Monday, August 15, 2016

ဒီ လက္ခဏာတွေ ကို ဖတ်ပြီး မိမိ အိမ်ထောင်ရေး အကြောင်း ကြိုတင်ဟောကိန်း ထုတ်နိုင်



လက္ခဏာ ဖတ်ပြီး အဓိပ္ပါယ်ကောက် ဟောကိန်းထုတ်ခြင်း ကို ကမ္ဘာတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့်  ကျင့်သုံး ကြပြီး အိန္ဒိယ နက္ခတ်တ ဗေဒင် ပညာရပ်မှ စတင်ခဲ့တာ ဖြစ်ပါတယ်။      သူ့ရဲ့ ရည်ရွယ်ချက် မှာ လူ           တစ်ယောက် ရဲ့ ထူးခြားတဲ့ အရည်အချင်း ကို စစ်ဆေးဖို့ သို့မဟုတ် လက္ခဏာ ကို လေ့လာပြီး နိမိတ်ဖတ်ဖို့ ဖြစ်ပါတယ်။ 
ဒီ အိမ်ထောင်ရေး လမ်းကြောင်း ကိုယ့် ဘာသာ အဓိပ္ပါယ်ကောက် နိုင်ပါတယ်။ လိုအပ်တာက လက်နှစ်ခုကို ပူးထားပြီး အဲဒီမှာ ပေါ်တဲ့ အရစ် အကြောင်းတွေ အာရုံစူးစိုက် ကြည့်ရုံလေးသာ ဖြစ်ပါတယ်။
ဒီ လမ်းကြောင်းများ ရဲ့ အနက် အဓိပ္ပါယ်တွေမှာ
လမ်းကြောင်းတွေ အနိမ့်အမြင့် တူနေရင် သို့မဟုတ် ဆုံနေ လို့ရှိရင် သင်ဟာ နူးညံ့ကြင်နာသူ၊ ဆတ်ဆတ်ထိမခံသူ နဲ့ တည်ငြိမ်သူ ဖြစ်ပါတယ်။ အရမ်းပျော်ရွှင်မြူးတူးတတ်သူနဲ့ အဖော် မပြုလိုဘူး။ သင့် ခင်ပွန်း/ ဇနီးက သင့်မိသားစု နဲ့ သူငယ်ချင်းများ ကြည်ညိုလေးစားသောသူ ဖြစ်ပါလိမ့်မယ်။
ညာဘက်ရှိ လမ်းကြောင်းက ဘယ်ဘက် ထက် ပိုမြင့်နေရင် သင်ဟာ အမြော်အမြင်ရှိသူဖြစ်ပြီး လူကြီးတွေရဲ့ စိတ်ဝင်စားမှု ခံရသူဖြစ်ပါတယ်။ တစ်ခြားသူတွေ သင့် အကြောင်း ထင်မြင်ယူဆတဲ့ အရာကို သင်စိတ် မဝင်စားပါ။ ကိုယ်ဘာသာ ကြိုးစား ရုန်းကန်ရမယ်။ သင့်ထက် အသက်ကြီးသူနဲ့ အကြောင်းပါဖို့ အလား အလာ ၇၀% ရှိတယ်။


ဘယ်ဘက် လမ်းကြောင်းက ညာဘက် ထက် ပိုမြင့်ရင် သင်ဟာ သန်မာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိ တယ်။ နောက်ပြီး သင့် ရုပ်ရည်နဲ့ လူတွေကို ဆွဲဆောင်မယ်။ ကိုယ်ထက် ပိုငယ်တဲ့ သူနဲ့  အိမ်ထောင်    ကျနိုင်ခြေ ရှိပါတယ်။


Ref:healthyfoodstar 
http://trend.com.mm/2016/01/15/lifestyle-8580


No comments:

Post a Comment