Sunday, May 22, 2016

မိဘနှင့် သားသမီး ဆက်ဆံရေး






လူငယ် ဘဝတွင် မိဘနှင့် စိတ် အလိုမကျ ပဋိပက္ခလေးတွေဖြစ်တတ်ကြသည်။ မိဘ ကလည်း သားသမီးကို နားလည်မှု မပေး။ ကိုယ်ဖြစ်ချင်သည်ကိုသာ ကြည့်ပြီး အလျှော့ မပေးနိုင်။ သားသမီး ဘက်ကလည်း မှန် သည် ထင်ပြီး ဇွတ်တိုးချင်သောကြောင့် ယုံကြည်မှုနှင့် တန်ဖိုးထားမှုချင်း ပွတ်တိုက် မိကြတော့သည်။

 ဘော့ ဒီလန် ဆို သည့် ပုဂ္ဂိုလ် တစ်ဦးက ပြောသွားသည့် စကား တစ်ခွန်း သတိရမိသည် “ ကိုယ်နား မလည် တာနဲ့ သူတို့ ကို သွားပြီး မဝေဖန်လိုက် နဲ့။ သူတို့ ကိုယ့်စကားကို တစ်သက်လုံး နားထောင်တော့မှာ မဟုတ် ဘူး” ဆိုသည့် စကားတစ်ခွန်းမှာ စဉ်းစား စရာဖြစ်သည်။ 

သူတို့ကို ဦးစွာ နားလည်အောင် ကြိုးစားပြီးမှ ပြဿ      နာ  ကို ကိုင်တွယ်သင့်ကြောင်း ပြော ကြားခဲ့ခြင်းဖြစ် ပါသည်။

မိသားစု ဘဝတွင် အကောင်းမြင် စိတ်ထားများဖြင့် ဆက်ဆံနိုင်မည် ဆိုလျှင် သာယာသော မိသားစု ဘဝ တစ်ခုကို တည်ဆောက်နိုင်ကြပေလိမ့်မည်။ နားလည်မှု ရှိလျှင် အောင်မြင်သည်။ သို့သော် မိသားစု တိုင်း တွင် သားသမီးနှင့် မိဘ တို့သည် နားလည်မှု တည်ဆောက်နိုင်ကြသည်တော့ မဟုတ်ပေ။


မိဘနှင့် သားသမီး ဆက်ဆံရေးတွင် အရေးကြီးသည့် အချက်မှာ................................
-         တစ်ဦးနှင့် တစ်ဦး အပြန် အလှန်လေးစားစိတ်၊ နားလည်မှု၊ ယုံကြည်မှုနှင့် အလေးထားစိတ်များရှိခြင်း
-         မိသားစုနှင့် လက်ပွန်းတတီး အချိန်ပေးခြင်း၊ တစ်ဦးနှင့် တစ်ဦး ယုံကြည်မှုတည်ဆောက်ခြင်း၊ အပျော် အပျက် မိတ်ဆွေ သူငယ်ချင်းကဲ့သို့ နောက်ပြောင်ဆော့ကစားခြင်း၊ လုပ်ဆောင်ချက်များ အောင်မြင်မှုများ ကို အသိအမှတ်ပြု ချီးမြှောက်အားပေးမှုများရှိခြင်း
-         မိဘ အရိပ်တွင် လုံခြုံမှုရှိနေသည် ဟု ထင်မြင်နေခြင်းဖြင့် သံယောဇဉ်ကြိုးကို ခိုင်မာစေခြင်း တို့ဖြစ် သည်။



