Friday, June 3, 2016

CPU ဟု ခေါ်သော Processor အကြောင်း အခြေခံ သိထားရန်


 

မင်း မင်း ထက်'s photo.

ကွန်ပျူတာ ဝယ်တဲ့ အခါမှာ အတော် များများက RAM လို့ခေါ်တဲ့ Memory ကို ကြည့်ဝယ်ကြပါတယ်။
2 Gb ,
4 Gb,
6 Gb,
8Gb စသဖြင့်ပေါ့။
 

 ပြီးတော့ Hard disk drive ပမာဏ ကို ထပ်ကြည့်ပါတယ်။ 320 GB , 500 GB စသဖြင့်ပေါ့။ လိုရင်း တို ရှင်းပြော ရရင် အဲဒါ လုံးဝ မှားပါတယ်။

ကွန်ပျူတာ ဝယ်တဲ့ အခါမှာ CPU (သို့မဟုတ်) Processor ကိုကြည့်ပြီး ဝယ်ရမှာပါ။ (Central Processing Unit)
Processor ဆိုတာ computer တစ်လုံး ရဲ့ဦးနှောက်ဖြစ်ပါတယ်။ စက် တစ်ခုလုံး လည်ပတ် အလုပ် လုပ်တာ processor ပေါ်မှာပဲ မူတည်ပါတယ်။ ၁ လက်မ ပတ်လည်လေးပဲ ရှိပါတယ်။


ကွန်ပျူတာ အရောင်းဆိုင်တွေ မှာ ဒီလိုရေးထားတတ်ကြပါတယ်။
intel i5 -3317u
4 Gb memory
320 Gb hard drive
intel HD graphic   .....    ဘယ်ကွန်ပျူတာ မဆို processor ကိုပဲ အဓိကရေးကြတယ်။
 


စက်တစ်ခုလုံး  ရဲ့ အရည်းအကြီးဆုံး အစိတ် အပိုင်းဖြစ်သလို ဈေးနှုန်းလည်း အကြီးဆုံးဖြစ်ပါတယ်။
ကဲ ဟုတ်ပါပြီ။ processor ကို ဘယ်လို နားလည်မလဲ။ ဘယ်လိုရွေးချယ်မလဲ။
 

လက်ရှိဈေးကွက်ထဲမှာ processor ရွေးချယ် စရာ ၃၀၀ မျိုးလောက်ရှိပါတယ်။ ဒါပေမဲ့ ရွေးချယ်ရတာ မခက် ပါဘူး။ သူ့ family အလိုက် ရှိနေတာပေါ့နော်။
 

processor ထုတ်လုပ်တဲ့ ကုမ္ပဏီ ၂ မျိုး ရှိပါတယ်။ Intel နဲ့ AMD ပေါ့နော်။ 

Intel ကတော့ နာမည် ကြီးပြီး ကွန်ပျူတာဈေးကွက် ကို လက်ဝါးကြီး အုပ် ချုပ်ကိုင်ထားနိုင်တယ်။
AMD ကတော့ ဈေး အရမ်းချိုပြီး စွမ်းဆောင်ရည်ကောင်းတယ်။ Gaming သမားတွေ အကြိုက်ပါ။


intel processor ကိုရွေးချယ်မယ် ဆိုရင် ဒီခေတ်တွေမှာ ရနိုင်တဲ့ processor တွေရေးပြပါ့မယ်။
Intel celeron
intel pentium
intel core i3
intel core i5
intel core i7 ...............  ဆိုပြီး အဓိက ၅ မျိုးရှိပါတယ်။
 

celeron ကဈေး အချို ဆုံးဖြစ်ပြီးတော့ i7 ကဈေး အကြီးဆုံးပေါ့။ ဒီခေတ် ဒီအခါမှာ intel ကို ရွေးချယ်တဲ့ သူက intel core i3 (or) core i5 ကိုရွေးချယ် တတ်ကြပါတယ်။
 

core i5 ကို ရွေးချယ်တဲ့သူ အတွက် ၂၀၁၀ ထွက်လား၊ ၂၀၁၁ လား၊ ၂၀၁၂ လား၊ ၂၀၁၃ လား၊ ၂၀၁၄ လား။
ဘာညာစသဖြင့် ထပ်ရှိနေပါတယ်။  ဒါကြောင့် ဈေးကွက်ထဲမှာ processor ဝယ်ချင်ရင် ၃၀၀ မျိုးလောက် ရှိနေ တာပေါ့။


core i5 က အနိမ့်ဆုံး ဈေးနှုန်း အားဖြင့် ၁၅၀ နဲ့ ၂၀၀ ကြားမှာရှိပါတယ်။ စကား မစပ် Apple ကွန်ပျူတာတွေ အားလုံး intel processor ကိုပဲ သုံးပါတယ်။



 
မင်း မင်း ထက်'s photo.






