Thursday, June 2, 2016

အော်တို ဂီယာ အကြောင်း

True Man's photo.




ကီလို 100 ကျော်နေရင် အရှိန်ကို O/D နဲ့လျှော့ပါ ။ 
ကီလို 60/70 ဆိုရင် အရှိန်ကို 2 နဲ့လျှော့ပါ ။
 L ကတော့ ဝိတ် နဲ့ အမြင့် တက်ရင် သုံးပါ...
[ " ကီလို-၁၀၀-အေးဆေး ပါ------ဒါပေမယ့်--၁-စက္ကန့် မှာ-၈၈--ပေ--သွားနေတာတော့-သင်သိပါ-" ]
 

၁-စက္ကန့်မှာ-၈၈-ပေ-သွားနေတာကို အချိန်မီ ထိန်းချုပ်နိုင် မှ-ကားတစ်စီးဟာ -ဘေးကင်းစွာ ရပ်တန့်သွား မှာပါ-
 

ကား ရဲ့လားရာ အမှန်ကို - လက်ကိုင်ဂွေ ကို-ထိန်းချုပ်လို့ တစ်မျိုး--ကားမြန်နှုန်းကို-ဂီယာ-ဘရိတ်-များနဲ့ စနစ် တစ်ကျလည်း ထိန်းချုပ်တတ်ရ ပါသေးတယ်-

အဓိက-ပြောပြချင်တာ ကတော့-ခုခေတ်ပေါ် လူစီး-ကား  အားလုံး  နီးပါးမှာ-AT/CVT-စနစ် များနဲ့ လာတဲ့ -အော်တို ဂီယာ-ဖြစ်လို့သွား ပါပြီ-


--ယခင်မော်ဒယ်များ မှာ-ပါနေကျ--ဂီယာ ဘုတံကြီးဘေးနားက--အသီးလေးဖြစ်တဲ့--Over Drive- On/Off--ဆိုတဲ့ ဖန်ရှင်လေးကို-- အရှိန်-90/100km--လောက်နဲ့မောင်းနေရင်း--လမ်းရဲ့-curve--တွေ-band ---တွေ ကိုရောက်လာတဲ့ အခါ--ဘရိတ်ကို အရင် မဖမ်းပဲ--- O/D --On-Off-- ဖန်ရှင် ဘုလေးကို-ဖွင့်လိုက် ပိတ် လိုက် ကစားပြီးမောင်းတတ် ဘို့-ကိုလည်း လက်တွေ့ပြောပြလိုက်ပါတယ်--



-P- နဲ့ -R-- ကို ထိုးဘို့နှိပ်လိုက်ရတဲ့ ဘု  အကြီး မဟုတ်ပါ---ဒါနဲ့ မမှားပါနဲ့-- အဆိုးဆုံး က-ဒီ ဘုလေး အလုပ်လုပ်ပုံ ကို ဘာမှန်း မသိ-ညာမှန်း မသိပဲ--ကိုင်လို့ကောင်း-ကြည့် လို့ကောင်းအောင် --အလှအပ အစွပ်တွေ စွပ်လိုက်တာ ဟာလည်း- စနစ် တစ်ကျမောင်းဘို့ ကို သင်ပေးလို့ မရတော့ပါဘူး--


တတ်နိုင်ရင် လက်ကိုင် ဂီယာတံကို ဘာမှ မစွပ်ပါနဲ့--ဟုတ်တယ်ဟုတ်- ဒီ-ဘုလေး-အဖွင့်အပိတ် ကို--ကီလို မနဲ မများ  အရှိန်လောက်ရောက် မှ-စမ်းကြည့်ရင် သူ့ရဲ့အလုပ် လုပ်ပုံက သိသာစွာတွေ့ရ ပါတယ်--မြို့ ထဲနှေးနှေးမောင်းနေတဲ့ အချိန် မျိုးမှာတော့--ထူးခြားတာတွေ့ရမှာ မဟုတ်ပါ---
 



ဟိုက်ဝေး လမ်းကြောင်းပေါ်မှာ--ကီလို-မနဲ မများ နဲ့----၉၀-၁၀၀-ကျော်ကျော်လောက်မောင်းနေ ရင်း--စောစော ကပြောပြတဲ့-ဂီယာ တံ လက်ကိုင်ကြီးအောက်နားက- ဘေးဘက်မှာ ရှိတဲ့- ဒီ ဘုသီးလေး ကိုနှိပ်လိုက် ရင်--ဒိုင်ခွက် ထဲမှာ--O/D --On-Off --ဆိုတဲ့ လိမ္မော်ရောင်-မီးလေး လင်းလာပါလိမ့်မယ်-
 

