Thursday, August 25, 2016

သီတဂူဆရာတော် ပုဂံ ကို ကြွရောက်ပြီး ငလျင်ဒဏ်ခံ ဘုရားတွေကို လှည့်လည်ကြည့်ရှု




သီတဂူ ဆရာတော်ကြီး ဒေါက်တာ ရှင်ဥာဏိဿ      ရ က ငလျင်ကြောင့် ပုဂံရှေးဟောင်းစေတီ ပုထိုးတွေ ပြိုကျ ပျက်စီးခဲ့လို့ စိတ်မကောင်းဖြစ်ခဲ့ပြီး ဒီနေ့ မနက်ပိုင်းမှာ စစ်ကိုင်းမြို့ ကနေ  ပုဂံ ကို ကြွရောက်ခဲ့ပြီး ဘုရားပုထိုးတွေ ကို လှည့်လည်ကြည့်ရှုခဲ့တယ် လို့ သိရပါတယ်။

သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပြိုကျ ပျက်စီးခဲ့တဲ့ လောကနန္ဒာစေတီတော်ရဲ့ စိန်ဖူးတော် မြေခခဲ့တာကို ပြန်လည်ပြင်ဆင်ဖို့ အတွက် သီတဂူဆရာတော်ကြီး အရှင်ဉာဏိဿ       ရ  က ကျပ်ငွေ သိန်းတစ်ရာ လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။

သီတဂူဆရာတော်ကြီး က ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးခဲ့တဲ့ ဘုရားတွေ ရဲ့ အခြေအနေ  ကို လှည့်လည် ကြည့်ရှုခဲ့ကာ ပြုပြင်ဖို့ လိုအပ်တဲ့ ဘုရားတွေ ကို မွမ်းမံ သွားမယ်လို့ မိန့်ကြားခဲ့ပြီး   လောကနန္ဒာစေတီ   ကို ပြုပြင်ဖို့ အတွက် သိန်းတစ်ရာ  ကို အရင်ဆုံး လှူဒါန်း  ခဲ့တာဖြစ်ပါတယ်။


Source & Photos : 7DayDaily,Sitagu Kyaw San Win
http://www.duwun.com.mm/news/local/-id5417304.html



No comments:

Post a Comment