မိဘနှင့် သားသမီး မည်သည့် အခါ ပဋိပက္ခဖြစ်ကြသနည်း......................................
-         ကိုယ့် အတွေးနှင့် သူ့ အတွေး ထပ်တူ မကျသည်ကို နားလည်မှု မပေးနိုင်ခြင်း
-         တစ်ဦးနှင့် နားလည်မှု မပေး၊ အမှား ကို တစ်ယူသန် ကောက်ချက်ဆွဲကြသည်။ တစ်ဦးနှင့် တစ်ဦး ဖွင့်ပြော လိုက်လျှင် ပြီးသွားနိုင်သည့် ကိစ္စ၊ တောင်းပန်လိုက်လျှင် ပြီးသွားနိုင်ပါလျက် မာနကို အခြေခံပြီး မတောင်းပန်ခြင်း
-         ပေးထားသည့် လွတ်လပ်မှုထက် ပိုပြီး ရယူလိုခြင်း
-         မိမိအား ကလေးလေး တစ်ယောက်လို ထင်ပြီး ကိုယ်ရေး ကိုယ်တာက အစ လွတ်လပ်ခွင့် မပေး ချုပ်ခြယ် လွန်းခြင်း
-         မိဘများ တစ်ဦးနှင့်တစ်ဦး အဆင်မပြေခြင်း၊ အိမ်ထောင်ကွဲခြင်း၊ နောက်ထပ် သားသမီး တစ်ဦး ရလာ ခြင်း၊ အိမ်ပြောင်းရွှေ့ခြင်း
-         ဖိအား များသည် ဟု ခံစားနေရခြင်း၊ သူငယ်ချင်း၊ အလုပ်၊ စာမေးပွဲ၊ အိမ် အလုပ်၊ မိမိ ဆံပင်ပုံစံ၊ အဝတ် အစားက အစ ဘဝင်မကျ သလိုဖြစ်နေခြင်း ၊



ပဋိပက္ခကို မည်သို့ဖြေရှင်းကြမည်နည်း။....................................
အိမ်ထောင်စု တစ်ခုတွင် မိဘ ဆိုသည်မှာ ဦးဆောင် ဦးရွက်ပြုနေရ သည့် ခေါင်းဆောင်များဖြစ်နေသည်ကို လက်ခံ နားလည်ပေးရမည်။ လူငယ်ဘဝ တွင် လွတ်လပ်မှု ကို လိုလား သည်မှာ သဘာဝ ကျသော်လည်း မိဘ များ၏ ထိန်းချုပ်မှု ကိုလည်း နားလည်ပေးရန်လိုသည်။ 

သို့သော် ထိန်းချုပ်လိုက်လျှင် ပဋိပက္ခ ကတော့ စတင်ရမည်သာဖြစ်သည်။ မိဘ ဆိုသည်မှာ မိမိ တို့၏ သားသမီး များကို အကာ အကွယ်ပေးရန် တာဝန် ရှိသူများဖြစ်သောကြောင့် မကောင်းသည် ကို တားမြစ် ၊ ကောင်းသည် ကို လိုက်နာကြစေလိုသည် မှာ ဓမ္မတာသာဖြစ်သည်။

 ကောင်းစေလိုသောကြောင့် ဆုံးမခြင်း မှာ ဆုံးမ တတ်ရန် အရေးကြီး သလို နာလိုခံခက် အမျက် မထွက်စေ ရန်လည်း သတိပြုသင့်ပါသည်။

မိဘနှင့် သားသမီးကြား နားလည်မှုများ ရရှိစေပြီး ဆက်ဆံရေးကောင်းစေလိုလျှင်
-         သဘောမတူ ပြဿ         နာဖြစ်ကာ အငြင်းပွားစရာ များ ဖြစ်နေလျှင် ဆွေးနွေးခြင်းနည်းဖြင့် ဖြေရှင်းခြင်း ကသာလျှင် အကောင်းဆုံးဖြစ်သည်။ အပြန် အလှန် လေးစားပြီး ဖြေရှင်းလျှင် ပဋိပက္ခများ ငြိမ်းအေး နိုင် သည်။ ရန်သူများ မဟုတ်ကြသောကြောင့် မေတ္တာ ကိုဆောင်ပြီး အောင်မြင်အောင် လုပ်သင့်သည်။


-         သားသမီး ကလည်း မိဘပြောသည့် စကားကို သဘောပေါက်အောင် နားထောင် သင့်သည်။ မိဘ က လည်း သားသမီး နားဝင်အောင် ကြောင်းကျိုး ခိုင်မာစွာဖြင့် ရှင်းပြသင့်သည်။ ငါပြောသလို လုပ်၊ ငါလုပ်သလို လိုက်မလုပ်နဲ့ ဆိုသည့် သဘောမျိုးဖြင့် ပြောလျှင်လည်း အောင်မြင်မည် မဟုတ်ပေ။