-ဒီ အချိန်မှာ--ဒီဖန်ရှင် က စတင် အလုပ်လုပ်ပါပြီ--
-ကား ရဲ့တက်လာတဲ့-Speed--ကို-ကွန်ထရိုးလေး လုပ်လိုက်ပါပြီ--ကား--အရှိန်နှုန်းမြန်လာမှု ကို- သတိပေး ချုပ်ချယ် လိုက်ပါပြီ-




ဂီယာဘောက်ခေါ်တဲ့ ထရန်စမစ်ရှင်း အားကိုးနဲ့ အရှိန် အမျိုးမျိုးပြောင်းကာမောင်းနေတဲ့-ကား-အမြန်နှုန်း ဟာ-ရုတ်တစ်ရက်---စည်း--ကနဲဖြစ်သွားပါပြီ-



-လွတ်လွတ် လပ်လပ်ပေါ့ရွှတ်ရွှတ်ကြီး- နဲ့ပြေးချင်တိုင်းပြေး မနေတော့ပါဘူး-- -ဒီတော့-- Over Drive --မဖြစ်အောင် ထိန်းထားပေးတဲ့ သဘောလည်း သက်ရောက်သွားပါတယ်--


ဒီအချိန်မှာ ဘရိတ်ကို လိုအပ်လို့မှေးမယ်-နင်းမယ် ဆိုပါတော့- အင်ဂျင် ကွန်ထရိုး တစ်ခုက-လိုအပ်သလို ပံ့ပိုး ထားလို့--ဘရိတ် အတွက်လည်း အထောက်အကူပြုပါတယ်-- အမြဲတန်း-ဒီဘုလေးကို -နှိပ် ထား ပြီးမောင်း ရင် လည်း ရပါတယ်----

ဒိုင်ခွက်ထဲမှာ-လိမ္မော်ရောင်မီးလေး လင်းလာတာကိုမြင်ရပါမယ်--- နိုင်ငံခြားမှာတော့- ဟိုက်ဝေးလမ်းကို တက်လိုက်ပြီ ဆိုတာနဲ့ အပြီးနှိပ်မောင်းတယ်လို့ သိရပါတယ်--သူ့ အဓိပါယ် အရလည်း--အိုဗါဒရိုက်--မဖြစ်အောင် လုပ်ထားပေးတယ် ဆိုပါတယ်-


သူတို့ကတော့-ဆီလေးနဲနဲ ပိုစားတာကို ဂရုစိုက်ဘို့ မလိုဘူးလေ--ဒီမှာက--ဒါမျိုးကို လုပ်ဘို့ အသာထား-- ဆီစား သက် သာအောင်-ဘာ ဂီယာဖြစ်ဖြစ်- ဖရီးရိုက်နေတာကိုတွေ့နေရပါတယ်----ဂီယာ ကွန်ထရိုး မပါပဲ လွတ်လွတ် လပ်လပ်ကြီး သွားနေတဲ့ ကားဟာ အလွန် အန္တရာယ် များပါတယ်--



ကား ရပ်ဘို့အတွက်-ဘရိတ် တစ်ခုထဲပဲ အားကိုးပြုရတော့မယ်-- ဒါဟာ မကောင်းပါဘူး-- အိုဗါဒရိုက် ကွန်ထရိုး နဲ့ သုံးပြီး ကားကို အရှိန်နဲ့မောင်းနေတဲ့ အခါ- -စည်းစည်း လုံးလုံး နဲ့မောင်းနေတာကို သိရမယ်---ဒါပေမယ့်--ဆီတော့ နဲနဲ ပိုစားပါမယ်----
 

လမ်းကွေ့တွေ- အစောင်းတွေရောက်တဲ့ အခါ--မှာ--ရုတ်တရက်--အရှိန် များသွားတာကို မခံရပါ--OverDrive --ဖြစ်လာမှာကို တားဆီးပေးထားတာပါ-- နင်းလိုက်ရင်လည်း--စည်းစည်း လုံးလုံးနဲ့ ကား ကပြေး မယ်-လီဗါကို လွှတ်လိုက်ရင်လည်း--ကားက--ဂီယာအောက် တစ်ချက်ကို ဆင်းသွား သလို--ငြိမ့်ကနဲ-
ကွန်ထရိုး အငယ်စားလေး-တစ်ခု ၀င်သွားကာ-ထိန်းလို့ သိမ်းလို့ကောင်းမယ်ပေါ့ဗျာ--


