Tuesday, May 24, 2016

( ELCB ) နှင့် ( RCCB )

Maung MaungMyint's photo.






Earth Leakage Circuit Breaker (ELCB)
Residual Current Circuit Breaker (RCCB)


တစ်ခါက ဆရာဝန် အမျိုးသမီး တစ်ဦးဟာ အိမ်မှာ ရေပူ Instant Water Heater ဖွင့်ချိုးရင်း  မတော်တဆ ဓါတ် လိုက် သေဆုံးခဲ့ ဖူးတယ်။ တစ်ခါက ၅၁ လမ်း မှာ အမျိုးသမီး တစ်ဦး မနက်စောစော ရေ တင် ရင်း ရေ မလာ တဲ့အတွက် မြေညီ လှေကားရင်းက ရေမော်တာ ကို ဆင်းပြီး စစ်ပါတယ်။ ပြန်လာချိန်တိုင်အောင် မတက် လာ လို့ အိမ်သားတွေ ဆင်းကြည့်ရာမှာ ဓါတ်လိုက်ပြီး သေဆုံးနေတာ တွေ့ရပါတယ်။

ရက်ပိုင်းအတွင်းကပဲ စဥ့်ကူးမှာ မောင်နှမလေးယောက်  ပေါက်နေ တဲ့ ဓါတ်ကြိုး က တစ်ဆင့် မတော်တဆ ဓါတ်လိုက် လို့ သေဆုံးကုန်ကြတယ်။ Electrocution လို့ ခေါ်တဲ့ ဓါတ်လိုက်တဲ့ အခါ မီးကြိုး Live wire ထဲက လျှပ်စစ်ဓါတ် ဟာ ကိုယ်က တစ်ဆင့် မြေကြီးထဲ ဖြတ်သန်း စီးဆင်းဝင်ရောက်ပါတယ်။ ဒီ အခါ နှလုံး ကို ဖြတ်ပြီး စီး ပါတယ်။

လူ့ နှလုံးဟာ တစ်မိနစ် ၇၂ ကြိမ် မှန်မှန် ခုန်နေဖို့ SA Node နဲ့ AV Node လို့ခေါ်တဲ့ လျှပ်စစ် ထုတ်ပေး ရာ နေရာလေး ၂ ခု နှလုံးမှာ ရှိပါတယ်။ နှလုံး တစ်ချက်ခုန် ဖို့ လိုတဲ့ လျှပ်စစ်ဓါတ်အား ဟာ မီလီဗို့ mV လောက်လေး လိုရာမှာ 220V ဝင်ရောက်ဖြတ်သန်း သွားတဲ့ အတွက် နှလုံးခုန်ရပ် ဒါမှမဟုတ် Fibrillation လို့ခေါ်တဲ့ တစ်မိနစ် အကြိမ် ၄၀၀ ကျော် နှလုံးခုန်နှုန်းကြောင့် သေဆုံးတာပါ။

ရှေ့ဦးသူနာပြု Cardiopulmonary Resuscitation (CPR) ကို သေသေ ချာချာ တတ်ကျွမ်းသူ တစ်ယောက် အနား မှာ ရှိရင်တော့ ဖြစ်ဖြစ်ချင်း ၇ မိနစ်လောက်မှာ အသက်ပြန်ရှင်အောင် ကယ်တင်နိုင်ပါတယ်။

ဒီလို မတော်တစ်ဆ အဖြစ်မျိုးဟာ အချိန်မရွေး ကိုယ့်မိသားစု ကိုယ့် လုပ်ငန်းခွင်မှာ ကြုံရနိုင်ပါတယ်။
တစ်ကယ်တော့ ဒီလို မတော်တစ်ဆ ဓါတ်လိုက်တာ မဖြစ်အောင်  ခေတ်မီတဲ့ လျှပ်စစ် အကာ အကွယ် ပစ္စည်းတွေ ရှိနေတာကို  သိရမယ်။

ဒါကို တပ်ဆင် အသုံးပြုမယ် ဆိုရင်တော့ ဒီလို မတော်တစ်ဆ လျှပ်စစ်ဓါတ်လိုက် လို့ သေဆုံးရတာကို ကာကွယ်နိုင် ပါတယ်။ အိမ်တွင်း မီးသွယ်တန်းရာမှာ မီတာ ကနေ အိမ် အတွင်းကို Live Wire နဲ့ Neutral Wire ၂ချောင်း ဝင်ပါတယ်။

