Thursday, July 14, 2016

ရင်သွေး ရစေရန် အထောက်အကူ ပေးမည့် Gadget များ ဈေးကွက် တင်မည်




 
 
အင်္ဂလန်နိုင်ငံ အခြေစိုက် နည်းပညာ ကုမ္ပဏီတစ်ခု ဖြစ်သော Clue သည် အမျိုးသမီး များ ရင်သွေး ရရှိစေ ရန် အထောက် အကူ ဖြစ်စေမည့် Gadget များ ဈေးကွက် တင်ရန် စီစဉ်လျက် ရှိကြောင်း Daily Mail သတင်းစာ က ဖော်ပြသည်။

Clue သည် အမျိုးသမီး များ မျိုးပွား စွမ်းရည်နှင့် ဆိုင်သော Application တစ်ခု ကို အောင်မြင်စွာ ဖန်တီးနိုင် ခဲ့ပြီး နောက်တွင် အဆိုပါ Application ကို ထည့်သွင်း ထားသည့် Gadget များအား ဈေးကွက် တင်ရန် စီစဉ်လာခဲ့ခြင်း ဖြစ်သည်။ C
 
lue က ဈေးကွက် တင်မည့် Gadget ကို FitBit HR ဟု အမည် ပေးထားပြီး အမျိုးသမီးများ ၏ နှလုံးခုန်နှုန်း အခြေအနေ ကို စောင့်ကြည့်ကာ ရင်သွေး ရရန် အကောင်းဆုံး အချိန်ကာလ ကို တွက်ချက်၍ အကြံပြုမှု များ ပြုလုပ်ပေးမည် ဖြစ်သည်။ 
 
ရင်သွေး ရရန် အတွက် အထောက် အကူဖြစ်စေရန် လုပ်ဆောင်ရာ တွင် ၂၄ နာရီ စောင့်ကြည့် သွား မည် ဖြစ် ကာ နှလုံးခုန်နှုန်း အပြောင်းအလဲ၊ သွေးခုန်နှုန်း အပြောင်းအလဲ များနှင့် မျိုးဥနှင့် ဆိုင်သော အခြေ အနေများကို တွက်ချက်ပြီးနောက် ရင်သွေး ရရန် အကောင်းဆုံး အခြေအနေ ရောက်ရှိလာပါက သတိပေး မည် ဖြစ်သည်။ 
 
 
Clue သည် ၂ဝ၁၁ ခုနှစ် မှ စတင် ၍ အမျိုးသမီး များ မျိုးပွားခြင်းနှင့် ဆိုင်သည့် လေ့လာမှု များကို စတင်ပြု လုပ်ခဲ့ခြင်း ဖြစ်ကာ ယင်း ကုမ္ပဏီမှ ထုတ်လုပ်သည့် Application မှာလည်း စွမ်းဆောင်ရည် မြင့် မားကြောင်း အတည်ပြု နိုင်ခဲ့သည်။ 
 
 FitBit HR ကို ပေါင် ၉ဝ ဖြင့် ရောင်းချမည် ဖြစ်သည်။
 
 
 
 

No comments:

Post a Comment