Monday, August 1, 2016

Windows 8 ရဲ့ သိသင့်တဲ့လျို့ဝှက်ချက် ၆ ခု

Windows 7 နဲ့ windows 8 က တော်တော်လေးကို ပြောင်းလဲသွားပြီး စအသုံးပြုတဲ့ အခါမှာ အခက် ခဲတွေ ကို အများကြီးတွေ့ရမယ်လို့ထင်ပါတယ် ။ ဒီလို အခက်ခဲတွေ ထဲက တစ်ချို့ တစ်လေကို ဖြေရှင်းဖို့ နည်းလမ်း ၆ ခုကို မိတ်ဆတ်ပေးချင်ပါတယ်။
 
ပထမဦးဆုံး အလွယ်ဆုံး windows 7 နဲ့ အတူဆုံးဖြစ်တဲ့ Desktop ကို windows 8 ကနေသွားတဲ့ နည်းပါ။




windows 8 ကို ဖွင့်ဖွင့် လိုက်ခြင်းမှာ အထက်ပါပုံ အတိုင်းတွေ့ရပါမယ်။ ဒီမှာ ငါး အရုပ်လေးနဲ့ Desktop ကို နှိပ်လိုက်ရင် windows 7 မှာ သုံးနေကြ Desktop ကိုတွေ့ရပါမယ်။ ဒီမှာတော့ start button မရှိပေမဲ့  အရင်က အဲဒီ start button ရှိတဲ့ နေရာမှာ Right click နှိပ်လိုက်ရင်.................
 
 

 
 
 အထက်ပါ ပုံအတိုင်းဘဲ Task manger, Run, Search, control panel, disk manager စတဲ့ windows ရဲ့ Features တွေကို ၀င်ရောက်လို့ရပါတယ်။

၂၊ Automatic Backup
Windows 8 မှာ automatic backup features ပါလာပါတယ် ။  ဒီ features ကို File history လို့ခေါ်ပြီးတော့  files တွေကို backup အလိုလျှောက် လုပ်ပေးပါတဲ့  အရင် System restore နဲ့ ခပ်ဆင် ဆင်ဖြစ်ပါတယ်။  
 
ကျွန်တော်က Files တွေကို မသိဘဲ နဲ့ ဖျတ်လိုက် မိတာတို့ windows ပျက် သွားတာ တို့ မှာ အထောက် အကူ အများကြီးပြုမှာဖြစ်ပါတယ်။ ဒါပေမဲ့လဲ ဒီ Features က windows  မှာ အလိုလျှောက် enable မထား ပါဘူး။ enable လုပ်ဖို့ လိုအပ်ပါလိမ့်မယ် ။ Control panel ကနေတစ်ဆင့်။
 
 

၃၊ Desktop Mix
Windows 7 မှာ ကျွန်တော်တို့ သိတဲ့အတိုင်း cursor နဲ့ ဖွင့်ထားတဲ့ window တစ်ခု ကို ဆွဲပြီး desktop ရဲ့ ထောင့်ကို ပစ်လိုက်ရင် ဒီ window က ဒေါင့်တနေရာမှာ ရှိပြီး နောက် တစ်ခု ကို ထိုနည်း အတူ လုပ်ခြင်းဖြင့် အောက်ပါပုံ အတိုင်း window နှစ်ခု ကို တပြိုင်ထဲ အသုံးပြုလို့ရပါတယ်။ 
 
 

Windows 8 မှာကျတော့  ဒီထက်ပိုပြီးတော့ Mix metro desktop လို့ခေါ်တဲ့  weather forecast စတာကို
 
 
 
 
အထက်ပါ ပုံမှာ မြင်တဲ့ အတိုင်း Desktop ရဲ့ ဒေါင့်မှာ ပေါ်နေပြီး ကိုယ့်က Photoshop လုပ်နေရင်းနဲ့
Weather, twitter, facebook စတဲ့ သူများ Status update လုပ်နေတာကိုပါ မြင်နေရပါမယ်။

၎။ Sync Everywhere
Windows 8 က Apple ရဲ့ Icloud လိုဘဲ Windows ID နဲ့ Computer မှာ ၀င်လိုက်ရင် ကိုယ့် account ထဲမှာ ရှိတဲ့ email, photos etc.. စတဲ့ ကိုယ့် data တွေ နဲ့ Setting တွေ ကို windows ထဲမှာ ၀င်သွား မှာဖြစ်ပါတယ်.

၅။ Shortcuts
Windows 8 မှာ အရင်က Windows 7 မှာ အသုံးပြုခဲ့တဲ့ Shortcuts တွေလဲ အသုံးပြုလို့ ရသေးသလို ထပ် ပြီးတော့  တိုးလာတဲ့ Shortcuts လေးတွေ ရှိပါတယ် ။ win key နဲ့ Prtsc key ကို အတူတူနှိပ်ခြင်း  အားဖြင့် Print screen ကို .png format နဲ့ pictures library folder မှာ အလိုလျှောက် save ပေး မှာဖြစ်ပါတယ်။ windows 8 ရဲ့ shortcuts 99 ခုကို ဒီမှာ ဖော်ပြထားပါတယ်။


၆။ Easy Reinstall
Windows 8 မှာ ပါလာတဲ့  ဒီ Easy Reinstall က အရင်တုန်းက ရှိတဲ့ System restore နဲ့ တူပါတယ်။ အဲဒါ ကတော့ Refresh your PC ဆိုတာပါဘဲ။ Refresh your PC က windows setting တွေကို အားကို default မှာပြန်ထား ပေးပါတယ်။ ဒါပေမဲ့ ကိုယ့် ရဲ့ Data တွေ ကိုတော့ ဘာမှ မထိဘဲ အရင်က အတိုင်း ရှိနေ မှာပါ။

ဒါပေမဲ့ Remove everything ကို နှိပ်လိုက်ရင်တော့  အားလုံးကို ဖျောက်ပစ်လိုက်မှာဖြစ်ပါတယ်။ ဒီဟာက
တော့ Virus ထိတဲ့ အခါတို့ Computer မှာရှိတဲ့ Data တွေ အားလုံး ကို ဖျောက်ပစ် တဲ့ အချိန်ကြမှာသာ
အသုံးဖို့ဖြစ်ပါတယ်။
 
 
 
http://www.kyawzinhein.net/2014/12/windows-8.html#more
 
 

No comments:

Post a Comment