Thursday, July 14, 2016

ဒါနပြုလျက် ဆင်းရဲ ရခြင်း အကြောင်း



 


 မြန်မာ အများစု ဗုဒ္ဓဘာသာဖြစ်ပါလျက် ဒါနပြုပါလျက် ဆင်းရဲ ရခြင်း အကြောင်း (၁၁)ချက် -

(၁) လိုအပ်သော နေရာတွင် မလှူဘဲ ၊ မလိုအပ်သော နေရာတွင် စုပြုံ ၍ လှူကြခြင်း ။

(၂) သမ္ပဒါ လေးပါး ချို့ယွင်းခြင်း ။

(၃) စီးပွား ရှာရာ မေတ္တာ စေတနာ ကို အဓိက မထားဘဲ ၊ငွေကြေး ကိုသာ အဓိက ထားခြင်း ။

(၄) ပျင်းရိခြင်း ကို ရောင့်ရဲခြင်း ဟု အထင်မှားခြင်း ။

(၅) မိမိ ကိုယ်ကို ထိန်းသိမ်းနိုင်စွမ်း မရှိခြင်း ။
နည်းနည်း ချမ်းသာလာ သည်နှင့် မယားငယ် ထားခြင်း လောင်းကစား လုပ်ခြင်း သေရည်သေရက် သောက်ခြင်း တို့ဖြင့် အောက်ခြေ လွတ်လာတတ်ကြသည်။ ထို့ကြောင့် ခေတ်သစ် စကားပုံ တစ်ခု ပေါ်နေ၏။ (မြန်မာ ကောင်းစား တစ်မွန်းတည့်)

(၆) အချိန် တန်ဖိုး မသိခြင်း ။
လူ့ ဘ၀နေရ သမျှ အချိန်တိုင်း မှာ ဥစ္စာ ၊ ကုသိုလ် ၊ ပညာ ဗဟုသုတ ဤသုံးမျိုး အနက် တစ်မျိုးမျိုး ကို အမြဲတမ်း ရနေရမည်။

(၇) ကိုယ့်ထက် သာလျှင် မနာလိုခြင်း ။
ကိုယ့်ထက် သာသူ အပေါ် ၀မ်းသာ လျှင် မုဒိတာ ကုသိုလ်ဖြစ်သည်။ မနာလိုလျှင် ဣဿာ အကုသိုလ် ဖြစ်သည်။ ကုသိုလ် ယူလို့ ရပါလျက် အကုသိုလ် ယူခြင်းသည် စိတ်ဓါတ် လူစဉ် မမီခြင်း ပင် ဖြစ်သည်။






(၈) စာပေ ဗဟုသုတ မရှိသောကြောင့် ၊

(၉) ဒေသန္တရ ဗဟုသုတ မရှိသောကြောင့် ၊

(၁၀) ခေါင်းဆောင် စိတ် မရှိသောကြောင့် ၊

(၁၁) ကိုယ့်အား ကိုယ်ကိုး လိုစိတ် မရှိသောကြောင့် ၊

မြန်မာ အများစု သည် မဆင်းရဲ သင့်ဘဲ နှင့် ဆင်းရဲနေကြရခြင်း ဖြစ်သည်။

 



*** ဆရာတော် ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ) ၏ စိတ်ဝင်စားဖွယ်ကောင်းသော အမေး အဖြေများ စာအုပ် မှ ကောက်နုတ်ဖော်ပြပါသည်။ ***

~~~ ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ပါစေ ~~~



No comments:

Post a Comment