Monday, August 1, 2016

သွေး အားနည်းရောဂါ ( Anemia )


အနီးမီးယား ဆိုတာ ဘာလည်း .....?
အနီးမီးယား ဆိုတာဟာ သွေးထဲမှာ ပုံမှန် ရှိရမယ့် သွေးနီဥတွင် အောက်ဆီဂျင် ကို သယ်ယူ ပို့ဆောင်ပေးသော အရာ သံဓါတ် ပါသော အရာ Hemoglobin ပမာဏ သို့မဟုတ် သွေးနီဥ ဆဲလ် red blood cells (RBCs) တွေဟာ ပုံမှန် မမာဏထက်လျော့ နည်းနေခြင်းကို ဆိုလိုပါတယ် ။
 တစ်ခါ တစ်လေ မှာတော့ သွေး ပမာဏ Blood volume လျော့နည်းနေခြင်း Hypovolemia ကိုလည်း အနီးမီးယား လို့ခေါ်ပါသေးတယ် ။ သွေးယိုခြင်းကြောင့်ဖြစ်ပေါ် တတ်တဲ့ သွေး ပမာဏလျော့နည်းခြင်း Hypovolemia ဟာလည်း သွယ်ဝှိုက်သော နည်းနဲ့ အနီးမီးယားကို ဖြစ်စေပါတယ် ။ 
ဒါပေမယ့် hemoglobin ပမာဏ ကတော့ များနေပြီး hypovolemia ကိုဖြစ်စေတဲ့ အခြား အချက်တွေ လည်း ရှိပါသေးတယ် ။ အဲဒါတွေ ကတော့ ရေဓါတ် ခမ်းခြောက်ခြင်းနဲ့ အလွန်အမင်း အန်ခြင်း တို့ပဲဖြစ် ပါတယ် ။
ပုံမှန်သွေး ပမာဏ လူတွေ မှာ ဘယ်လောက်ရှိရမလည်း .....?

ပုံမှန် ရှိရမည့် ဟေမိုဂလိုဘင် ပမာဏ
ယောက်ျား .....................13.0 - 18.0 g/dl
မိန်းမ............................11.5 - 16.5 g/dl

အနီးမီးယား ကို ဘာတွေက ဖြစ်ပေါ်စေသလဲ ....?


အသိများတဲ့ ထင်ရှား တဲ့ အနီးမီးယားဖြစ်ပေါ်စေတဲ့ အချက်တွေ ကတော့ .........................

သွေးထွက် များခြင်းကြောင့် အနီးမီးယားဖြစ်ခြင်း ။ ။ ရာသီလာတဲ့ သွေး ပမာဏဟာ အလွန်အမင်း များပြားနေ ခြင်း ၊ သွေးထွက် များသော အနာများ ၊ အစာအိမ်နှင့် အူလမ်းကြောင်း တွင် အနာများဖြစ်ပေါ် ခြင်း ကင်ဆာ များ အထူး သဖြင့် အူမကြီး ကင်ဆာ စသည်တို့မှာ သွေးကို တဖြည်းဖြည်း ခြင်း စိမ့်ထွက်စေ တဲ့ အတွက်ကြောင့် အနီးမီးယား ကိုဖြစ်ပေါ်စေပါတယ် ။

Iron သံဓါတ် ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်သော အနီးမီးယား ။ ။ ရိုးတွင်းခြင်ဆီ ဟာ သွေးနီဥ ဆဲလ်တွေ ထုတ်လုပ်ဖို့ အတွက် အိုင်းယွန်း ကို လိုအပ်ပါတယ် ။ အိုင်းယွန်း ဟာ Hemoglobin molecules တွေဖြစ်ပေါ်ဖို့ ပုံစံ အတွက် အရေးကြီးတဲ့နေရာ ကနေ ပါဝင်ဆောင်ရွက်ပေးပါတယ် ။ 
အကယ်၍ အိုင်းယွန်း ရရှိမှုဟာ ကန့်သတ် ထားတယ် ဒါမှမဟုတ် အစားအသောက်မှာ သံဓါတ် အလုံ အလောက် မပါဝင် ဘူးဆိုရင် အကျိုးဆက် အနေနဲ့ အနီးမီးယား ဖြစ်နိုင်ပါတယ် ။ ဒါကိုတော့ Iron deficency anemia လို့ခေါ်ပါတယ် ။ 