ဘရိတ် အားကိုးနဲ့ ထင်တိုင်း မမောင်းရပါဘူး-- ကိုယ်မောင်းနိုင်တဲ့ အခြေအနေ-လမ်း အခြေအနေ များကို တွက်ဆကာ--ကိုယ်နိုင်တဲ့ ကွန်ထရိုးနဲ့ ကားကိုမောင်းရပါတယ် ခင်ဗျာ--
[ ဂီယာတံ လက်ကိုင် ဘုပေါ် လက်ကလေးတင်--အော်တိုဂီယာလို့ -သဘောမထားပဲ--ဒီ-ဘုသီးလေး ကို-လိုအပ်တဲ့ အခါ-ဖွင့်လိုက် ပိတ်လိုက်နဲ့မောင်းတတ် ရင်တော့- အကောင်းဆုံးပေါ့ဗျာ-]


-ကားမောင်းရင်း အပျင်းလည်းပြေ တာကိုတွေ့ရမှာပါ-လုပ်စရာ အလုပ် တစ်ခုကိုလည်း အမြဲလုပ်ပြီး သားဖြစ်နေတော့--အိပ်ငိုက် လာတဲ့-စိတ်လည်း- မရှိတော့ဘူးပေါ့--မောင်းချင်သလိုမောင်း--ကွေ့တွေ -အစောင်းတွေတွေ့တာ နဲ့ ဘရိတ် ကို ရုတ်တစ်ရက် ဖမ်းရင်--ဗဟိုခွါအား တို့--အီနားရှား တို့ဆိုတဲ့ သဘော နဲ့ကား ကမှောက်တတ်ပါတယ်- လမ်းကြောင်းလွဲထွက် တတ်ပါတယ်----

မော်တော်ကား ရဲ့-ဘရိတ် ဆိုတာ---**** ဘီး-၄-ဘီး  ကိုသာ ရပ်တန့်စေတဲ့  ကိရိယာပါ--****
***ကား  တစ်စီးလုံးကို  ရပ်တန့်စေတဲ့--အရာ--မဟုတ်ပါ--ဆိုတာကိုလည်း--သိသူ အလွန်နည်းပြီး--ဘရိတ် အားကိုး နဲ့မောင်းနေကြသူများနေလို့ပါ--



စောစောကပြောခဲ့တဲ့--အိုဗာဒရိုက် ကွန်ထရိုး ဘု အသေးလေးက--နောက်ပေါ်ဇစ်-ဇက်-ဂီယာတံ နဲ့ လာတဲ့-ကား အချို့မှာတော့ သီးခြား ပါမလာတော့ပါဘူး-- (3- AT--ပဲ ရှိတဲ့ မီနီထရပ်ခွေးဘီလူး အုပ်စု ကားများ မှာ မပါပါ-)



ဇစ်-ဇက်- ဂီယာတံ နဲ့ လာတဲ့-ဒီ ကားမျိုး မှာတော့---D- နဲ့-ကပ်လျက်နေရာမှာ--S--ဆိုပြီးရေးထားပါတယ်--အရှိန် များလာရင်--စောစောကပြောထားတဲ့-ဘုသီးလေးကိုနှိပ်သကဲ့ သို့---သဘော ထားပြီး- ဂီယာတံ ကို -D--နေရာ မှ--S--နေရာ ကို-ရဲရဲ တင်းတင်းပြောင်းလိုက်ပါ---ကား အရှိန်က-စနစ် တစ်ကျလျော့ကျ သွား တာ ကိုတွေ့ရပါမယ်--ရိုးရိုး -AT- ဂီယာတံက -2- ကိုပြောင်းလိုက် သလိုပါပဲ-


ဒါလည်း--အိုဗါဒရိုက် ကွန်ထရိုး ပါပဲ--မိမိ ထိန်းသိမ်းနိုင်တဲ့ အရှိန် ကိုပြန်ရတော့မှ-D-ကိုပြန်ထား လိုက်ပါ --မြေပြန့်လို ခရီးဝေးသွားရင်- ဒီလောက်တော့-ကွန်ထရိုး အသီးသီး လုပ်နိုင်ရပါမယ်---ကျန်တဲ့-ဂီယာ -နေရာပြ -2- တို့--L-- တို့အကြောင်း ကတော့--သာမန်မောင်းမယ့် သူများ အတွက်-နေပြည်တော် လိုမြေပြန့် လမ်း အတွက်- သုံးစရာ မလိုပါ---တောင်ပေါ်/မြေပြန့်-တက်လိုက် ဆင်းလိုက် လုပ်တဲ့ အခါမှ သုံးရမှာမို့ -ခုတော့ ရှင်းမပြသေးပါဘူး--ခုပြောနေတဲ့ခေါင်းစဉ် နဲ့ မဆိုင်လို့ပါ-



