Saturday, June 25, 2016

Brexit နဲ့ ပတ်သက်ပြီး စိတ်ဝင်စားလို့




Brexit နဲ့ ပတ်သက်ပြီး စိတ်ဝင်စားလို့ ဒီတစ်မနက်လုံး အင်တာနက် ကနေဆောင်းပါးတွေ လိုက်ဖတ်နေ မိ တယ်။ အဲဒီထဲကမှ စိတ်ဝင်စားဖို့ကောင်းတာ ကတော့ CNNMoney က Patrick Gillespie ရေးတဲ့ How Brexit impacts the U.S. economy ဆိုတာလေးနဲ့ တစ်ခြား စိတ်ဝင်စားဖွယ်ဆောင်းပါးလေးတွေကို အကျဉ်းချုံးပြီး တင်ပြ လိုက်ပါတယ်။

အမေရိကန် ဗဟိုဘဏ် ရဲ့ ထိပ်တန်း အရာရှိ တစ်ဦးဖြစ်တဲ့ Janet Yellen ကတော့ Brexit ဟာ US ရဲ့ ငွေကြေး နဲ့ စီးပွားရေးပေါ်မှာ ဆိုးဆိုး ရွားရွား ထိခိုက်နိုင်လို့ ဒီအပတ် အစောပိုင်းထဲက Brexit ကိုပြင်းပြင်း ထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

US ဟာ Britain နဲ့ အပြန်အလှန် ကုန်သွယ်ရေး အားဖြင့် US economy တစ်ခုလုံး ရဲ့ 0.5% သာရှိတာကြောင့် အရေးမကြီးလှဘူး လို့ ထင်ရပေမဲ့ Brexit ရဲ့ Domino effect တွေကြောင့် ဆိုးဆိုးရွားရွား ထိခိုက်နိုင်တယ်လို့ အချက်လေးချက် နဲ့ တင်ပြခဲ့ပါတယ်။



1. Fears that the EU may be falling apart
( EU တစ်ခုလုံးပြိုကွဲမှာစိုးရိမ်ရခြင်း)

Brexit ဖြစ်ပြီး နာရီပိုင်းမှာတင် ပြင်သစ် လက်ယာခေါင်းဆောင် Maine Le Pen ကပြင်သစ် မှာလဲ လူထု ဆန္ဒ ခံယူ ဖို့ စတင်နေပါပြီ။


တစ်ချိန်ထဲမှာ လဲ အီတလီ နဲ့ နယ်သာလန် တို့က လဲ EU ကနေ ခွဲထွက်ဖို့ပြင်ဆင်နေတာကြောင့် EU တစ်ခု လုံး ပြိုကွဲမှု အစပြုနေပြီလို့တောင် ပြောလို့ရပါတယ်။



2. Volatile markets slow down the engine of U.S. growth
( အငွေ့ပျံလွယ်တဲ့ဈေးကွက်ကြောင့် စီပွားရေး တုံ့နှေးစေခြင်း)

Brexit ကြောင့် စတော့ဈေးကွက်တွေတောက်လျောက် ကျဆင်းလာပြီး စားသုံးသူတွေ ရဲ့ဝယ်လိုအားပါ ထိုးကျစေ ခဲ့ပါတယ်။
 

ဒီအချက်တွေဟာ Recession ကနေ နာလန်ထစပြုလာတဲ့ US economy အတွက်တော့ ပြင်းထန်လှတဲ့ ဝှိက်လက်သီး တစ်လုံးပါပဲ။


3. Brexit triggers a stronger dollar,which hurts U.S. trade
( Brexit ကြောင့် ဒေါ်လာ တန်ဖိုးမြင့်မား လာခြင်းကြောင့် ကုန်သွယ်ရေးကို ထိခိုက်စေခြင်း)

ဒေါ်လာတန်ဖိုး မာလာ တာဟာ ပြည်ပကို ခရီးထွက်တဲ့ အမေရိကန်နိုင်ငံသားတွေ အတွက်တော့ အရမ်းကောင်းပါတယ်။
 

ဒါပေမဲ့ US ရဲ့ ထုတ်ကုန်တွေဈေး အရမ်းမြင့်ကုန် တာကြောင့်မို့ ဝယ်လိုအားလျော့ကျ လာပါတယ်။ Export လျော့ ကျ လာပြီး တိုင်းပြည်ထဲကို Import အလုံးရင်းနဲ့ ဝင်ရောက်လာတာဟာ ကုန်သွယ်ရေးကို ဆိုးဆိုး ရွားရွား ထိခိုက်စေပြီး Industries တော်တော် များများ ကို US ကို စွန့်ခွာပြီး နိုင်ငံပြင်ပ ကို ထွက်ခွာစေ ပါတယ်။




