Wednesday, July 6, 2016

Ning ၊ ကိုယ်ပိုင် ဒိုမိန်း ( Domain )နှင့် ဘလော့ ပို့စ်တင်သူများ



အခုရေးတဲ့ ပို့စ်လေး ကတော့ ဧဒင်ဥယျာဉ် က ဆိုက် တည်ထောင်သူ ကိုမျိုး ရဲ့ အကူအညီတွေ အများကြီး ပါပါတယ် ။ နည်းပညာပိုင်းတွေမို့ လေ့လာလို့ မကုန်နိုင်ပါဘူး ။ စိတ်ဝင်စားသူများနှင့် Ning ဆိုက် တည်ထောင် ထားသူများ ၊ Ning ဆိုက်တွေ မှာ ဘလော့ပို့စ် တင်နေသူများ အတွက် ရည်ရွယ်ပြီးရေး သားခြင်းဖြစ် ပါတယ် ။

အခုမြန်မာပြည် က Ning Creator တော်တော် များများ မသိသေးတဲ့ အချက်တွေကို ရှင်းပြသွားမှာပါ ။ သိထားပြီး သားဆိုရင်လည်း ဒီပို့စ်လေး ကို ထပ်ပြီး ဖတ်စေချင်ပါတယ် ။

(၁) Domain ဆိုတာ ဘာလည်း ?


Domain ဆိုတာ အင်တာနက် စာမျက်နှာ တစ်ခု ကို Map လုပ်ပေးတဲ့ အရာလို့ မြန်မာလိုပြောလို့ရပါတယ် ။ ( သူက ဖုန်းနံပတ် နဲ့ တူပါတယ် )

ဒိုမိန်း နာမည် ဆိုတာဟာ Domain Name System (DNS) ပေါ်အခြေခံပြီး အင်တာနက်ပေါ် မှာ ထိမ်းချုပ်ခွင့် သို့မဟုတ် လုပ်ပိုင်ခွင့် ၊ ခြယ်လှယ် ပိုင်ခွင့်ရတဲ့ သတ်မှတ်ချက် Label တစ်ခု ပဲဖြစ်ပါတယ် ။ 


ဒိုမိန်း နာမည် များကို ပထမ အဆင့် သတ်မှတ်ခြင်း ဟာ Top Level Domian (TLDs) ဖြစ်ပါတယ် ။ အဲဒီမှာ Generic top-level domains (gTLDs) ပါဝင် ပါတယ် ။ အထူး သဖြင့် ထင်ရှားတဲ့ com , net နဲ့ org တို့ပဲဖြစ် ပါတယ် ။ 

DNS အဆင့်များမှ ဒီ Top level domains တွေအောက်မှာ ဒုတိယ အဆင့် နဲ့ တတိယ အဆင့် ဒိုမိန်း နာမည်တွေ ကို သုံးစွဲသူ ( end-users) တွေက ဖွင့်လှစ်ပြီး Local Area Networks ကို အင်တာနက်သို့ ချိတ်ဆက်ခြင်း ၀ဘ် ဆိုက်များ ပြုလုပ်ခြင်း နဲ့ အခြား Publicly ဆိုင်ရာ အင်တာနက် အရင်းအမြစ် (Resources) တွေ ကို သုံးစွဲကြပါတယ် ။

ပထမဆုံး Domain ကိုပြောပြပြီးတော့ နောက် ဆက်တွဲ လိုအပ်ချက် တစ်ခုကို ဆက်ရှင်းပြမှာပါ ။ အင်တာနက် စာမျက်နာ တစ်ခုကို Mapping လုပ်ပေးတဲ့ Domain က အင်တာနက် ရဲ့ ပထမလိုအပ်ချက်ပါ ။


(၂ ) Hosting ဆိုတာ ဘာလည်း ?

ဒုတိယ လိုအပ်ချက် ကတော့ Hosting ဖြစ်ပါတယ် ။ Hosting က အကျယ် ရှင်းပြရရင် အင်တာနက် စာမျက်နှာ ရဲ့ အ ချက် အလက် Data တွေကို transmit လုပ်ပေးမယ့် Memory Storage and Server လို့ပြောလို့ရပါတယ်။

( သူက ဟန်းဆက် လို့ပြောလို့ရပါတယ် )

