Monday, August 1, 2016

လူ့ ဦးနှောက် ပုံစံဖြစ်နေသော ကမ္ဘာမြေ ၏ အစိတ်အပိုင်းများ




တစ်ကယ်လို့ တစ်စုံ တစ်ယောက်က လတ်တလော မှတ်ဥာဏ် ချို့ယွင်းသွားတယ် ဆိုရင် သူ့ကို ကူညီဖို့ အဆင်သင့် ပါပဲ ။ Parque National Park ထဲမှာ Track ကားတွေကြောင့် ကုန်းမြေတွေဟာ ပုံစံ အမျိုးမျိုး ဖြစ်လို့ နေပါတယ်။ ဒါပေမယ့် အံ့သြစရာ ကတော့ အပေါ်စီးကနေကြည့်မယ် ဆိုရင် လူ့ဦးနှောက် ပုံစံနဲ့ ဆင်တူနေတာပါပဲ ။


သီးသန့် စစ်ဆေးရေးကောင်စီ မှ ဓါတ်ပုံ ဆရာ Hector Garrido က National Park မှာ ရိုက်ကူး ယူခဲ့တဲ့ ပုံ ဖြစ်ပါတယ် ။ Delta မြစ်ထဲကို စီးဝင်နေတဲ့ လက်တက်ပေါင်း များစွာရဲ့ အံ့သြစရာ ပုံရိပ်တွေပါ ။


 သေချာ ကြည့်မယ် ဆိုရင်တော့ Marshland ထဲမှာ သေးငယ်တဲ့ ကန်လေးကို တွေ့မြင်နိုင်ပြီး အဲဒီ ကန် က ခြောက်သွေ့သွားရာ ကနေ တစ်ဆင့် ထူးဆန်းဖွယ်ကောင်းလောက်အောင် ဦး နှောက် သဏ္ဍာန်နဲ့ တူနေတဲ့ Landscape တစ်ခုဖြစ်ပါတယ် ။



အဓိပ္ပါယ် တိတိ ကျကျ သတ်မှတ် မထားပေမယ့် ပုံစံတွေဟာ အတိအကျ ပွားများ ထားခြင်း မဟုတ် ပဲ သေချာ ရှင်းလင်းတာ တစ်ခု ကတော့ Fractal တစ်ခုခြင်း ဆီကနေ သူ့ဘာသာ ဦးနှောက်ပုံစံ ထပ်နေခြင်း ဖြစ် ပါတယ် ။ 


ပုံတွေ ကတော ဓါတ်ပုံဆရာ က တစ်ခြား စပိန်နိုင်ငံတောင်ပိုင်း မှာ ထူးဆန်းအံ့သြဖွယ် နေရာတွေကို ကျနော်တို့ မမြင်နိုင်တဲ့ ရှုထောင့်တွေ ကနေ မှတ်ထားတင်ထားခြင်း ဖြစ်ပါတယ် ။

 




Huelva စီရင်စု Sevilla နဲ့ Ca'diz နောက်ပြီး Parque National Donana မှာ တည်ရှိပြီး ဒယ်တာ မြစ် ပတ်လည် မှာ ဖြစ်ပေါ်နေတဲ့ ပုံသဏ္ဍာန်တွေ ဖြစ်ပါတယ် ။ 


Guadalquivir မြစ် ဆိုတာ ကတော့ ဥရောပ မှာ ထင်ရှားတဲ့ မြစ်ဖြစ်ပြီး အဲဒါက 1300 sq km ဧရိယာ ရှိပြီး အလွန်ကြီးမားတဲ့ ငှက်ကြီးတွေ ကျက်စားလေ့ ရှိတာကြောင့် ထင်ရှားကျော်ကြားလှပါတယ် ။  

အထူးသဖြင့် ဒီနေရာမှာ ထိတ်လန့်ဖွယ် လူသားစား ငှက်မျိုးနွယ် ငါးခု ရှိပြီး မြောက်အမေရိက ဥရောပနှင့် အာရှမြောက်ပိုင်းတွင် တွေ့ရလေ့ ရှိသော lberian လင့်ကြောင်မြီးတို တွေလည်း ကျက်စားလေ့ ရှိပါတယ် ။

 


စာရေးသူ.....သက်တန့်ချို....
 http://thettantcho.blogspot.my/2009/10/blog-post_6670.html

No comments:

Post a Comment