AMD processor ကို လေ့လာကြရအောင်။
ဒီခေတ်တွေမှာ ရနိုင်တဲ့ AMD processor တွေက
AMD A series
AMD athlon
AMD Phenom
AMD FX series
AMD FX series...   တွေ က အမြင့်ဆုံးဖြစ်ပါတယ်။


amd FX-4xxx (4) နဲ့စရင် quad core ဖြစ်ပါတယ်။ ဥပမာ FX-4100, FX-4310 စသဖြင့်။
amd FX-6xxx (6) နဲ့စရင် hexa core ဖြစ်ပါတယ်။
amd FX 8xxx (8) နဲ့စရင် octa core ဖြစ်ပါတယ်။


AMD processor ထဲမှာ FX-9590 က အမြင့်ဆုံးဖြစ်ပါတယ်။ ဈေးနှုန်း အားဖြင့် 250 ယူရိုလောက် ပဲဖြစ် ပါတယ်။ Intel ရဲ့အမြင့်ဆုံး i7-9560X က 1000 ယူရိုလောက် ရှိပါတယ်။ စွမ်းဆောင်ရည် အားဖြင့် i7 က အနည်းငယ် ပိုသာပေမယ့် ဈေးနှုန်း က မိုးနဲ့မြေလို ကွာပါတယ်။

 
မင်း မင်း ထက်'s photo.

ဒါကြောင့်လည်း ကွန်ပျူတာ ကို မိမိ စိတ်ကြိုက် တပ်ဆင်သူတွေက AMD ကို ရွေးချယ်ရခြင်းဖြစ်တယ်။
နောက်ထပ် ဘယ်လို ရွေးချယ်ရမလဲဆိုတော့......................
clock speed
number of core
number of thread တွေကို ကြည့်ရပါမယ်။


laptop ကွန်ပျူတာတွေ မှာ processor ရဲ့ clockspeed က
1.6 Ghz
2.3 Ghz
2.6 Ghz စသဖြင့်ရှိပါတယ်။
 

desktop ကွန်ပျူတာ မှာတော့
3.0
3.7
4.2 Ghz စသဖြင့်ရှိပါတယ်။
 

တစ်ကယ်လို့များ processor dual core ဆိုရင် ၂ နဲ့မြောက်ရမယ်။ ဆိုလိုတာက 3.0 Ghz ရှိတဲ့ processor က 6.0 Ghz မြန်ပါတယ်။ quad core ဆိုရင်တော့ 4 နဲ့မြောက်တော့ 12.0 Ghz မြန်တာပေါ့။
 

 မြင်းလှည်း တစ်စီးမှာ မြင်းနှစ်ကောင်လား။ လေးကောင်လား။ အဲဒီလို ဥပမာပေးရမှာပါ။
processor တစ်ခု ကို လေးခုလောက် ဖြစ်အောင် အလုပ် လုပ်တဲ့သဘောပါ။
 

ကဲ ဒီလောက်နဲ့ပဲ နားပါ့မယ်။ တကယ် ထပ်သိချင်သူတွေက ပိုပြည့်စုံတဲ့ page တွေ ၊google တွေမှာ လိုက် ရှာကြပေါ့နော်။ ကျွန်တော်ရေးတာတွေက အမြဲတမ်း basic သက်သက်ပါ။
 

 အောက်က ပုံတွေကို ကြည့်ရင် ပိုနားလည်မှာပါ။
စွမ်းဆောင်ရည်တူ processor နှစ်ခု ဈေးနှုန်းကွာဟပုံ။

အောက်က ပုံ ကတော့ processor ကွာဟချက်တွေပါ။ 
ဖုန်းတွေမှာလည်း processor အဓိကပါ။

 မင်း မင်း ထက်'s photo.


အားလုံးကို လေးစားလျက်
ပါဘိခ်။
Posted 8th September 2014 by lautuboy
Labels: information knowledge


No comments:

Post a Comment