Tuesday, August 23, 2016

နာမည် ခေါ်သံကြားရင် သီချင်းသံ တိုးပေးမည့် နားကြပ် အမေဇုန် မူပိုင်ခွင့်တင်





            ဆူညံသော ၀န်းကျင် မျိုးတွင် နားကြပ် တပ်လိုက်ခြင်းဖြင့် နားအေး ပါးအေး နေခွင့်ရသည်။ အထူးသဖြင့် ဆူညံသံ ချေဖျက်ပေးသော နည်းပညာမြင့် နားကြပ်မျိုးဆို ပိုကောင်းသည်။

          သို့သော် မကောင်းတာ တစ်ချက်တော့ ရှိသည်။ ထို နားကြပ်များသည် ပတ်ဝန်းကျင် အသံ ကို တားဆီးပေး သဖြင့် မိမိ ၀န်းကျင်မှာ အန္တရာယ် တစ်ခုခု ကျရောက်လျှင် မသိဘဲ ဖြစ်နေတာမျိုး၊ ကိုယ့်ကို လှမ်းခေါ်တာ မကြားမိခြင်းမျိုး ဖြစ်တတ်သည်။

          ဒရုန်း များဖြင့် ကုန်စည် ပို့ဆောင်ဖို့ စီစဉ်ေ နသလို၊ အာကာသ ခရီးသွားလုပ်ငန်း အတွက်လည်း ဒုံးပျံ များ စမ်းသပ်လျက် ရှိသော အွန်လိုင်း လက်လီ အရောင်းလုပ်ငန်း အမေဇုန် သည် လူသုံးကုန် နားကြပ်ကိုလည်း ပိုကောင်းအောင် အဆင့်မြှင့်တင်ပေးဖို့ ကြိုးစားနေပြန်သည်။  

နားကြပ် ဖြင့်အသံများကို  တားဆီးပေးမည် ဖြစ်သော်လည်း မိမိကြားလိုသော အသံ ကိုမူ ကြားရအောင် ဖန်တီးပေးမည့် နည်းပညာကို အမေဇုန် က မူပိုင်ခွင့် ရရှိပြီ ဖြစ်သည်။

          ထို နည်းပညာကြောင့် ဆူညံသော ၀န်းကျင် တွင် ဘေးသံများ မကြားရအောင် နားကြပ်က ကာ    ကွယ်ပေးမည် ဖြစ်သလို၊ မိမိ နာမည် အပါအ၀င် မိမိ က ကြိုတင် သတ်မှတ်ပေးထားသော ကြားလိုသည့် အသံများ ၀င်လာလျှင်မူ နားကြပ် က ထို အသံကို တားဆီး ဖယ်ထုတ်ခြင်း မပြုဘဲ ကြားရအောင် ဖန်တီးပေးမည် ဖြစ်သည်။


       

 အမေဇုန် ၏ နည်းပညာမြင့် နားကြပ်သည် ၀င်လာသမျှ အသံ များကို ခွဲခြား ကာတန်ပြန် အသံ လှိုင်း  ထုတ်လွှတ်ပြီး ချေဖျက်ပစ်လိုက်သော နည်းဖြင့် နားကြပ်ဝတ်ထားသူထံ ပြင်ပအသံများမရောက်အောင် ကာကွယ်ပေးနိုင်သည်။ 

အလားတူပင် မိမိ နာမည် အပါအ၀င် ကြားလိုသည်ဟု ကြိုတင် သတ်မှတ်ပေးထားသော အသံများ ၀င်လာလျှင်မူ ချေဖျက်ပစ်ခြင်း မပြုဘဲ နားကြပ်က တစ်ဆင့် လူ့နားထံရောက်ရှိအောင် လမ်းဖွင့်ပေးလိုက်မည် ဖြစ်သည်။



ဟန်လင်းအောင်
ဆန်ဖရရန်စစ္စကို ၊ သြဂုတ် ၅
Source: Daily Mail

No comments:

Post a Comment