-         အားလုံး ပြေပြေ လည်လည် ငြိမ်းချမ်းစွာဖြင့် ပြဿ       နာ   ကို ဖြေရှင်း သင့်ပါသည်။ ဒေါသ သည် နှစ် ဘက် စလုံး အတွက် အကောင်းဆုံး လက်နက် မဟုတ်ပါ။

-         အပြစ်တင်ခြင်း သည် အဖြေ မဟုတ်ပါ။ တစ်ဘက်သတ် စွပ်စွဲခြင်းဖြင့် လည်း ပြဿ       နာကို မပြေလည် နိုင်ပါ။
-         ပြဿ        နာ   တစ်ခုကို ဖြေရှင်းပြီ ဆိုလျှင် ဖြေရှင်းလိုသည့် အချက် ကိုသာ ဦးတည်ထားသင့်ပါသည်။ လမ်းချော်ပြီး အခြား အချက်များကို မရောက်သင့်ပါ။ ဆံပင်ဖြတ်လိုက် သဖြင့် မကျေ နပ်သောကြောင့် ဆွေးနွေးနေ ရာ က စာမေးပွဲ ကျသောကြောင့် မကျေနပ်မှု ကို လမ်းကြောင်း မပြောင်းလိုက်သင့်ပါ။ တစ်ခုနှင့် တစ်ခု မဆက် စပ်ဘဲ ဆူပူပြောဆိုခြင်း မလုပ်သင့်ပါ။


-         ပြဿ         နာကို ပူးပေါင်းဆွေးနွေးပြီး ဖြေရှင်းမည် ဆိုသည့် သဘောဖြင့်သာ ချဉ်းကပ် သင့်ပါသည်။ ငါသိ ငါတတ် ငါတော်သောကြောင့် ငါပြော သမျှ လက်ခံရမည် ဆိုခြင်းမှာ ဆွေးနွေးမှု အသွင် မဆောင်သော ကြောင့် ပဋိပက္ခ ကို ဖြေရှင်းနိုင်မည် မဟုတ်ပါ။
မိဘနှင့် သားသမီး ပြဿ         နာ   ကို ဖြေရှင်းရာတွင် (Problem Solving) စနစ်ကို ကျင့်သုံးကြည့်ရန် အကြံပေး တိုက်တွန်းလိုပါသည်။ ဤနည်းမှာ

-         ပြဿ            နာကို အတူတူ ဆုံးဖြတ်ခြင်းဖြင့် အဖြေကို ရမည်ဟု နှစ်ဘက်စလုံး က ယုံကြည်ရမည်
-         လွတ်လပ်စွာ ပြောဆိုခွင့်ပေးပါ။ ကိုယ်ပြောလျှင် သူ နားထောင်သလို၊ သူပြောချင်သည်ကို လည်း နားလည် ပေးပြီး နားထောင်ပေးရမည် ။

-         ပြဿ           နာတိုင်းတွင် ကြောင်းကျိုး ဆက်နွှယ်နေမှုများ ရှိသည်။ ဆက်စပ်သည့် သဘောတရား များကို နားလည်ပေးရမည်။ ကျူရှင် တက်ချင်သည်။ အတန်း ထဲတွင် လူတိုင်း ကျူရှင်ယူသည်။ အိမ်က ပိုက်ဆံ ထုတ် မပေးသောကြောင့် ကျူရှင် မတက်နိုင်။ ကျူရှင်ခေါ်သော ဆရာမ ကို အပြစ် တင်ရမည်လော။ ကျူရှင် အတွက် ပိုက်ဆံ ထုတ်မပေးနိုင်သည့် မိမိ တွင် အပြစ် ရှိသလော။ အဖြေ ကို ဆက်စပ် စဉ်းစားနိုင် ရန် လို သည်။