ခုလို အခါမျိုး ခရီးသွား ရာသီရောက်လာတာနဲ့ အမျှ-အမြန်လမ်း အသီးသီးမှာ-ကားမျိုးစုံ-က-မိုင်နာ-ရော -မေဂျာရော -အက်ဆီးဒင့် ခဏ-ခဏဖြစ်နေကြတာ ကိုလည်း- တွေ့နေ-မြင်နေ ရတော့-ဖြေဖျောက် ဘို့ လည်း မလွယ်-မျက်စိထဲ တ၀ဲဝဲလည်လည်-မြင်ရအားကြီး လို့--မျက်စိနောက်-နားငြီးအောင် သတိပေး စကားပြောကြားနေရတာပါ-
 


ထပ်မံပြီး ခု-ဆက်တိုက်ရောက်ရှိ လာတဲ့ ခေတ်မီ ကားများ အကြောင်းထဲက --ခေတ်မီ ကိရိယာ ကွန်ထရိုး များ အကြောင်းလည်းပြောပြချင်ပါတယ်-
 

ဘရိတ် စနစ် များ ကလည်း--ABS--ဆိုတဲ့--Anti Locked Braking System---များ ပါလာ ကြပါတယ်----
ဘရိတ် စနစ်ကို စပြောပါ့မယ်----ဘရိတ် ဖမ်းလိုက်တဲ့ ပုံစံကို-ဘီး ကို-လော့ချလိုက်တယ်ပေါ့--ဘရိတ်ကို-လွှတ်လိုက်တယ် ဆိုပါတော့--လော့ မချလိုက်တော့ဘူးပေါ့-
 


ကဲ--အန်တီလော့ ဘရိတ်စနစ် ဆိုတာ-ဘာကိုလဲ ဆိုတော့--ဘရိတ်ကို ရုတ်တရက်-လော့ချလိုက်တာကနေ-ခဏပြန်လွှတ်---ပြီးမှ-တစ်ဘီးချင်းစီ ကို- လည်ပတ်နှုန်းမြန် အရ-- ဖိအားကို စနစ်တစ်ကျ တွက်ချက် လွှတ်ပေး လို့-ဘရိတ် အမိ ညင်သာ သွားပါတယ်- 

အင်မတန်မြန်တဲ့ အချိန်လေး အတွင်းမှာ-ကွန်ပြူတာ အာရုံခံ စနစ်များက-ဘရိတ် ဘူစတာ-ကိရိယာက တစ်ဆင့်- ဘီး တစ်ဘီး ချင်း စီရဲ့-ဟိုက်ဒရောလစ် ပိုက်-အသီးသီးကို သက်ဆိုင်ရာ ရှိသင့်တဲ့ ဖိအား အလိုက် တွက်ချက် လွှတ်လိုက်ပါပြီ-


ကား တစ်စီး တည့်တည့် မတ်မတ် သွားနေတဲ့ဖြစ်စဉ် တစ်ခု အတွင်းမှာသာ-ဘီး-လေးဘီး က အညီအမျှ လည်ပေး ပါတယ်--ဒီ အချိန်မျိုးမှာ-ဘီး-၄-ဘီး ရဲ့-ဘရိတ် ကိုတော့- အညီအမျှ ဖမ်းပေးပါ လိမ့်မယ်--ဒီ အခြေ အနေ နဲ့-ဒက်စတော့-ဆိုတဲ့-တစ်ချက်ကောင်း အမြန် ဖမ်းခဲ့ရင်-ယခင် ကားဟောင်းများ အတွက် စနစ်ဟောင်း နဲ ဆိုပါက- ကျွိ-အိ-အိ-ဗျိ---ဆိုတဲ့--လမ်း နဲ့ တာယာ ပွတ်သံ ကျိမ်းသေ ထွက်မှာပါ---



လမ်း မှာလည်းမြင်မကောင်း--အောင်--တာယာ ပွတ်သွားတဲ့ လမ်းကြောင်း ဟာလည်း-မြွေလိမ် -မြွေကောက် -သဏ္တန် ကျန်ခဲ့မှာပါ-- ကား ရပ်သွားပေမယ့်-အိနြေ္ဒပျက် ပါတယ်----ဘရိတ် မိပြီးချိန်-တာယာ အားလုံး ရပ်ပြီးချိန်ရောက်မှ-ဘရိတ် ဒရွတ်ဆွဲ လိုက်တဲ့-အရှိန်နဲ့-ရှေ့က -Object-တစ်ခုခု ကို သွားတိုက် ပါ လိမ့်မယ်--- 