China က သူ့ငွေတန်ဖိုးကို ရှိသင့်တာထက် မတရား လျော့ချပြီး US အပေါ် ကုန်သွယ်ရေး အရ တောက်လျှောက် အသာစီး ရယူနေချိန်မှာ ဒေါ်လာတန်ဖိုး ရုတ်တရက်မြင့်တက် လာမှုဟာ US economy ကို အတော်လေး အကျပ်ရိုက်စေခဲ့ပါတယ်။



4. Brexit forces the Fed to rewrite its rate hike playbook
( Brexit ကြောင့် US ဗဟို အစိုးရ အနေနဲ့ သူ့ရဲ့ ဘဏ် တိုးနှုန်း တွေကို ပြန်လည်ပြင်ဆင် သတ်မှတ်ဖို့ လိုလာခြင်း)

China ရဲ့ကုန်သွယ်ရေး အသာစီး ရယူနေမှုကို တုန့်ပြန်နိုင်ဖို့ အမေရိကန် ဗဟိုဘဏ် ဟာ ဘဏ်တိုးနှုန်း တိုးမြှင့်နေမှုတွေ ကို စနစ်တစ်ကျ တွက်ချက်ဆောင်ရွက်နေရပါတယ်။
 

အဲ့ဒီလို အချိန်မှာ ဒေါ်လာတန်ဖိုး ရုတ်တရက်မြင့်မား လာမှုကြောင့် လက်ရှိ အဆင့်ဆင့် တည်ဆောက်လာ ရတဲ့ ဘဏ်တိုးနှုန်းတွေ ကိုပြောင်းပြန် လှန်ရလောက်တဲ့ အထိ မူဝါဒတွေပြန်လည်ရေးဆွဲ ရတော့မှာဖြစ် ပါတယ်။

အတိုးနှုန်းတွေမြှင့်ပြီး ဒေါ်လာတွေကို အမေရိကန် ဗဟိုဘဏ်ထဲပြန်သိမ်းနိုင်ဖို့ အစီအစဉ်တွေ ကလဲ ပျက်စီး သလောက်ဖြစ်သွားပါတယ်။


 ဆောင်းပါး ကတော့ ဒီလောက် အထိပဲ ရေးထားခဲ့ပေမဲ့ ဒီလို အနောက်ကမ္ဘာ တစ်ရပ်လုံး ကို ဒုက္ခ ပင်လယ်ဝေစေ ခဲ့တဲ့ လက်မဲကြီးတွေ အကြောင်းကို တစ်ခြားဆောင်းပါးတွေ မှာထင်မြင်ချက်တွေ ရိပ်ဖမ်း သံဖမ်းပေးထားပါတယ်။

အဓိက လက်သည် ကတော့ မင်းသားကြီး ပူတင် နဲ့ သူ့ရဲ့မဟာမိတ် တရုတ်ခေါင်းဆောင် ရှီကျီပင်း ပါပဲ။
Brexit ကြောင့် အနောက်ကမ္ဘာ  အိပ်မက်ဆိုးတွေ မက်နေရပေမဲ့ ကမ္ဘာ့ စီးပွားရေး ချိန်ခွင်လျှာကတော့ အာရှကို သိသိသာသာ ယိမ်းသွားဖို့ အလားအလာ များနေပါတယ်။


Brexit ရဲ့ ဒိုမီနို effect နဲ့ အတူ အစ္စလာမ် အကြမ်းဖက်နှိမ်နင်းမှုတွေ ဆက်တိုက်ဖြစ်လာနိုင်တာကြောင့် ကမ္ဘာ့ ရေနံဈေးလဲ ပြန်လည် ဦးမော့လာမှာဖြစ်တဲ့ အတွက် ရုရှနဲ့ တစ်ခြား ရေနံနိုင်ငံတွေ ကတော့ တိတ်တိတ်လေးကြိတ်ပြုံးနေကြပါတယ်။


ရေနံဈေးတက် လာရင် တရုတ်ကြီးက အနဲငယ် ထိခိုက်နိုင်ပေမဲ့ Brexit ကြောင့် ရလာမဲ့ တစ်ခြား စီးပွားရေး အားသာချက်တွေက ပိုများတာကြောင့် ကြိတ်ပြီး ဝမ်းသာနေပါတယ်။


အမေရိကန် ဟာ ဂိုဘာချက် ကို နိုဗယ်ဆုပေးပြီး ဆိုဗီယက်ပြည်ထောင်စုကြီး ကို ဖြိုခွဲ ခဲ့သလို ၂၀၁၅ မှာလဲ ရုရှား ရဲ့နောက်ဆုံး ခံတပ် ဆီးရီးယား ကို လဲ ပူတင် ရဲ့မဟာမိတ် အာဆတ် ကိုဖြုတ်ချပြီး ထိန်းချုပ်နိုင်ဖို့ကြိုး စား ခဲ့ပါတယ်။