-         အဖြေ အတွက် တစ်ခုခု ကို ရွေးချယ်ရမည်။ ကျူရှင်ပေးတက်မည်လော၊ ကျူရှင် အတွက် ငွေကြေး ထောက် ပံ့ပေး မည်လော၊ ကျူရှင် မတက်ရအောင် လုပ်မည်လော၊ ကျူရှင် မတက် ရ သည့် ကျောင်း ကို ပြောင်းထား မည်လော၊ ကျူရှင် ယူနေရသည့် စနစ် ကို တိုက်မည်လော။ တစ်ခုခုတော့ ရွေးချယ်ကြရလိမ့် မည်။


-         ရွေးချယ်မှုသည် အောင်မြင်သွားလျှင် ကိုယ့်ကိုယ်ကိုယ် ကျေးဇူး တင်လိုက်ပါ။ အလုပ်မဖြစ် လျှင် ပြဿ   နာ ကို အစကပြန်ပြီး ကိုင်တွယ်ရတော့မည် သာဖြစ်သည်။


မိဘနှင့် သားသမီးကြားတွင် အကောင်းဆုံးပြဿ         နာဖြေရှင်းနည်း  မှာ အပြန်အလှန် ဆက်သွယ်ရေး စနစ် ကောင်း မွန်စေခြင်းဖြစ်သည်။ အပြန်အလှန် ဆက်သွယ်ရေး အတွက် အကောင်းဆုံး နည်းလမ်းမှာ “နားထောင်ပေးခြင်း” အလေ့အကျင့် ကို မွေးမြူကြခြင်းဖြစ်သည်။ 

မိဘ ကလည်း သားမီးပြောသည် ကို နားထောင်ပေးမည်၊ သားသမီး ကလည်း မိဘပြောသည် ကို နားထောင်ပေး မည်။ နားထောင်ခြင်း ယဉ်ကျေးမှုကို မိသားစု အတွင်း ပျိုးထောင်ထား နိုင်မှသာ ပဋိပက္ခ ကိုအောင်မြင် နိုင်ပါသည်။

မိဘ ကလည်း အပြု  သဘောဖြင့်ပြောမည်။ သားသမီး ကလည်း အပြု   သဘောဖြင့် ပြောနေသည်ကို နားလည်ပေးပြီး နားထောင်ပေးမည်။ စကားဆိုသည် ကလည်း ပြောသင့်သည့် အချိန်၊ ပြောသင့် သည့် အခါဟူ၍ ရှိပါသည်။ 

အားလုံး စိတ်အေး လက်အေးဖြင့် နားနားနေနေ ပြောဆိုဆွေးနွေးနိုင် လျှင် ပိုကောင်းပါသည်။ ဆဲဆိုခြင်း၊ ကြမ်းတမ်း စွာ ပြောဆိုခြင်း၊ ရိုက်ပုတ်ခြင်း တို့သည် ကျောက်ခေတ် အလေ့အထ များဖြစ်သည်ကို အားလုံး နား လည်ထားကြရန် လိုပေလိမ့်မည်။ 

သားသမီးဖြစ်သောကြောင့် ငါပြော သမျှ ငါလုပ် သမျှ ခံရမည် ဆိုသည့် အမြင်ဖြင့် ဆွေးနွေးလျှင် မအောင်မြင်နိုင်ပေ။

လူငယ် ဘဝ တက်ကြွမာန များကို မိဘများ ကလည်း ကိုယ် လူငယ် ဘဝက လာသောကြောင့် သတိထား ရပေလိမ့် မည်။ သားသမီးများ ကလည်း တစ်ချိန် အရွယ်ရောက် လာလျှင် မိဘ ၏ ဆုံးမပြောကြားခဲ့မှု များ ကို ပြန်လည် ခံစားပြီး နားလည်မှုပေးနိုင်လိမ့်မည်။ 

“ တစ်ချိန် က လူငယ်၊ နောင်ဝယ် လူကြီး” ကိုယ်ချင်း စာစိတ် ထားများဖြင့် သဘောထားကြီးခြင်းဖြင့် သာ ကောင်းမွန်သော မိသားစု ဘဝ ကို တည်ဆောက်နိုင်ပေလိမ့်မည်။ 




Written by အယ်ဒီတာတစ်ဦး
http://www.maukkha.org/index.php/book-store/reading-room-maukkha/9681-2016-05-19-08-36-22


No comments:

Post a Comment