Hosting မရှိရင် စာရွက်လွတ်ကြီး ကို အင်တာနက် မှာ တင်ထား တာနဲ့ တူနေပါလိမ့်မယ် ။  နောက်ပြီး ဆိုဒ် တစ်ခု ရဲ့ လုပ် ဆောင်ချက်တိုင်းမှာ သုံးရတဲ့ အရာပေါ့ ။  Bandwidth အတွက် လဲ hosting က မရှိမဖြစ် လိုအပ် လေ့ရှိ ပါတယ် ။ ဥပမာ ပြောရရင် စာတွေကို ပို့မယ် ဆိုပါဆို့ အဲ့အခါ member အရေ အတွက်လိုက် ပို့ရမယ့် စာအစောင်ရေ အလိုက် သုံးရတဲ့ Memory ပေါ့ အဲ့ဒါတွေ အတွက် hosting ဆိုတာ က ဖြေ ရှင်းပေး ရတာပါ ။   ဒါက အင်တာနက် စာမျက်နှာ တစ်ခုရဲ့ အဓိက လိုအပ်ချက် 2 ရပ်ပဲဖြစ်ပါတယ် ။




(၃) Ning Domain နဲ့ Service Pack အကြောင်း သိကောင်းစရာ

 


ဒီ ဇယားလေး ကတော့ Ning ရဲ့ Pricing Plan လေးပဲဖြစ်ပါတယ် ။ Ning Plus (သို့မဟုတ်) Ning Pro ၀ယ်မှပဲ အဆင် ပြေမယ့် သဘောရှိပါတယ် ။ အဲ့ဒါတွေ ကို နားလည်ပြီးမှ NING ရဲ့ Service pack တွေကို ရွေး ချယ် တာ ပိုကောင်းပါလိမ့်မယ် ။ မသိခဲ့ရင်တော့ တော်တော် ခက်ခဲပါတယ် ။ ပထမက အားလုံး Domain နဲ့ Ning service ပေါင်းရင် ရပြီဆိုတာ မှန်ပေမယ့် အခုက မဟုတ်တော့ဘူး ။

Ning Creator ဆိုဒ် က မြန်မာ အဖွဲ့မှာ သေချာ ရှင်းပြထားခဲ့ပါတယ် ။ ဝမ်းနည်းဖို့ကောင်းတာက Ning ရဲ့ ပင်မ ဖြစ်တဲ့ Creators ဆိုဒ် က Myanmar ning creator group မှာ အားလုံး 12 ယောက်ပဲ ရှိခဲ့ပါတယ် ။ Myanmar Ning Creator က Myanmar Group ကို တည်ထောင်သူ ကတော့ Shine ဖြစ်ပါတယ် ။

ခု Domain ဝယ်ထားတဲ့ သူတွေက အခု ရှင်းပြတဲ့ Hosting ကိုပါ မဖြစ်မနေ ဝယ်မှရပါတော့မယ် ။ မဝယ်ခဲ့ ရင် တော့ 7 လပိုင်း Ning ရဲ့ Launch time အပြီးမှာ ဆိုဒ် ပျက်သွားပါလိမ့်မယ် ။ Hosting က အားလုံး ထဲ မှာ ဈေး အကြီး ဆုံး တစ်ခုပါပဲ ။ သူက အမေရိကန် ဒေါ်လာ 198.00 လောက် မှ သင့်တော်နိုင်ပါတယ် ။ ဒီ့ထက် နည်း ရင် တော့ ning အတွက် မသင့်တော်ပါဘူး ။


Domain & Hosting ဆိုတာက အပေါ်က ပြောခဲ့တာတွေပါပဲ ။ အလွယ် နမူနာပြရရင် ဖုန်းနံပတ်နဲ့ hand set အ တိုင်း အလားသဏ္ဍန် တူပါတယ် ။

(၄) ဘလော့ပို့စ် တင်သူများအတွက်

နောက်တစ်ခုက Blog , Forum နဲ့ Discussion တွေက Tag ပါပဲ ။ ဘလော့ပို့စ် တင်သူများ အတွက် မဖြစ်မနေ သိရ မယ့် အချက်လေးတွေလို့ ထင်ပါတယ် ။ တစ်ကယ်လို့ သိပြီးသားဖြစ်နေရင် ဆရာ လုပ်မိတာအတွက် နား လည် ပေးစေချင်ပါတယ် ။ စေတနာ သက်သက်နဲ့ပြောပြခြင်းဖြစ်ပါတယ်ခင်ဗျား)

Tag ဆိုတာ စာမျက်နှာ တစ်ခု . blog တစ်ပုဒ် . Discussing နဲ့ forum တစ်ခု ရဲ့ ပင်ကိုယ် ရသကို အတိ အကျ ဖော်ညွှန်းပေးရတာပါ ။ နောက်ပြီးရေးသားသူ ကိုလဲဖော်ပြပေးရပါတယ် ။ သက်တန့်ချို ဆိုပါ စို့ မဖြစ်မနေ ကို လိုအပ်ပါတယ် ။ အခုတွေ့နေတဲ့ Ning အပါအဝင် ဆိုဒ်တော်တော်များများ မှာ ဖရိုဖရဲ ဖြစ်နေ တာကိုလဲ တွေ့ရပါတယ် ။

ဥပမာ ပြောရင် ထူးဆန်းသော ပင်လယ် သတ္တဝါများ Blog တစ်ပုဒ် ဆိုပါစို့...