နာတာရှည်ရောဂါ များကြောင့် ဖြစ်ပေါ်သော အနီးမီးယား ။ ။ မည်သည့် နာတာရှည်ရောဂါမဆို အနီးမီးယား ကို ဖြစ်ပေါ်စေနိုင်ပါတယ် ။ ဒါပေမယ့် တိကျတဲ့ဖြစ်စဉ် ကိုတော့ ယနေ့တိုင် မသိရသေးပါဘူး ။ နာတာရှည် ရောဂါတွေနဲ့ ပိုးဝင်ခြင်း သို့မဟုတ် ကင်ဆာရောဂါတွေဟာ ဒီလိုမျိုး အနီးမီးယားကို ဖြစ်ပေါ်စေ ပါတယ် ။

ကျောက်ကပ်ရောဂါနှင့် ဆက်နွယ်သော အနီးမီးယား ။ ။ ကျောက်ကပ်ဟာ erythropoietin လို့ခေါ် တဲ့ ဟော်မုန်း တစ်မျိုးကို ထုတ်လုပ်ပေးပါတယ် ။ အဲဒီကောင်က ရိုးတွင်းခြင် ဆီတွေ သွေးနီဥဆဲလ်တွေ ထုတ်လုပ် တဲ့ နေရာမှာ ကူညီပေးပါတယ် ။ နာတာရှည်ကျောက်ကပ် ရောဂါရှိတဲ့ လူတွေမှာ ဒီဟော်မုန်း ထုတ်လုပ်မှု ဟာ လျော့နည်း သွားပါတယ် ။ တစ်ဆက်တည်း မှာပဲ သွေးနီဥ ဆဲလ်တွေ ထုတ်လုပ်မှု ဟာလည်း လျော့နည်း သွားပါတယ် ။ ဒီလိုမျိုး ကိုတော့ anemia related to chronie kidney diseases လို့ခေါ် ပါတယ် ။

အာဟာရ ချို့တဲ့မှုကြောင့်ဖြစ်ပေါ်သော အနီးမီးယား ။ ။ ဗီတာမင်နဲ့ သတ္တု ဓါတ်တွေ ဟာ သွေးနီဥ ဆဲလ် ထုတ်လုပ်ဖို့ အတွက် လိုအပ်ပါတယ် ။ အိုင်းယွန်း အပြင် B12 နဲ့ folate ကလည်း hemoglobin ထုတ်လုပ်ဖို့ အတွက် လိုအပ်ပါတယ် ။ 
ဒီအထဲက ဘယ်အရာပဲ ဖြစ်ဖြစ် ချို့ယွင်းသွားမယ် ဆိုရင် သွေးနီဥ ဆဲလ်တွေ ထုတ်လုပ်တာကိုလျော့နည်း သွားစေ တဲ့ အတွက် အနီးမီးယား ကို  ဖြစ်ပေါ်စေပါတယ် ။ အာဟာရ ချို့တဲ့မှု ဟာလည်း folate နဲ့ B12 ပမာဏလျော့နည်း ခြင်းကို ဖြစ်ပေါ်စေတဲ့ အရေးကြီးတဲ့ အချက်ပါပဲ ။ ဒါကြောင့် အသီးအရွက်ပဲ စားသုံး သူတွေ ဗီတာမင် ကို လုံလုံလောက်လောက် မစားသုံးသူတွေဟာ B12 deficiency ဖြစ်ဖို့ အခွင့်အလမ်း များတဲ့ သူတွေဖြစ်ပါတယ် ။

Pernicious Anemia ။ ။ အစာအိမ်တွင် ပြသနာတခုခုရှိနေခြင်း သို့မဟုတ် အူတွေက ဗီတာမင်ဘီတွဲကို စုပ်ယူမှုနည်းခြင်းကြောင့် ဖြစ်ပေါ်စေနိုင်ပါတယ် ။ ဒီလိုမျိုး B12 deficiency ကြောင့်ဖြစ်ပေါ်တဲ့ အနီးမီးယား ကို pernicious anemia လို့ခေါ်ပါတယ် ။

