Saturday, June 25, 2016

အလွတ် ကျက်ထားရမည့် ပရိကံ ၉ မျိုး

 ဦးမြင့်ခိုင်'s photo.


 မှာတမ်း.........


တရားထိုင်တိုင်း ရွတ်ဆိုရမှာပါ ။ ဝိပဿနာ ထိုင်လို့  သမာဓိဥာဏ်တွေ ရင့်သန်လာပြီ ဆိုရင် မာရ်နတ် ရဲ့
အဖျက် အဆီးတွေ လာတက်တယ် ။ မဂ်ဥာဏ် ရခါနီးရင် ပိုဆိုးတယ် ။ လိုအပ်ရင် မာရ်နတ် က သူကိုယ်တိုင် လာဖျက်တယ် ။


 သူ့ တပည့်တွေကို ဖျက်ခိုင်းတယ် ။ အဲဒီ မာရ်နတ် ရန်ကလည်း လွတ်အောင် ပရိကံပြုရတာပါ ။ ခန္တာကိုယ် ကို ဘုရားရှင်ဆီ လှုဒါန်း ရတာပါ ။ အဋ္ဌကထာ ဆရာတွေဟာ အမျိုးမျိုး ဖွင့်ဆိုကြပေမဲ့ အများသုံးတဲ့ ၉ မျိုးပါ


၁ ။ မြတ်စွာဘုရားရှင်၏ စွမ်းရည်တော် ဂုဏ်တော် အပေါင်းးနှင့် ကျေးဇူးတော်တို့ ကို ယုံကြည်မြတ်နိုး ရှိခိုးပါ၏ ဘုရား ။

၂ ။ သရဏဂုံ သုံးပါးနှင့် ငါးပါးသီလ ကို  ခံယူဆောက်တည်ပါ၏ ။ ဤ သီလသည် မဂ်ဥာဏ် ဖိုလ်ဥာဏ် အားကျေးဇူးပြုပါစေဘုရား ။

၃။ သတ္တဝါ အားလုံးတို့ သည် ကျမ္မာ ချမ်းသာ လိုရာ ပြည့်ဝ တရားထူး ရကြပါစေ ။  ယခုအချိန်၌
အခြားသော ပုဂ္ဂိုလ်တို့ က ပို့ သ အပ်သည့် မေတ္တာဓာတ် ကိုလည်း ခံယူပါ၏ ဘုရား ။


၎ ။ သတ္တဝါ အားလုံးတို့ သည် မဝတ်ဆင် မခြယ်သ မပြုပြင်နိုင်ကြပါလျှင် တစ်ကယ် စင်စစ်
လူရှင် အသုဘ တွေပါ တကား ။


၅ ။ ငါသည် မကြာမီ အိုရ နာရ သေရတော့မည် ။ နိဗ္ဗါန်ရမှ အို နာ သေ လွတ်မည် ။

၆။ အရိယာ သူတော်ကောင်းကြီးများ ကို ပြစ်မှား မိသည်များ ရှိခဲ့ပါက ကျေအေးပါရန် တောင်းပန်
ပါ၏ အရှင်ဘုရား ။



၇ ။ ဘုရားတပည့်တော် ၏ ခန္ဓာငါးပါး ကို တရားထိုင် နေစဉ်၌ ဘုရားရှင်အား လှုဒါန်းပါ၏ ဘုရား ။

၈ ။ ကမ္မဋ္ဌာန်း ဆရာမြတ်ဘုရား အရှင်မြတ် ၏ ထံ၌ တပည့် အဖြစ် အပ်နှံပါ၏ ။ အားမနာတမ်း သွန်သင် ချီးမြှောက် စောင့်ရှောက်တော်မူပါ ဘုရား ။

၉ ။ ငါသည် အသေ မဦးခင် နိဗ္ဗါန်မြင်စေရန် ကြိုးစားအားထုတ်မည် ။ တရားထူး သိမြင် ကျွတ်တမ်း ဝင်ရပါစေသတည်း ။


တရား ထိုင်တိုင်း ရွတ်ဆိုပါ ။
ဦးမြင့်ခိုင်

ဦးမြင့်ခိုင်

 

No comments:

Post a Comment