အိမ်အဝင် Main Breaker ကို များသော အားဖြင်း သာမန် Load Breaker တပ်လေ့ ရှိပါတယ်။ ဒီ Main Breaker ကို Earth Leakage Circuit Breaker (ELCB) ဒါမှ မဟုတ် အခု နောက်ပေါ်တဲ့ Residual Current Circuit Breaker (RCCB) နဲ့ ပြောင်းလဲ တပ်ဆင်ဖို့ လိုပါတယ်။

အများသုံးနေတဲ့ Load Breaker တွေဟာ Load များ လာရင် ဖြုတ်ချပေးနိုင်ပေမယ့် ဓါတ်လိုက်ရင် ဖြတ်ချပေး မယ့် အလုပ် Function မပါပါဘူး။ အခု ELCB နဲ့ RCCB တွေမှာ ဓါတ်လိုက်ရင် လူကို မထိခိုက်အောင် ဖြုတ် ချပေးမယ့် Function ပါပါတယ်။



RCCB တွေဟာ မီးခလုတ် ပိတ်လိုက်ပြီး တဲ့နောက် မီးကြိုး အတွင်းမှာ mA လောက် လျှပ်စစ်ဓါတ် ကျန်နေ ပါတယ်။ ဒီအခါ အဲဒီကြိုး ကို မတော်တဆ ကိုင်မိရင်တောင် ဒီ လက်ကျန် Residual Current မီလီ အမ်ပီယာ ဟာ လူက တစ်ဆင့် Leak ဖြစ်ပြီ ဆိုရင် RCC Breaker ပြုတ်ကျတဲ့ အထိ အလုပ်လုပ်ပါတယ်။

ဆိုလိုတာက  အိမ်မှာ RCCB တပ်ထားတယ်။  မီးခလုတ်ပိတ်ပြီး လျှပ်စစ် မီးဖို အဝင်က Coil ကြိုး ကို ပြင်ဆင် မယ် ဆိုရင်တောင် လက်ကျန် မီလီဗို့ က လူထဲ ကို ဖြတ်တာနဲ့  Main RCCB ဟာ ပြုတ်ကျပါတယ်။ ဓါတ်မလိုက်ပါဘူး။

 
Maung MaungMyint's photo.

Maung MaungMyint's photo.


ဒါကြောင့်မို့ အိမ်မှာ ရေပူစက် Water Heater တွေ Electric Stove တွေ ရှိတဲ့ အတွက် တပ်ဆင်သင့် ပါတယ်။
ပုံထဲက အတိုင်း  Main Breaker ညာ အစွန်မှာ RCCB ကို တပ်ပြီး အဲဒီကမှ တစ်ဆင့် ကျန်တဲ့ ဆိုင်ရာ အခန်း များ အတွက် သီးသန့် Breaker များ တပ်ဆင်ထားလေ့ ရှိပါတယ်။

သီးခြား Breaker တွေ ပြုတ်ကျရင် အဲဒီမှာ overload ဖြစ်နေတာဖြစ်ပြီး RCCB ပြုတ်ကျရင်တော့ တနေရာမှာ ဓါတ်လိုက်နေပြီဖြစ်တယ် လို့ သိနိုင်ပါတယ်။


ELCB သို့ RCCB တွေမှာ Amp ၂မျိုး ဖော်ပြထားလေ့ ရှိပါတယ်။ 40 Amp.... 20m Amp စသည်ဖြင့်ပါ။
ပထမ Amp ဟာ ခံနိုင်ရည် Work Load ကို ဖော်ပြတာဖြစ်ပြီး (Load Amp) mAmp ကတော့ Residual Current ဘယ်လောက်မှာ ဖြုတ်ချပေးမလဲဆိုတဲ့  (Residual Current Load) ကို ပြပါတယ်။


mAmp နည်းလေ ပိုပြီး Sensitive ဖြစ်လေမို့ ဘေးကင်းပါတယ်။ 40 mA ထက် သေးတာ ကို ရွေးသင့်တယ် ဆို ပါ တယ်။ less than 300 millisecond အတွင်းပြုတ်တယ် လို့လည်းသိရပါတယ်။