သူက ဗဟုသုတ အတွက်မို့ Tag ရဲ့ ပင်မကို သုတ လို့ ပေးသင့်ပါတယ် ။ ဒုတိယ အနေနဲ့ ပင်လယ်သတ္တဝါ , ထူးဆန်း ထွေလာ အစရှိ သဖြင့် Tag မှာ ( , ) ကော်မာ နဲ့ ခြားရေးရပါတယ် ။ ဒါဆို ဒီ ဘလော့အတွက် Tag က ( သုတ , ပင်လယ်သတ္တဝါ , ထူးဆန်းထွေလာ , သက်သန့်ချို ) ဆိုပြီး ဖြစ်သင့်ပါတယ် ။


စာဖတ်သူ Follower တွေ အနေနဲ့ သုတ ဆိုတဲ့ Tag ကို ကလစ်တာ နဲ့ သုတ နဲ့ဆိုင်တဲ့ Blog အားလုံးကို တစ်နေရာတည်း မှာ ရွေးချယ်နိုင်ပြီး ပင်လယ် အကြောင်း သိချင်ပါက ပင်လယ် ဆိုတာကို ကလစ်ရုံ ပါပဲ သက်တန့်ချို ရဲ့ ဘလော့ ကို ရွေးဖတ်ချင်ရင်လဲ သက်တန့်ချို နာမည်ကို ကလစ်လိုက်ရူံပါပဲ ။

ဒါဆို အင်တာနက် စာမျက်နှာ တစ်ခုနဲ့ ရနိုင်တဲ့ အကြောင်းအရာတွေ ကို အစီအစဉ်တစ်ကျ ဖော်ပြပေးနိုင်တဲ့ အင်္ဂါ အချက် အလက်စုံတဲ့ Blog တစ်ပုဒ်ဖန် တီးပြီးသားဖြစ်ပါပြီ ။

မြန်မာ blogger တွေရဲ့ လိုအပ်ချက်တစ်ခု လိုပဲတွေ့နေရတတ်ပါတယ် ။



နောက်ဆက်တွဲက creator ဒါမှ မဟုတ် Admin တစ်ယောက်ဟာ ရေးသားသူဖော်ပြလိုက်တဲ့ Tag ကို ပြင်ခွင့် မရှိပါဘူး။ လိုအပ်ပါက ထပ်ဖြည့်ခွင့်ပဲ ရှိပါတယ် ။ ဒါကြောင့် ဘလော့ပို့စ် တင်သူများ အနေနဲ့ ကိုယ်တင် မယ့် ပို့စ် နဲ့ လိုက်ဖက်မယ့် Tag တွေကို Comma ( , ) ခံပြီးပေးသင့်ပါတယ် ။

နောက်ထပ်ပြောချင်တာက Ning မှာက Blogspot မှာ လို ပို့စ်တင်တဲ့ အခါ Justify လုပ်တဲ့ Feature မပါလာ ပါဘူး ။ ဒါကြောင့် ပို့စ်တင်တဲ့ အခါ စာကြောင်းတွေ မညီပဲ ရှည်တဲ့ဟာ ရှည် တိုတဲ့ဟာ တို ဖြစ်နေ တတ်ပါ တယ် ။ ဒါကတော့ အားနည်းချက် တစ်ခုပါ ။ ဒီတော့အားလုံး ကို ခြုံပြီးကြည့်လိုက်ရင် Ning Creator တွေ အနေနဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချသင့်တဲ့ အချိန်ရောက်လာပါပြီ ။

၁ ။ ဒီအတိုင်းပဲ ဆိုက်ကို အပျက်ခံမလား ..
၂ ။ ဒိုမိန်း ၀ယ်ပြီး တစ်ခြား Hosting တစ်ခုကို သုံးမလား (ဥပမာ Blogspot , wordpress)
၃ ။ Ning ကိုပဲ Premium ၀ယ်ပြီး သုံးကြမလား (Custom Domain + Hosting)

တစ်ခုခု ကိုတော့ ပြတ်သားဖို့ လိုလာပါပြီခင်ဗျား)

သက်တန့်ချို
27 May 2010



 မှတ်ချက်....  သက်တန့်ချို   ၇ဲ့  27 May 2010  က ပိုစ့်  အဟောင်းလေး ဖြစ်ပေမဲ့  ..  Blogger  တွေအတွက် ဗဟုသုတ ရစရာ အချက် အလက် တစ်ချို့ကြောင့်  ပြန်လည် တင်ပြပေးလိုက်ပါတယ် ။


လ ရိပ် ချို


 

No comments:

Post a Comment