Monday, August 1, 2016

Migraine ဆိုတဲ့ ခေါင်း တစ်ခြမ်းကိုက်တဲ့ ရောဂါ




မိုက်ဂရိမ်း ဆိုတာ ဘာလဲ ...?


မိုက်ဂရိမ်း ဆိုတာ ဦးခေါင်းထဲမှာ အထူးသဖြင့် တစ်ဖက်တည်း ( unilateral ) မှာ အရမ်းပြင်းထန် တဲ့ နှလုံးခုန် သံလိုမျိုး (သို့မဟုတ်) ဦးခေါင်းထဲသို့ အလွန်ပြင်းထန်တဲ့ တုန်ခါမှုမျိုး ဖြစ်ပေါ်နေခြင်း တစ်ဒိတ်ဒိတ်၊ တစ်ဆစ်ဆစ် ကိုက်နေခြင်းကို ဆိုလိုပါတယ် ။ 
 
ဘာတွေနဲ့ တွဲပြီး ဖြစ်တတ်သလဲဆိုတော့ ပျို့ခြင်း ၊ အန်ခြင်း ၊ အလင်းစူးစူး ကို မခံနိုင်ခြင်း ၊ အသံ အနံ့ စူးစူးတွေ ကို မခံ မရပ်နိုင်ဖြစ်ခြင်း တို့နဲ့ တွဲလာတတ်ပါတယ် ။ ဒီ ခေါင်းကိုက်တာဟာ ခဏ ခဏ ဖြစ်ပေါ်လေ့ ရှိပြီး မိုက်ဂရိမ်း ခံစားရလေ့ရှိတဲ့ အသက်အရွယ်တွေ မှာတော့ သိပ်ပြင်းထန်လေ့ မရှိပါဘူး ။


အမျိုး အစားများ....။

မိုက်ဂရိမ်း ကို သူတို့ ဖြစ်ပေါ်စေတဲ့ လက္ခဏာများ အရ အမျိုးအစား များခွဲခြားနိုင်ပါတယ် ။ ထင်ရှားတဲ့ ၂ မျိုး ကတော့ Migraine with aura နဲ့ Migraine without aura တို့ပဲဖြစ်ပါတယ် ။ အခြား သိပ်မထင်ရှားတဲ့ အမျိုးအစားတွေ ကတော့ Abdominal migraine , Basilar artery migranie , Carotidynia , Headache - free migraine ( aura withoutmigraine ) , Opthalmoplegic migraine / Ocular migraine နဲ့ Status migrainousus တို့ပဲဖြစ်ကြပါတယ် ။
 
အချို့သော မိန်းမတွေမှာ ရာသီ လာနေစဉ် သို့မဟုတ် လာခါနီး အချိန်မှာ ဒီ မိုက်ဂရိမ်း ရောဂါကို ခံစားကြ ရလေ့ ရှိပါတယ် ။ ဒီလိုမျိုးခေါင်းကိုက်ခြင်းကို ရာသီ မိုက်ဂရိမ်း (menstrual migraines ) လို့ခေါ်ပါတယ် ။ ဒါဟာ ဘာနဲ့ ဆက်နွယ်နေသလဲ ဆိုတော့ ဟော်မုန်းပြောင်းလဲမှုတွေ နဲ့ တစ်ခါ တစ်ရံ (သို့မဟုတ်) ကိုယ်ဝန်ဆောင် ချိန် မှာ တော့ ဖြစ်ပေါ်တာ နည်းလေ့ရှိပါတယ် ။ တစ်ချို့မိန်းမတွေမှာတော့ ပထမအကြိမ် ကိုယ်ဝန်ဆောင်ခြင်း နဲ့ သွေးဆုံးပြီးချိန်တွေမှာ မိုက်ဂရိမ်း ကို ခံစားရလေ့ရှိပါတယ် ။
 
 


Migraine with aura ဆိုတာဘာလဲ .....?

ဆိုလိုတာကတော့ ဦးနှောက်ပိုင်း ဆိုင်ရာ သဘာဝဖြစ်စဉ်များ ( neurological phenomenon ) aura က ခေါင်း မကိုက်ခင် ၁၀ မိနစ် (သို့မဟုတ်) နာရီဝက် အလိုမှာ စတင်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ် ။ Auras အများစု ဟာ အမြင်အာရုံနဲ့ သက်ဆိုင်ပြီး အရာဝထ္ထုတွေ ပတ်လည်မှာ တောက်ပပြီး တံလျှပ် ကဲ့သို့ စူးရှတဲ့ အလင်းရောင်တွေ ခံစားရလေ့ရှိတယ် ။
 
အမြင်အာရုံ မြင်ကွင်း ရဲ့ အစွန်းတွေမှာ အဲဒီလိုမျိုးတွေ့ရလေ့ ရှိပြီး အဲဒါကို Scintillating scotomas လို့ခေါ်ပါ တယ် ။ ကွေ့ကွေ့ကောက်ကောက် လိုင်းတွေ Zigzag lines နဲ့ မဖြစ်နိုင်သည်များကို စိတ်ကူး ယဉ်ခြင်း Castles ( teichopsia) နဲ့ တွန့်လိမ်နေတဲ့ ပုံရိပ်တွေကို တွေ့ရလေ့ ရှိခြင်း ထင်ယောင် ထင်မှားဖြစ်ခြင်း hallucinations တွေနဲ့ တွဲလာလေ့ရှိပါတယ် ။ 
 