ဒါပေမဲ့ ပါးနပ် ထက်မြက် လွန်းပြီး ပြတ်သားလှတဲ့ ပူတင်ဟာ ဆီးရီးယား မှာ အာဆတ် ကိုကာကွယ်နိုင်ခဲ့ ရုံ မက ကြံစည် ခဲ့တဲ့ အိုဘားမား ဟီလာရီကလင်တန် နဲ့ ဒေးဗစ် ကင်မရွန်း တို့ သုံးယောက်ကို တန်ပြန် တိုက် စစ် ကောင်းကောင်းပြန်ဆင်နိုင်ခဲ့ ပါတယ်။


အိုဘားမား နဲ့ ဟီလာရီ ကလင်တန် ကို အာရပ်ကမ္ဘာ နဲ့ OIC တို့နဲ့ ငွေကြေး အရှုပ်တော်ပုံတွေ ကိုဖော် ထုတ်ပြီးနိုင်ငံရေး သိက္ခာ ချ နိုင်ခဲ့ပါတယ်။


Brexit ဖြစ်လာရင် ဒေးဗစ် ကင်မရွန်း အလိုလျောက်ပြုတ်မယ် ဆိုတာကို သိနေခဲ့တဲ့ ပူတင် က Britain နိုင်ငံသားတွေ ကို Psych War (စိတ်ဓာတ် စစ်ဆင်ရေး) လုပ်ပြီး Brexit ဖြစ်အောင် တွန်းအားပေး ခဲ့ပါ တယ်။


US နဲ့ Britain တို့ ရေလဲ သုံးခဲ့တဲ့ Human rights နဲ့ Liberal Democracy ကိုပဲ လက်နက် သဖွယ်ပြန်သုံးပြီး Brexit ကို တွန်းအားပေးခဲ့တဲ့ ပူတင် ရဲ့ မဟာဗျုဟာ ကတော့ ပြောင်မြောက်လွန်းပါတယ်။

လူ့အခွင့်အရေး ဆိုတဲ့ အကြောင်းပြချက်ကြောင့် လက်ခံ ခဲ့ရတဲ့ရွှေ့ပြောင်း ဒုက္ခသယ်တွေကြောင့် အကြီး အကျယ် ဒေါသ ထွက်နေတဲ့ Britain နိုင်ငံသားတွေ ကို EU ကနေ Britain ထွက်မှသာ ဒုက္ခသယ်တွေ ကိုငြင်း ဆန် ခွင့်ရှိမယ်ဆိုတဲ့ အသိတရားရယ် ....


ဒုတိယ Liberal Democracy အရ လူအများစု က ခွဲထွက်ဖို့ ဆုံးဖြတ်ရင် Britain အစိုးရ ဘာမှ မတတ်နိုင်ဘူး ဆိုတာ သိထား တာကြောင့် လူထု ဆန္ဒ ခံယူပွဲဖြစ် လာအောင် တွန်းအားပေးလိုက်ခြင်းအားဖြင့် Britain ကို EU က ဆွဲထုတ် ပြီး EU ကို အစိတ်စိတ် အမွှာမွှာ ကွဲဖို့ အက်ကြောင်းပေးလိုက်တယ် လို့ သုတေသီ အများ စုက ယူဆကြပါတယ်။


ဒါတွေဟာ ကျနော့် ထင်မြင်ယူဆချက်တွေ တစ်ခုမှ မပါ ပါဘူး။ နိင်ငံတစ်ကာ သုတေသီတွေ ရဲ့ အာဘော်တွေကို ထုတ်နုတ် တင်ပြခြင်းသာဖြစ်ပါတယ်။

အချုပ် အနေနဲ့ ကတော့ ကမ္ဘာ့ စီးပွားရေး ချိန်ခွင်လျှာ ကတော့ သိပ် မကြာခင် ကာလ တစ်ခုမှာ အာရှ နဲ့ ရေနံထုတ်နိုင်တဲ့ နိုင်ငံတွေ ဘက်ကို အလေးသာလာမယ်လို့ ယူဆရပါတယ်။


ဒါကြောင့် မို့လဲ ဆရာ ဦးKhin Maung Zaw က ကျနော့်လို အရှည်ကြီး မပြောပဲ ကမ္ဘာ့ စီးပွားရေးကို နဂါးကြီး နဲ့ ကုလားကြီး ပဲ ဦးဆောင်ရတော့မယ် လို့ ပြောသွားတာဖြစ်ပါလိမ့်မယ် ခင်ဗျာ!


Min Min
San Lai Win Oo
 

No comments:

Post a Comment