Wednesday, August 10, 2016

ပရဟိတ လုပ်ရင်း ငရဲကျသူ ( ဖြစ်ရပ်မှန် )



ပရဟိတ အလှူကို အကြောင်းပြ အဲ့ဒီ အထဲက ငွေကတော့ ရေတောင်ဝယ် မသောက်ကြပါနဲ့ ။
 ငရဲပြည် တန်းနေတာပဲ ။ ဘုရား တကာ ကျောင်း တကာ တစ်ယောက်ဟာ ကျောင်း အတွက်အလှူခံ လှည့်လည်ရင်း အလှူခံခွက် ထဲက အဲ့ဒီ အထဲကငွေ နဲ့ သူဟာ ကွမ်း ၀ယ်စားမိတယ် ။


ကျောင်းပြန်ရောက်တော့လည်း အဲ့ဒီ  ငွေကိုပြန်   မထည့်မိဘူး .။ ဝေရာဝစ္စ ကိစ္စပြီးစီး လို့ ဦးက ဟာ သူ့ အိမ်ရောက်တော့ မူးတယ် ဆိုပြီး အသက်သေဆုံးသွားရှာတယ်  အလှူခံ  ရရှိတဲ့  ကွမ်းစား သောငွေကိုပြန်ထည့်ဖို့ အချိန် မရလိုက်ဘူး။ အဲ့ဒီလိုနဲ့ သူ အိမ်ဘေးနားက ဦးခ တစ်ယောက် မကျန်း မမာဖြစ်နေတာ  ကနေ သတိမေ့ပြီးမျှောသွားတယ်..

ဦးခ ဟာ မလွတ် မကျွတ်တဲ့ ဘုံ တစ်ခုကို ခဏ ရောက်ရှိသွားတယ်။ သူ့ အိမ်ဘေးက ဘုရား တရား အင်မတန် ရိုသေတဲ့ ဘုရားဒကာ  ဦးက ကို  ပင်ပမ်း  ဆင်းရဲနေတာ ဦးခ တွေ့တော့ စိတ်မချမ်းသာပဲ ထိပ်လန့်စရာဖြစ်တာပေါ့။ ဦးခ ကို  ဦးက ဟာ  အိမ်ပြန်ရောက်ရင် ပြောပြပေးပါ။ သူ ကွမ်းစာဖို့အတွက် အလှူခံလှည့်ရင်း ငွေလေး အနည်းငယ်  ယူမိခဲ့တဲ့  အတွက် သူ  ငရဲကျနေတာပါ။ 


သူ  အိမ်တိုင်ထဲမှာ ငွေ နဲ့ရွှေပြား   ထည့်ထားပါတယ်။ လူပြည်ပြန်ရောက်ချိန်မှာ သူ့အိမ်ကိုသေချာပြောပြပေးပါ မှာတယ်။ ဦးခ မေ့မျှောနေရာမှ သတိရချိန်မှာ ဦးက  ရဲ့  မိသားစု ကိုခေါ်စေပြီး ဦးက  မှာကြားတာကိုပြောပြတယ်။ ဒါပေမယ့် ဦးက မိသားစုဟာ လူကုံထံတွေ ပစ္စည်း ဥစ္စာပေါကြွယ်သူမို့ သူ အဖေ ရဲ့ သီလ သိခ္ခါကိုလဲ ယုံကြည်တဲ့ အတွက်ဦးခပြောတာကိုမယုံဘူး။ 

ဦးခ  ကို သူတို့အဖေဂုဏ်သိခ္ခါ ချတယ် ဆိုပြီးစိတ်ဆိုးကျ ရုံးရောက် ဂါတ်ရောက်ဖြစ်ကြတယ်။ အဲ့ဒီတင် ဦးခ ဟာ ကျွန်တော်ပြောတာ အမှန်ပါ  ဦးက မှာတဲ့နေရာကိုသာ သေချာပြန်ရှကြည့်ပါ ခင်ဗျာ ကျွန်တော်ပြပေးပါ့မယ် ။မတွေ့ခဲ့လျှင် ခင်ဗျားတို့သဘောပါ တိုင်လိုက တိုင်ပါ အရေးယူလိုကယူပါပြောလိုက်တယ်။

 ဦးက  တို့အိမ်ထဲက အိမ်တိုင်ကို  သေချာ ဦးက  ပြသပြောဆိုတဲ့နေရာ မှာပဲ ဦးက ညွန်တဲ့ အတိုင်း ဦးခဟာ ဦးက  သားသမီးတွေကို သူဘေးမှနေပြီး ရှာဖွေစေတဲ့ အခါ ငွေ ၃၀၀ ကျပ် နဲ ရွှေဒင်္ဂါး ပြားတွေ ကိုတွေ့ ကြ တယ်။




အဲ့ဒီတော့မှ သားသမီးများဆွေမျိုးများ အားလုံးဟာ အံအားသင့်လို့ယုံကြည်ကြပါတယ်..
အမှတ်မထင် သူတစ်ပါး လှူတန်း ထားတာကို မဖြစ်စလောက်လေး ယူခဲ့ မိရင်တောင် ငရဲ ကျခံရတတ်ပါတယ်။


အဲ့ဒီတော့ ပရဟိတ လုပ်နေကြပြီး သူတစ်ပါး အလှူငွေကို ရေတောင် မှ ၀ယ်မသောက်ပါနဲ့။
သူတစ်ပါး အလှူငွေကိုလည်း ယူရဲလို့ ယူကြတာမို့ သူ အကုသိုလ် သူယူ တာမို့ ပရဟိတ လုပ်ရင်း ငရဲကျမဲ့ သူများဟာ သူ့ဘ၀ အကြောင်းနဲ့ သူပါပဲလို့စိတ်ထားလိုက်ပါတယ်..




Credit: Ashin Mu Nain Da 

http://www.thutazone.com/2016/08/blog-post_46.html


No comments:

Post a Comment