ဒါ့အပြင် ယာယီအလင်း ပျောက်ကွယ်ခြင်း temporary vision loss လည်းဖြစ်နိုင်ပါသေးတယ် ။ အမြင်အာရုံနဲ့မသက်ဆိုင်တဲ့ Nonvisual auras ကတော့ ကြွက်သားအားနည်းခြင်း ၊ စကားပြော အသံထွက် ဘာသာစကားမပီသခြင်း ၊ ခေါင်းမူးခြင်း ၊ အထိုင်အထတွင် မိုက်ခနဲမူးခြင်း ၊ မျက်နှာပေါ် လျှာပေါ် နှင့် ခြေချောင်းလက်ချောင်းများတွင် ထုံခြင်းကျင်ခြင်း parasthesia တို့နဲ့ တွဲလာနိုင်ပါတယ် ။

Aura ဆိုတာ တစ်ကယ်တော့ ကိုယ့်ဆီကို မိုက်ဂရိမ်း က မတိုက်ခိုက်ခင် ကြိုတင် သတိပေးတဲ့ အာရုံ ခံစားမှု sensation တစ်ခုဖြစ်ပါတယ် ။ Aura ကို ခံစားရတဲ့ လူတွေဟာ လေဖြတ်ဖို့ အခွင့်အလမ်း ပိုများ ပါတယ် ။ သိပ်ဖြစ်လေ့ မရှိပါဘူး ဆို၍ ပေါ့ဆ၍ မနေသင့်ပေ ။ 
 
ငယ်ရွယ်တဲ့ မိန်းမတွေမှာတောင် မိုက်ဂရိမ်း ဟာ ဖြစ်နိုင်တဲ့ အတွက်ကြောင့်ပါ ။ ကိုယ်ဝန် တားဆေး (OC pills လက်ညှိုးထိုး ကဒ်) တွေနဲ့ ဆေးလိပ် သောက်ခြင်းဟာ လေဖြတ်ခြင်း ကို မိုက်ဂရိမ်း မရှိတဲ့လူတွေ ထက် ၇ ဆ ပိုဖြစ်နိုင်တယ် ဆိုတာ သိကို သိထားရပါမယ် ။

ဒါကြောင့် သင့်မှာ migraines with aura ရှိပြီဆိုလျှင် ..................

ဆေးလိပ် ကို အတတ်နိုင်ဆုံး မြန်မြန်ဖြတ်ပါ ။
ကိုယ်ဝန်တားဆေး (OC pill ) တွေ မသုံးပါနှင့်။ အကယ်၍ သုံးရမည် ဆိုပါက ဆရာဝန်နှင့် တိုင်ပင်ပြီး ဆေး မသောက်ခင် လေဖြတ်နိုင်မည့် အခွင့်အလမ်း ကို တိုင်ပင်ဆွေးနွေးပါ ။

သောက်သုံးရမည့်ဆေးများ မှာတော့ အများစု မှာ Ibuprofen ကဲ့သို့ အကိုက် အခဲပျောက်ဆေး များ ဖြစ်ပြီး ဆရာဝန်နှင့်ပြသပါ ။ သင့်ရဲ့ ရောဂါ လက္ခဏာ ရာဇ၀င် history ပေါ် မူတည်ပြီး ဆေးတွေက ကွဲပြားသွား မှာ ဖြစ်ပါတယ် ။ ယေဘူယျ အားဖြင့် ရတ်သတ္တပတ် မှ လ ထိတိုင်အောင် စွဲသောက်ရလေ့ရှိပါတယ် ။

ဘယ်လို ကာကွယ်မလဲ........?

မိုက်ဂရိမ်း ကို ကာကွယ်ဖို့ ကတော့ Beta Blockers ကဲ့သို့ ဆေးတွေ ဥပမာ propranolol , timolol , metoprolol , nadolol တွေရှိပါတယ် ။ ဒီဆေးတွေ က သင့် ဦးခေါင်းထဲမှသွေးလွှတ်ကြောတွေ ကျယ်ခြင်း ကို Beta receptors တွေကို ပိတ်ပေးခြင်း အားဖြင့် ကာကွယ်နိုင်မှာဖြစ်ပါတယ် ။ 
 
ဒါ့အပြင် သူတို့ ဟာ သွေးခဲစေသော အရာ platelets တွေကို စုစည်းခြင်းမှ ကာကွယ်ပေးပြီ သွေးတွေ ကို လွတ်လပ်စွာ စီးဆင်းစေ မှာ ဖြစ်ပါတယ် ။ Platelets ဆိုတာ ကတော့ သွေးခဲအောင် လုပ်ပေးတဲ့ အရာတွေပေါ့ ။ ဒါပေမယ့် Beta blockers တွေဟာ ပန်းနာ ရင်ကြပ် နဲ့ လုံးဝ မတည့်ပါဘူး ။ အကောင်းဆုံး ကတော့ ဆရာဝန်နှင့် စနစ်တကျ ကုသမှုခံယူခြင်း ပဲဖြစ်ပါတယ် ။



Ref: About.com
Healthcommunities.com
Relieve-migraine-headache.com 


စာရေးသူ....သက်တန့်ချို......
http://thettantcho.blogspot.my/2009/10/migraine.html
 
 

No comments:

Post a Comment