ဒီ အချိန်မှာ ကား ဟာ-ဘီးတတ်ထားတယ် ဆိုသော်ငြားလည်း--ဘီးတွေ အားလုံး ရပ်လျက် အနေထား နဲ့ ဖြစ်ကုန်လို့- -အရာဝတ္တု တုံးကြီး တစ်ခုလိုဖြစ်သွားပြီး--အီနားရှား သဘောနဲ့ရွေ့မြဲရွေ့နေ လိုတဲ့ သဘော ရှိနေ လို့----လမ်း နဲ့-ဘီး ရပ်လျက် အနေထား တို့ရဲ့-ပွတ်မှု အနေထားဖြစ်စဉ်များ အရ- တစ်နည်း အားဖြင့် --ဘရိတ် ဖမ်းလိုက်တော့မှ လမ်းဘေး ကို ထိုးကျ သွားတာတို့- -ရှေ့ကားကို လွဲသွားပေမယ့် --ဘေး ကကျော် တက်လာတဲ့ ကားနဲ့ -တွေ့သွားကြတာ တို့ ဖြစ်ကြရပါတယ်--

တစ်နည်း အားဖြင့်-ဘရိတ် အမိကြမ်း ခဲ့လို့--ဒရွတ်ဆွဲ သွားတဲ့ပြသနာ ဆိုးကျိုး တစ်ခုပေါ့ဗျာ--ဘီး မလည်တော့ -ကား ရဲ့လားရာ ကို ကွန်ထရိုး မလုပ်နိုင်တော့ပါဘူး- ကွန်ထရိုး မလုပ်နိုင်တဲ့ သဘောတရား များ ကိုပြောပြရရင်--ရှင်းလေ ရှုပ်လေတော့ နဲနဲဖြစ်ပါမယ်-ခုပြောမယ့် သဘောတရား များကို-ဂရု တစ်စိုက် -တော့ရှိ လိုက်ပါ-


ကားများမှာ ရှိတဲ့ တာယာ ပန်းအားလုံးဟာ တစ်ပြေးတည်း အထူ အပါး -ပုံစံ ဒီဇိုင်း မရှိနိုင်ပါ-- ဘီး တစ်ဘီး ချင်းစီ ရဲ့ထိတွေ့နေတဲ့- လမ်းမျက်နှာပြင်-အနု အကြမ်းလည်း--မတူနိုင်ပါ--
 

ဒီတော့-ပွတ်မှု သဘောတရား အရ- -တာယာ မျက်နှာပြင်ကြမ်း နဲ့ -လမ်းမျက်နှာပြင်ကြမ်း---ထိတွေ့ပုံက တစ်မျိုး--- -တာယာနု နဲ့-လမ်းမျက်နှာပြင်ကြမ်း-ထိတွေ့ပုံက တစ်မျိုး- တာယာနု နဲ့ လမ်းချောချော က-ထိတွေ့ ပုံက တစ်မျိုး- တာယာကြမ်း နဲ့-လမ်းမျက်နှာပြင်နုနု ထိတွေ့ပုံက တစ်မျိုး---ဆိုတဲ့ အခြေအနေ အမျိုးမျိုး အလိုက် -ဘီး တစ်ဘီးချင်း စီရဲ့ ဘရိတ်မိပုံ မတူနိုင်ပါ--


ဒါကြောင့် လမ်းမှာ--ဘရိတ် ဒရွတ်ဆွဲကြောင်းများ က--ရထား သံလမ်းလို မျဉ်းပြိုင် အနေအထား ဘယ်တော့ မှ မရှိနိုင်တော့ပဲ--မြွေလိမ်မြွေကောက် သဏ္တန် ကျန်ခဲ့တာပေါ့ဗျာ-
 


ယခင် ကားများက--ပါစကယ် ရဲ့-ဖိအား ဆပွား နိယာမကို အခြေခံ ထားတဲ့-ဟိုက်ဒရောလစ် ဘရိတ်ပါ --ကောင်း သထက် ကောင်းအောင်-ဘရိတ်ကို မိသထက် မိအောင်- ပတ်ဝန်းကျင်လေထု အက်တမော စဖီးယား ကို ထပ်မံစေခိုင်းဘို့ --ဒူရို ဆာဗိုဘရိတ် ဆိုတဲ့စနစ်ကို လည်း ထွင်ခဲ့ကြပြန်တယ်---

ဆာဗို  ဆိုတဲ့  အတိုကောက်ခေါ်တဲ့ စနစ် ကို မှတ်မိကြမှာပါ--နာမည်ကြီး--တိုယိုတာ ဟိုင်းလပ်--ဒိုင်နာ တို့ ဆိုတာ--ဘရိတ် အားကိုးနဲ့မောင်းလာကြတဲ့ လိုင်းကားများပါ---
 


