Wednesday, June 15, 2016

ဂြိုဟ်သားတွေရဲ့ UFO ယာဉ်ကြီး ကို ဖွက်ထားတယ်လို့ ထင်ရတဲ့ တိမ်တိုက်ကြီး ထွက်ပေါ်လာ


UFO တွေ ကို အရူးအမူးလေ့လာနေသူ တစ်ယောက် ကတော့ UFO ယာဉ်ကြီး တစ်စင်း ကို ဝှက်ထားတယ် လို့ ထင်ရတဲ့ တိမ်တိုက်ကြီး တစ်ခုကို  အမှတ်မထင် ဓာတ်ပုံ ရိုက်ကူးမိခဲ့တယ် လို့ သိရပါတယ်။ 

ဒီ တိမ်တိုက်ကြီး ဟာ ပန်းကန်ပြားပျံ ယာဉ်ကြီး တစ်စင်းကို ကွယ်ဝှက်ထားတယ်လို့ သူက ပြောခဲ့ပြီး
မေလ ၁၂ ရက်နေ့ က ဒီပုံတွေ ကို ရိုက်ကူး ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စကော့ဝဲရင်း လို့ အမည် ရတဲ့ သူဟာ ဘယ်လ်ဂျီယံနိုင်ငံ မှာ အခုလိုမျိုး ကြီးမားပြီး ထူးဆန်းတဲ့ ပန်းကန်ပြား ပျံယာဉ် ကို တွေ့ခဲ့ရတယ် လို့ ဆိုပါတယ်။





ထိုင်ဝမ်နိုင်ငံ မှာ နေထိုင်တဲ့ စကော့ ကတော့ ဂြိုဟ်သားတွေ ဟာ ပန်းကန်ပြားပျံ ယာဉ်ကို ခဏ နားချိန်မှာ သူတို့ ရဲ့ ယာဉ်နားမှာ တိမ်တိုက်တွေ ကို  ဖန်တီး ရပ်နားလေ့ ရှိတယ်လို့ အခိုင်အမာ ဆိုပါတယ်။ 

၁၉၅၇ ခုနှစ်တုန်း ကလည်း အခုလိုဖြစ်ရပ်မျိုး ကို စစ်သား တစ်ယောက်က ဓာတ်ပုံတွေ ရိုက်ကူးနိုင်ခဲ့ပြီး
ဗာဂျီးနီးယားပြည်နယ် မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီတုန်းကတော့ လက်စွပ်ပုံစံ ကနေ CD ပြား ပုံစံကို တစ်ဖြည်းဖြည်းပြောင်းလဲ သွားခဲ့တြာ ဖစ်တယ်လို့ သိရပါတယ်။








ဒီဖြစ်ရပ်တွေကိုတော့ လူအများစုက မယုံကြည်ကြသေးပေမယ့် အမေရိကန်အစိုးရကတော့ ဂြိုဟ်သားတွေ ၊ UFO တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို နိုင်ငံအဆင့် လုံခြံရေးအနေနဲ့ သိမ်းဆည်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။


( Beauty Syh )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Mirror






No comments:

Post a Comment