Sickle cell anemia ။။ အချို့ လူတွေမှာ ပုံမှန်မဟုတ်တဲ့ hemoglobin molecules တွေ ထုတ်လုပ်တဲ့ ပြသနာ ရှိတတ်ပါတယ် ။ ဒီလို အခြေအနေမျိုးမှာ ဆိုရင် hemoglobin ဟာ ပမာဏရော လုပ်ငန်းဆောင်ရွက်မှု မှာပါ ပြဿနာ ရှိလာပါတယ် ။ ပုံမှန် မဟုတ်တဲ့ hemoglobin molecules တွေ က သွေးနီဥ ပုံစံတွေကို မှုမမှန်ဖြစ်စေပြီး Crescent shaped ( sickle cells ) တံစဉ် ပုံစံလိုမျိုး ဖြစ်ပေါ်စေပါတယ် ။
သူ့ရဲ့ ပြင်းထန်မှု အဆင့်ပေါ် မှုတည်ပြီး Sickle cell anemia ကို အမျိုး အစားများစွာ ခွဲခြားနိုင်ပါတယ် ။ ဒါဟာ မျိုးရိုး လိုက်ပြီး African , Eastern နဲ့ Mediterranean တွေမှာဖြစ်လေ့ရှိပါတယ် ။

Thalassaemia ။ ။ ဟေမိုဂလိုဘင်နဲ့ ဆက်နွယ်ပြီး အနီးမီးယားကို ဖြစ်ပေါ်စေတဲ့ အခြားအုပ်စု တစ်ခုဖြစ် ပါတယ် ။ Thalassaemia အုပ်စုများစွာ ရှိပါတယ် ။ ရောဂါပြင်းထန်မှု အပေါ်မူတည်ပြီးကွဲသွားလေ့ရှိပါတယ် ။ မျိုးရိုးလိုက်လေ့ ရှိပါတယ် ။
Alcoholism ။ ။ အရက်သောက်သုံးသူတွေ မှာ အာဟာရ ချို့တဲ့မှု ဗီတာမင် နဲ့ သတ္တု ဓါတ်တွေ နည်းပါးမှု ဟာ ဆက်နွယ်နေ ပါတယ် ။ အယ်ကိုဟော ဟာ သူ့ဘာသာ ရိုးတွင်းခြင်ဆီ ကို အဆိပ် အတောက်ဖြစ်စေ ပါတယ်။ သွေးနီဥတွေ ထုတ်လုပ်မှု ကိုလည်း လျော့နည်းစေပါတယ် ။
ရိုးတွင်းခြင်ဆီနှင့် ဆက်နွယ်နေသော အနီးမီးယား ။ ။ အချို့သော သွေးကင်ဆာ သို့မဟုတ် Lymphomas တွေဟာ သွေးနီဥ ထုတ်လုပ်မှုနှုန်း ကို ပြောင်းလည်းစေပြီး သွေးဆဲတွေ အားလုံး ထုတ်လုပ်မှု ကို နည်းစေပါတယ် ။ 
Hemolytic anemia ။ ။ ပုံမှန်သွေးနီဥ ရဲ့ ပုံစံဟာ သူ့ လုပ်ငန်းဆောင်ရွက်မှု အတွက် အလွန်အရေးကြီး ပါတယ် ။ ဒီမှာ ဆိုရင်တော့ သွေးနီဥ ဟာ ပေါက်ကွဲပြီး ဒါကို hemolysis လို့ခေါ်ပါတယ် ။ြ့ပီးတော့သူဟာ လုပ်ငန်းဆောင်ရွက်နိုင် ခြင်း မရှိတော့ပါဘူး ။ အခြား ရှားပါးတဲ့ အချက်တွေ ကတော ကင်ဆာတွေ အသဲရောဂါတွေ မျိုးဗီဇ နဲ့ ဆိုင်တာတွေ ခဲ အဆိပ်သင့်ခြင်း AIDS နဲ့ သွေးယိုတဲ့ရောဂါတွေ ပဲဖြစ်ပါတယ် ။
သွေးအားနည်းရင် ဘာ လက္ခဏာတွေ ဖြစ်တတ်သလည်း ?


