Monday, August 1, 2016

အတောင်ပံ ပါတဲ့ကြောင်ကလေး



ကြောင် အများစုဟာ အသက် ၉ ခုမြောက်မှာ မျိုးရိုး ဗီဇပြောင်းလဲ လေ့ရှိတယ်လို့ ဆိုပါတယ် ။ အဲဒီလိုထဲ မှာ မှ ဒီကြောင်လေး ဟာ တောင်ပံ တစ်စုံ ပါတယ် ဆိုရင် သင် အံ့သြသွားပါသလား ။ ဒီကြောင်လေးမှာ အစပိုင်း ကတော့ နောက်ကျော ဖက်မှာ အစို့ ပုံစံလေးတွေ စထွက် လာပြီး နောက်ပိုင်း မှာတော့ တောင်ပံ ပုံစံ အဖြစ် ကူးပြောင်းသွားတာ ဖြစ်ပါတယ် ။ 
 
ဖြစ်စဉ် ကတော့ တရုတ်နိုင်ငံ Sichuan စီရင်စု မှာ ဖြစ်ပါတယ် ။ ကြောင်လေးရဲ့ ပိုင်ရှင် Feng ကတော့ သူ့ရဲ့ကြောင်လေး ဟာ လွန်ခဲ့တဲ့ မိတ်လိုက်တဲ့ ရာသီမှာ စိတ်ဖိစီးမှု အလွန် များပြီးနောက် ယခုလို အတောင်ပံတွေ ထွက်လာခဲ့ တယ်လို့ဆိုပါတယ် ။

သူက ဆက်ပြောပါတယ် ။ " ကျနော့ရဲ့ကြောင်လေး Tom ဟာ သူရဲ့ မိတ်လိုက်ဖက် ကြောင်မလေးရဲ့ ဒုက္ခပေး ရန်ရှာမှု ကို အမြဲတမ်း ခံနေရတဲ့ အတွက် ယခုလို စိတ်ဖိစီးမှုတွေ ကြုံပြီး အတောင် ပံတွေ ထွက်လာရခြင်း ဖြစ်ပါတယ်" လို့ ရှင်းလင်းပြောကြားခဲ့ပါတယ် ။ 
 
အစပိုင်း ကတော့ အဖု ပုံစံလေးနဲ့ တိုးထွက် လာပြီး အလွန် လျှင်မြန်စွာ ကြီးထွားလာပါတယ် တစ်လလောက်ကြာပြီးတဲ့ အခါမှာ တောင်ပံ တစ်စုံ ဖြစ်သွားပါတယ်လို့ သူက ဆက်ပြောပါတယ် ။ ကြောင်မ အများစု ရဲ့ ကိုယ် အပူရှိန်တွေက သူ့ကို ဒုက္ခပေး သလိုဖြစ်ပြီး တောင်ပံတွေ ထွက်လာပါတယ် ။
 
 
 
 
 Genetic ကျွမ်းကျင်သူတွေ ကတော့ ဒါဟာ သူ့ရဲ့ ဘ၀ အရည်အသွေး ကိုတော့ ထိခိုက်စေမှု မရှိပါဘူး ပူလွန်းတဲ့ ရာသီမှာ အန္တရာယ် မရှိတဲ့ ကြီးထွားဖွံ့ဖြိုးမှု တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ် ။ ပိုင်ရှင်က ဆက်ပြောပါသေးတယ် ။ သူ့ရဲ့ကြောင် ဟာ တစ္ဆေ တစ်ကောင် မဟုတ်ပါဘူး အဲဒီ အတောင်ပံမှာ အရိုးတွေ ပါရှိပြီး သူ့ကို ကြောင် နတ်သား ပုံစံ ဖြစ်စေတာပါလို့ ဆိုပါတယ် ။

 
 
 
စာရေးသူ......သက်တန့်ချို...
http://thettantcho.blogspot.my/2009/10/blog-post_29.html
 

No comments:

Post a Comment