ဒါပေမယ့် သူတို့ ကားများမှာ ဘရိတ် ဒရွတ်ဆွဲသွားတယ် ပဲထား--ဘေ့စစ် အခြေခံ ဆိုတဲ့ ကားမောင်းတဲ့ နည်းပညာ ကို ညက်ညက်ညောညောနောကျေနေတဲ့- ကားမောင်းသူများ ဆိုတော့---ဘရိတ်ကို ဒီ အတိုင်း မဖမ်း-- တစ်ဆင့်နိမ့်-ဂီယာဒေါင်းပြီးမှ ဖမ်းတတ်တဲ့ကောင်းမွန်တဲ့ အမူအကျင့်လေးများ ကိုလည်း-
မူလ လက်ဟောင်း ဒရိုင်ဗာကြီး များက-အလေ့အကျင့် လုပ်ထားကြပါတယ်---


ဒီတော့--ရောက်ရှိ ဂီယာမှ တစ်ဆင့်နိမ့် ဂီယာကိုဒေါင်းလိုက်တဲ့ အခြေအနေ ကိုကြည့်လိုက်တော့--
အင်တီလော့ ပါပဲ---အတားအဆီးတွေ့ရင် ရုတ်တစ်ရက် ဘရိတ်နဲ့ ခဏမှေး လိုက်တယ်-ပြီးရင် အမြန်ဆုံး ဂီယာ ကို-အောက်တစ်ဆင့် ဂီယာသို့- လီဗါပုတ်ဒေါင်း-ပြီးမှ-ဘရိတ်ကို အပိုင် ဖမ်းကြပါတယ်-


တစ်ချို့ လူများ သတိထားမိကြမှာပါ--ကားက-ရုတ်တရက် စက်သံ ဆူတက်လာပြီး--မြန်နှုန်းက-စည်းစည်း လုံးလုံး ကျသွားပါတယ်---တစ်နည်း အားဖြင့်-အတိုင်းအတာ တစ်ခု ညင်သာပါတယ်-
 


ဘီးလေးဘီး ကို ဘရိတ်ရှုး နဲ့ မဖမ်းပဲ-ကား အင်ဂျင် ကွန်ပရက်ရှင်း နဲ့ပြန်လည် ဖမ်းပေးလိုက်တဲ့ သဘောပါ-- ဒါမှ ကား တစ်စီးလုံးကို ဘီး အရင် မရပ်စေပဲ-တဖြေးဖြေးချင်း ရပ်ပေးမှာပါ-
 

ခုခေတ်ပေါ် ကားများ ရဲ့အင်န်တီလော့ ဘရိတ်စနစ် က ဘီး အားလုံးကို အညီအမျှ အပိုင် ချက်ချင်း ဖမ်းမပေး ပါဘူး- -ဖိလိုက်ပြီးမှ နဲနဲချင်းပြန်လွှတ်လိုက်- လိုသလောက်ပြန်ဖမ်းပေးလိုက်- ဆိုတဲ့ အလုပ် ကို-- ကွန်ပြူတာ အာရုံခံ နဲ့ ချိန်ညှိ လွှတ်နေပါတယ်--

ကားအောက်ပိုင်း လုပ်တဲ့ အခါ ဘီးများကို သေချာစွာ လေ့လာ လိုက်ပါ- ဘီး များ လည်တဲ့နေရာ များမှာ အင်န်တီလော့ ဘရိတ်အတွက် ဘီးလည်ပတ်မှု အရေအတွက်ကို တွက်ပေးတဲ့-ပွိုင့်လေးများ--ဆင်ဆာများ -ဆော့ကက် များ-ကိုတွေ့ကြရမှာပါ-


ဒီ သဘောတရားကို မသိတဲ့-အောက်ပိုင်း ဆရာများ-အောက်ပိုင်း လုပ်လိုက်တဲ့ ကားများကို -ပြန်တတ်ပေး ဘို့-ဟိုဆော့ကက် ကျန်-ဟို-၀ါယာ ကျန်ခဲ့လို့- အောက်ပိုင်းပြင်လိုက် ခါမှ ဘရိတ်စနစ် မကောင်းဖြစ်သွား ရတဲ့ ကားများနဲ့ လည်းကြုံခဲ့ဘူးပါတယ်--