လက္ခဏာတွေ ကတော့....................

ဦးခေါင်းပိုင်း မှာ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းမှုးခြင်း ၊ သတိလစ်ခြင်း

မျက်လုံးမှာ ၀ါလာခြင်း ၊
အရေပြားမှာ ဖျော့တော့လာခြင်း အေးလာခြင်း ၀ါလာခြင်း ၊

သွေးကြော မှာ သွေးပေါင်ချိန် ကျလာခြင်း ၊

အသက်ရှု လမ်းကြောင်းမှာ အသက်ရှုမြန်ခြင်း တစ်နည်း တိုခြင်း၊

နှလုံး မှာ ရင်တုန်ခြင်း ၊ နှလုံးခုန်နှုန်းမြန်ခြင်း ၊ ရင်ဘတ်အောင့်ခြင်း (angina)
နှလုံး တိုက်ခိုက် ခံရခြင်း
ကြွက်သား မှာ အားနည်းလာခြင်း ၊

အူလမ်းကြောင်း မှာ မစင် အရောင်ပြောင်းလာခြင်း ၊

သရက်ရွက် (spleen) မှာ ကြီးမားလာခြင်း ၊


အနီပြထားသော အရာများမှာ အလွန်ပြင်းထန်သော သွေးအားနည်းရောဂါမှာတွေ့ရလေ့ ရှိပါတယ် ။


သွေးအားနည်းရောဂါ ဘယ်လို ကုမလည်း ?



အိမ်မှာ ဆိုရင် - ကိုယ့်ဘာသာ ကုဖို့ နဲနဲလေးပဲ လုပ်ဆောင်နိုင်ပါတယ် ။ ပုံမှန် အားဖြင့် ဆေးကုသမှု လိုပါတယ် ။ ဥပမာ အနီးမီးယား က အစာအိမ် အနာကြောင့် ဖြစ်တယ် ဆိုရင် aspirin , ibuprofen ကဲ့သို့ အကိုက် အခဲပျောက်ဆေးတွေကို ရှောင်သင့်ပါတယ် ။
ဒါမှမဟုတ်လည်း ဆရာဝန် ညွှန်ကြားတဲ့ အတိုင်း လုပ်ဆောင်ရပါမယ် ။ ဆေးရုံမှာ ဆိုရင် - သိပ် မပြင်းထန် ဘူး ဆိုရင် သွေးအားကောင်းစေတဲ့ဆေး Folic acid , B12 , Vit C , Iron ပါတဲ့ဆေးတွေပေးလေ့ ရှိပါတယ် ။ ဒါမှ မဟုတ် Tot'hema လို ဆေးလည်းပေး ပါတယ် ။ ပြင်းထန်တယ် ဆိုရင်တော့ သွေးသွင်း ကုသပါတယ် ။

ဘယ်လို ကာကွယ်မလည်း ?

အများစု ကတော့ ပုံမှန် အာဟာရပြည့်တဲ့ အစားအစာ နဲ့ အရက်ကို ထိန်းချုပ်ခြင်း ဖြင့် ကာကွယ်ပါတယ် ။ အကောင်းဆုံး ကတော့ ဆရာဝန်နဲ့ ပြသပြီး ဇစ်မြစ်ကို ရှာဖွေ သင့်ပါတယ် ။
 သွေးအားကောင်းတဲ့ အစား အစာတွေ စားပေးပါ ။ အသား ပဲ အမျိုးမျိုး အသည်း အမြစ် အရွက်များ ငါးသေးသေးလေး များ စသည် ။

 
Ref;emedicine health( october 6 2009)
;wikipedia

စာရေးသူ....သက်တန့်ချို.......

http://thettantcho.blogspot.my/2009/10/anemia.html

No comments:

Post a Comment