Sunday, July 24, 2016

နေ့တိုင်း ရေ မချိုးချင်သူများ အတွက် သတင်းကောင်း



ရေနေ့တိုင်း ချိုးတာက ကျန်းမာရေး နဲ့ မညီညွတ်သလို လိုလည်း မလိုအပ်ပါဘူးလို့ကယ်လီဖိုးနီးယား ဆေး တက္ကသိုလ် က ပြုလုပ်တဲ့ သုတေသနပြုချက်တွေက ဖော်ပြနေပါတယ်။ ကျွန်မတို့ရဲ့ ခန္ဓာကိုယ် က ကိုယ် တိုင် သန့်ရှင်းရေး လုပ်နိုင်တာထက် ပိုပြီး လုပ်နိုင်တယ်လို့ ဆိုပါတယ်။ 

 ရေချိုးတဲ့ အခါ ဆပ်ပြာတွေက အရေပြားပေါ်က သဘာဝ အဆီတွေကို ဖယ်ရှားပစ်လိုက်တဲ့ အတွက် အရေပြား ကို ခြောက်သွေ့ကြမ်းတမ်း စေပါတယ်။ 
 
ခေါင်းလျှော်ရည်တွေကလည်း ဦးရေပြား နဲ့ မွေးညင်းပေါက်တွေထဲ က အဆီတွေ ကို ဖယ်ရှားပစ် လိုက်တဲ့ အတွက် ဆံသား ကို အားနည်းခြောက်သွေ့စေပါတယ်။ ဒီနေ့ခေတ် မှာ ဆံပင် နဲ့ အရေပြား အတွက် အစို ဓာတ် ထိန်း ခရင်မ်တွေ၊ ပျော့ဆေးတွေရနိုင်ပေမဲ့ ခန္ဓာကိုယ် က အလိုအလျောက် ပြုလုပ်ပေးတဲ့ ကျန်းမာ သန်စွမ်း တဲ့ သဘာဝ ကို လိုက်မမီပါဘူး။

လူတစ်ယောက် ရေချိုးရ တဲ့ အကြောင်းရင်း က အညစ်အကြေးတွေ၊ အဆီတွေ နဲ့ ပိုးမွှားတွေ သန့်စင်စေဖို့၊ လတ်ဆတ် သန့်ရှင်းမှု ကို ခံစားရဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ သန့်ရှင်းချင်လွန်းတဲ့ စိတ်နဲ့ ရေချိုးလိုက်ခြင်း ရဲ့ နောက်ဆက်တွဲ ဆိုးကျိုး ကတော့ အောက်က အရေပြားလွှာတွေ ကို ကာကွယ်ပေးထား တဲ့ ပေါ်ယံ ဆဲလ်သေ အလွှာ ကို ဖယ်ရှား ပစ်လိုက်မိတာပဲ ဖြစ်ပါတယ်။ 

 ရေချိုးပြီး ခန္ဓာကိုယ် ကို ပွတ်တိုက် မိတဲ့အခါတိုင်း အပေါ်ယံ အလွှာကို ပျက်စီးစေပါတယ်။ ပိုပြီး ပွတ် တိုက်လေ အပျက် အစီးတွေ များလာလေပဲ ဖြစ်ပါတယ်။ ဒီအခါမှာ ကျန်းမာတဲ့ အရေပြား အလွှာတွေက အကာအကွယ် မဲ့သွားပြီး ခြောက်သွေ့ ပျက်စီးလွယ်သွားမှာ ဖြစ်ပါတယ်။

ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ကူးစက်ရောဂါပိုး တွေကို ကာကွယ်ဖို့ အရေးပါတဲ့ အကျိုးပြု ဘက်တီးရီးယားတွေ ကိုလည်း ဖယ်ရှား ပစ်လိုက်ရာ ရောက်ပါတယ်။ ဦးရေပြားမှာ ဆိုရင်လည်း အလား တူပဲ ဖြစ်ပါတယ်။

ဒါကြောင့် အကောင်းဆုံး ကတော့ တစ်ရက်ခြား တစ်ခါ ရေချိုးပြီး ပွတ်တိုက် သန့်ရှင်းပေးတာက အကောင်း ဆုံး ဖြစ်ပါတယ်။ 

လူတစ်ယောက် အနေနဲ့ နေ့စဉ်ရေချိုးဖို့ မလိုဘဲ ချိုင်း၊ ပေါင်ခြံ နဲ့ ခြေဖဝါးတွေကို သန့်ရှင်းပေးရုံ နဲ့ အကျိုးပြု ဘက်တီးရီးယားတွေကိုလည်း မပျက်စီးစေသလို အရေပြားခြောက်သွေ့မှု ကိုလည်း တားဆီး ပေးနိုင်ပါ တယ်။ ဒါကြောင့် နေ့စဉ်ရေမချိုးခြင်းဖြင့် ကျန်းမာ သန့်ရှင်းတဲ့ အသားအရေ ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။


Ref:higherperspectives
 http://trend.com.mm/2016/07/14/lifestyle-10020

No comments:

Post a Comment