ဒီလို တပ်ဆင်ထားတဲ့ အခါ ကြုံဖူးတာ ကတော့ လျှပ်စီးလက်တဲ့ အချိန်မှာ အိမ်တွင်း Earth wire ကနေ အနည်း ငယ်သော (mAmp) လျှပ်စစ် တစ်ချို့  ဝင်လာတဲ့ အတွက် RCCB ပြုတ်ကျသွား တာပါပဲ။

Maung MaungMyint's photo.



၁။ ဒီ ပစ္စည်းဟာ အလွန် နုနယ်တဲ့ အတွက် ဝယ်ယူလာစဉ် မတော်တဆ လွတ်ကျရင် Leakage Breaker function ပျက်နေတတ် ပါတယ်။ သတိထားကိုင်တွယ်ပါ။ breaker မှာပါတဲ့ trip ဒါမှ မဟုတ် test ခလုတ် ကလေး ကို အနည်းဆုံး တစ်လ တစ်ကြိမ် နှိပ်ကြည့်ပြီး ကောင်း မကောင်း စမ်းပေးရပါမယ်။

၂။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ELCB တစ်လုံးဟာ ကျပ် ၆၀၀၀၀ လောက် ဈေးကြီးပေမယ့် အခု တသောင်းကျော် နှစ်သောင်းလောက်သာ ရှိပါတယ်။ တံဆိပ် ကို လိုက်ပြီး ဈေးနှုန်း ကွာပါတယ်။

၃။ ဒါကို တပ်မယ် ဆိုရင် အိမ်မှာ Ground Wire သို့ Earth Wire ရှိရပါမယ်။ Earth rod လို့ ခေါ်တဲ့ ၇ ပေ ၈ပေလောက် ရှည်တဲ့ ကြေးချောင်း တစ်ချောင်း မြေ အတွင်း အနက် ၁၀ပေ ၁၅ ပေလောက် ရိုက်ထည့်ရ ပါတယ်။ 

Earth Rod ကလည်း သိပ် ငွေကုန်ကြေးကျ မများပါဘူး။ တစ်သောင်းခွဲလောက် ရှိမယ် ထင်ပါတယ်။ တပ်ကျွမ်း တဲ့ ပညာရှင်ကို ခေါ်ပြီး တပ်ဆင်သင့်ပါတယ်။ ဒီလို ပစ္စည်းတွေ ရှိကြောင်း မသိသူတွေရှိသလို
အရင်က ဈေးကြီးလွန်းလို့  ဒါမှမဟုတ် ပစ္စည်းရှားပြီး ရှာရခက်လို့ မတပ်ဆင်နိုင်တာလည်း ရှိပါတယ်။



 Maung MaungMyint's photo.


ဒါကြောင့် အခုလို ပစ္စည်းတွေလည်း ပေါများ ဈေးလည်း လက်လှမ်းမီတဲ့ အနေအထားမှာ မိမိအိမ်မှာ တပ် ဆင် မယ်ဆိုရင် အပေါ်က ပြောပြခဲ့တဲ့ ကြေကွဲဖွယ် ရာ မတော်တဆမှုတွေကို ရှောင်လွှဲနိုင်မှာပါ။

အိမ်တွင်း လျှပ်စစ်မီးတွေကို ရံဖန် ရံခါ ကိုယ်တိုင် ပြင်ဆင်တတ်တဲ့ ကျွန်တော်ဟာ တစ်ချိန် တစ်ခါက မီးဖွင့် ထားတဲ့ Live Wire ကို Insulator Cover မပါတဲ့ Cutter နဲ့ မတော်တစ်ဆ ညှပ်လိုက်မိပါတယ်။

အိမ်မှာ တပ်ဆင် ထားတဲ့ RCCB ပြုတ်သွားခဲ့လို့ ကနေ့ ဒီစာကို ရေးပေးနိုင်တာပါ။
 

(၂၁.၅.၂၀၁၆)
Maung MaungMyint 

No comments:

Post a Comment