အနဲဆုံး-ဒိုင်ခွက် ထဲမှာ--ABS--ဆိုတဲ့ မီးနီ လင်းပြလာလိမ့်မယ်- ဒါကိုလည်း--AirBag--နဲ့ ထပ်ပြီး အမှတ် မမှားနဲ့--- ABS-ကွန်ထရိုး က-နဲနဲ လည်တဲ့ ဘီးကို- နဲနဲပဲ ညှစ်--များများ လည်တဲ့ ဘီးကို များများညှစ်-
မနဲ မများလည်တဲ့ ဘီးကို မနဲမများ ညှစ်--တတ်နိုင် သလောက်-ဘရိတ် အမိကြမ်း လို့ ဘီးတွေ ဒ ရွတ် ဆွဲ မသွားအောင်သေချာ ချိန်ညှိ ဖမ်းကြကွာ- ဆိုပြီး အမိန့်ပေးနေလို့-မိတော့မိတယ်-အမိ မကြမ်းတော့ဘူး---


ဒီတော့-ဘရိတ်- ဒရွတ် ဆွဲသံတွေလည်း မကြားရသလောက် ပါပဲ-- ဒါကို မီးပွိုင့်မှာ မီးဝါ မိလို့ မလွတ် တစ်လွတ်ဖြစ်သွားတဲ့ ကားများ ရပ်သွားတဲ့ ပုံကိုကြည့်လိုက်ရင်---ကားတော့ ရပ်သွားတယ်--ဘရိတ် ဒရွတ်ကြောင်းလည်း မရှိ-အသံလည်း မကြားရသလောက်ပါပဲ--

မီးပွိုင့်မှာငြိမ့်ခနဲတော့ ထိုးထိုး ရပ်သွားပါတယ်-- ဒါပေမယ့်--နဲနဲလေး မမိ တမိ နဲ့-ဒက်စတော့ ဆိုတာ မဖြစ်လို့--ရှေ့ကားနောက်ပိုင်းလေးများ ကို-Kiss me quick--သွားလုပ်ကြတော့-ခဏ-ခဏမြင်မိပါတယ်--
တက်စီ လုပ် ဆွဲစားနေကြတဲ့--ပရိုဘောက်-၁၀- စီးမှာ-၈- စီးလောက်--နောက်ဖက် အဖုံးလေးတွေ ပိန် ချိုင့်နေကြ ကိုမြင်ကြရမှာပါ- ဒါဟာလည်း သက်သေ တစ်မျိုးပါပဲ-


ဒီတော့ အပြင်မှာ အတွေ့အကြုံ အရ လူပြောများနေတဲ့ အပြောကို နားထောင်ကြည့်ပါအုံး-- အော်တို ဂီယာတွေ ရဲ့ ဘရိတ် က--ရိုးရိုး ဂီယာလောက် အမိမကောင်းဘူးတဲ့--
ဒါကြောင့် အော်တို ဂီယာတွေက -အက်ဆီးဒင့် ပို အဖြစ်များတာတဲ့----
ဒါဟာ အမှားမှတ်-အမှတ် မှားနေကြတာပါ---


ရိုးရိုး ဂီယာနဲ့ လာလာ-အော်တို ဂီယာနဲ့ လာလာ-ဘရိတ်စနစ် ကတော့ အများ အားဖြင့်-ABS--ဆိုတဲ့ ဘရိတ် စနစ်ဖြစ်လို့ သွားပါပြီ- ဘယ်သူက ပိုကောင်းတယ် မရှိတော့ပါဘူး--ဒါပေမယ့်-အော်တိုဂီယာ မှာ--AT --- CVT-- ဆိုပြီး ထပ်ကွန့် ထားပါတယ်--

AT- ဂီယာ နဲ့ ကားများ က-ဂီယာ တစ်ခု နဲ့ တစ်ခု အကူး အပြောင်း မှာကြန့်ကြာချိန်လေး မဆို သလောက် ရှိပါတယ်---ယခင်- မတ်တူး လို ကားမျိုးမှာ စထွက် ထွက်ချင်း--ကလပ်ချော်နေသလို--ဖြစ်နေတတ်ပါတယ်-
ဂီယာ ချိန်းရင်လည်း--စက်သံပြောင်းနေတဲ့ အသံကို သိသာစွာကြားရတတ် ပါတယ်---



CVT-- တတ်ထားတဲ့--ဘယ်လ်တာ-- ဗစ်ဇ် လို ကားလေးတွေ မှာတော့--Continuously Variable Transmission-- ဆိုတဲ့ အဓိပါယ် အတိုင်း--စထွက် ကထဲက-ကားက ငေါက်ကနဲ စထွက်ပေး ပါတယ်--ဂီယာ ချိန်းသွားရင် လည်း-ဆက်တိုက် မသိမသာ ချိန်းသွားလို့--ဆီစား သက်သာတာ--အထကောင်းတာ-ကို လက်တွေ့မြင်ရပါတယ်-


