြင် ကျောင်းသား ကျောင်းသူများ အဖို့ သင်ယူနေကြရသော ကျောင်းသင် ဘာ သာရပ် ဆိုင်ရာ အချက် အလက် များ ပိုမိုကြွယ်ဝ လာစေရန်နှင့် ပြင်ပ ဗဟုသုတများ ကို ဝါသနာ အ လျောက် လေ့လာ ရှာမှီးနိုင်ရန် အားထားရာ ဖြစ်ပေသည်။

ကျောင်း စာကြည့်တိုက် များသည် ကျောင်းသား ကျောင်းသူများ အတွက် ဗဟုသုတ ရှာမှီးရာနေရာ များ ဖြစ်ပေ သည်။ ဗဟုသုတ ဘဏ်တိုက် တွင် အကျိုးပြု အသုံးဝင်သော စာအုပ် စာတမ်းများ ပြည့်စုံသည် ထက် ပိုမိုပြည့်စုံအောင် စုဆောင်းဖြည့်တင်းရေး သည် စာကြည့်တိုက် များ ရှင်သန် တိုးတက်ရေးအတွက် အရေးကြီးသော လုပ်ငန်းရပ် ဖြစ်ပေသည်။ 
 
စာအုပ် စာတမ်းကောင်း များ စုဆောင်းဖြည့်တင်း ရာတွင် ကျောင်းစာကြည့်တိုက်ကြေး ကောက်ခံ ရရှိငွေမှ လည်းကောင်း၊ မိဘ ဆရာ အသင်း၏ အကူအညီ အဖြစ် ရရှိသောငွေမှ လည်ကောင်း ရယူ သုံးစွဲ၍ စာအုပ် စာတမ်း အသစ်များ ကို အခါ အားလျော်စွာ ဝယ်ယူဖြည့် တင်းနိုင်ပေသည်။ 
 
 
၎င်းပြင် ဆရာ ဆရာမများ ထံမှလည်းကောင်း၊ ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူ များ ထံမှ လည်းကောင်း စာအုပ် စာတမ်း များကို အလှူခံ၍ စုဆောင်းနိုင်ပေသည်။ 
 
နည်းလမ်း အဖုံဖုံဖြင့် စာကြည့်တိုက် တစ်ခုတွင် စာအုပ် စာတမ်း များ ပြည့်စုံစွာ သိုမှီး ထားရှိနိုင်လေလေ ထို စာကြည့်တိုက်နှင့် ဆက်သွယ် ဖတ်ရှုလေ့လာသူများ အဖို့ အကျိုး များလေလေ ဖြစ်ပေသည်။

Special thanks .....ပညာလောက စာစောင်
 
 

No comments:

Post a Comment