ယခင်က- ရိုးရိုး ဂီယာ-တတ်  ကားများက-  အထနှေးပါတယ်---အရှိန် ရလာလို့နောက်ဆုံး ဂီယာ နဲ့မောင်း တယ် ထား--လီဗါ ကို လွှတ်လိုက်ရင်-ဂီယာ ကွန်ထရိုးနဲ မို့- ကားက-စည်း ကနဲ ရှိနေပေး ပါတယ်---ကျွမ်းကျင်မှု အရ-အောက်တစ်ဆင့် ဂီယာကိုပြန်ဒေါင်းနိုင် ပါက--ကားက-အရှိန် ထပ်သေသွားပါတယ်-



ယခုအော်တိုဂီယာတွေ ကတော့-ရိုးရိုး ဂီယာကားများ ထက် အထမြန်သွားပါပြီ--ဒါ ကလည်း အက်ဆီးဒင့် ပိုဖြစ်စေနိုင်ပါတယ်- အော်တိုဂီယာ ကတော့--လီဗါလျှော့ လိုက်ရင်အော်တို ကလပ် အလုပ် ကိုလည်း လုပ်ပေးနေ ပါတယ် --လိုအပ်တဲ့ ဂီယာ ကို အလိုအလျောက်ချိန်းပေးဘို့ အတွက်ပါ-



ဒီတော့-လီဗာ လျှော့လိုက်တဲ့ အခါ-ခေတ္တ ဖရီး သဘောမျိုးတော့ဖြစ်သွားပါတယ်--ဒီတော့ ဘရိတ် ဖမ်းတဲ့ အချိန်မှာ ရိုးရိုး ဂီယာလောက် အမိ မပိုင်ဘူး ထင်ရလို့ပါ-- ဒါကတော့ အထင်ပါ--ဘရိတ် က-ဘရိတ် အလုပ်ကို ပိုင်နိုင်စွာ လုပ်ပေးပါတယ်--စိတ်ထင် လို့ပါ---



ဒီတော့ ရိုးရိုးဂီယာလို ဘရိတ် ပိုမိအောင် ဖမ်းချင်ရင်--ရိုးရိုး AT--ဆို- D- မှာမောင်းနေရင်း- 2- ကို-ရဲရဲ တင်းတင်းပြောင်းပြီးမှ ဘရိတ် ဖမ်းကြည့်ပါ-



ဂီယာဒေါင်းပြီး ဘရိတ် ဖမ်းလိုက်တဲ့ သဘောကိုတွေ့ပါ လိမ့်မယ်- ဇစ်ဇက် ဂီယာ ဆိုရင်တော့--D-မှ-S--ကိုပြောင်းပြီး မှ ဘရိတ် ဖမ်းလိုက်ပါ----စိတ်ချ လက်ချပြန်မောင်းတော့ မှ-D-- ကိုပြန်ပို့ပြီးမောင်းလိုက်ပေါ့---
 

ခေတ်ပေါ် ကားများ နဲ့ ပတ်သက် လို့-မြန်နှုန်းမြင့်မောင်းကြတဲ့ အခါ မျိုးမှာ--အော်တိုဂီယာ-ဆိုပြီး--အမြဲတန်း --D-နဲ့တောက်လျှောက် မမောင်းသင့် ပါဘူး- အိုဗာ စပိဖြစ်လာလို့-အချိန်မီပြန်ထိမ်းသိမ်း ချင်ရင်---OD/OnOff---တို့---D-မှ-2--နေရာသို့-----D-မှ-S-နေရာသို့ခေတ္တပြောင်းပြီးမောင်းသင့်ပါကြောင်း--


ဒီလို နည်းစနစ် များကိုလည်း---ကြိုတင်ခါ-ဇာတ်တိုက်လေ့ကျင့် ထားကြရင်ဖြင့်----- ၁-စက္ကန့်မှာ --၈၈-ပေ-သွားနေတဲ့ ကား အလျင် ကို--အန္တရာယ် အတွင်း မှ အချိန်မီ ထိမ်းချုပ်နိုင်မှာဖြစ်တဲ့ အကြောင်း--- မိတ်ဆွေ တို့ကို -ယာဉ် အန္တရာယ်--လမ်း အန္တရာယ် ကင်းရှင်းစေဘို့----နည်းလမ်းကောင်းလေး ညွှန်ပြလိုက် ပါတယ် ---
 


မှတ်မှတ် ရရ--မြန်မာနှစ်ဆန်း-၂-ရက်နေ့မှာပေါ့ဗျာ---
ကား မိတ်ဆွေများ ကို ခင်မင်လျက်--
ကိုသက်--
---------------
Credit: Kothet Win

True Man

No comments:

Post a Comment