Sunday, September 25, 2016

ပြိဿ ရာသီဖွား များ



ပြိဿ         ရာသီဖွား  များ

(နှစ်စဉ် ကဆုန်လ အတွင်း မွေးဖွားသူများ သည် ပြိဿ        ရာသီဖွား   များဖြစ်သည်။ ထို့အပြင် နှစ်စဉ် ဧပြီ (၂၁)  ရက်မှ မေ (၂၁) ရက် အတွင်းမွေးဖွားသူများ သည်လည်း ပြိဿ         ရာသီဖွားများ  ပင်ဖြစ်ပေသည်။ ထိုရက် အပိုင်းအခြား ကို  အတိအကျ သိသူများသည်လည်းကောင်း၊ ၄င်း အပိုင်းအခြား ကို အတိအကျ မသိဘဲ ကဆုန်လ တွင် မွေးဖွားသူများလည်း  ပြိဿ        ရာသီဖွားများ   ဟုပင် မှတ်ယူပြီး ဘ၀ တစ်သက်တာ တစ်လျှောက် တွင် အောက်ပါဖြစ်စဉ်များ ဖြစ်ပွားနိုင်သည် ဟု ယေဘုယျ ခြုံငုံ၍ လေ့လာ မှတ်သားကာ ဆောင်ခြင်း၊
ရှောင်ခြင်းတို့ပြုသင့်ပေသည်။)



ပြိဿ          ရာသီဖွားများ ၏ ပင်ကိုယ် စရိုက် သဘာဝနှင့် အကျင့် လက္ခဏာများ


ပြိဿ     ရာသီဖွားများ သည် တည်ကြည်အေးဆေးသူ  များဖြစ်သည်။ ဖြောင့်မတ်၏။ အလွန် သစ္စာရှိ၏။ ထို့ပြင်
အလွန် သံယောဇဉ်ကြီးမား တတ်ကြ၏။ အနုပညာ ပါရမီ ဓာတ်ခံကြီး၏။ အလွန် ညှို့ဓါတ် အားကောင်း၏။ တစ်ခု မဟုတ် တစ်ခုဖြင့် လူအများ ၏ ချစ်ခင်ကြည်ညိုခြင်းကို ခံရတတ်၏။ ဘေးလူတွေက ချစ်ခင်၏။

စန်းပွင့် ၏။ အလှအပ၊ အသန့်အပြန့် ကြိုက်၏။ စိတ်ကူးယဉ်တတ် ၏။ အထူးသဖြင့် ပြိဿ       ရာသီဖွားများ သည် ဘ၀ တွင် ကြည်နူး လွမ်းဆွတ်ဖွယ်ရာ အနေအထားများ ကို များစွာ ကြုံခဲ့တတ်ကြပေ၏။ အလွမ်းဓာတ်ခံ ရှိ၏။ လူပေါင်းဆန့်၏။ အကောင်းကြိုက်၏။ ကောင်းပေ့ ဆိုသည့် အသုံးအဆောင်များ ကိုသာ သုံးချင် ၏။ ငွေ အသုံးကြမ်း၏။ ဘယ်ကိစ္စမဆို ဆန်းစစ်လေ့လာကာ ဆုံးဖြတ်ချက် ခိုင်ခိုင်ချပြီးမှ စတင်လုပ်ကိုင်တတ် ၏။

နူးညံ့ သိမ်မွေ့သလောက် ဒေါသ ထွက်လာက ဘာမှ မမြင်တော့လောက် အောင် ကမူးရှူးထိုး လုပ်တတ်၏။ ရဲရင့် တည်ကြည်၍ ထက်မြက်၏။ နံနက်စော အရုဏ်ဦး အချိန်တွင် အသိဉာဏ် အထူး ပွင့်တတ်၏။ ထိုအချိန် တွင် စိတ်ကူးကောင်းတွေ ပေါ်တတ်၏။

ပြိဿ        ရာသီဖွားများ သည် ခံစားချက်ပြင်းထန်၏။ ဘာမဆို အလေးအနက် ခံစားတတ်၏။ ကိစ္စတစ်ခု ကို ဆုံးဖြတ်ပြီး က နောက်မတွန့်တမ်း လုပ်တတ်၏။  စည်းကမ်းတစ်ကျ စနစ်တစ်ကျ လုပ်တတ်၏။ အချိန်နာရီ၊ ကတိသစ္စာ ကို အလွန် တန်ဖိုးထား၏။ ဖြောင့်မတ်၏။ ကတိပျက်က စိတ်ဆိုး တတ်၏။ စိတ်ဆိုးခဲ သလောက် စိတ်ဆိုး လာပါက အသားတွေ တစ်ဆတ်ဆတ် တုန်လာကာ မျက်ရည်ပင် ကျလာတတ်၏။

အထူးသဖြင့် မိမိ အပေါ် လိမ်လည် လှည့်ဖျားလာက လုံးဝ ခွင့်မလွှတ်တတ်။ သစ္စာမဲ့ခြင်းကို အလွန် ရွံ့မုန်း၏။ စကားပြောဆိုရာတွင် အေးတိအေးစက်နှင့် ချက်ကျကျပြောဆိုတတ်၏။ စကားလုံးများဖြင့် နာကျင် ခံခက်ဖြစ်အောင် ပြောဆိုနိုင်စွမ်း၏။ တစ်ခါ တစ်ရံ ပြောပေါက် ဆိုပေါက် ကတ်တိ ကတ်ဖဲ့နိုင်၏။ 


သို့သော် ပြိဿ        ရာသီဖွား  တို့သည် အပေါ်ယံ အားဖြင့် မာကျောသယောင် ရှိသော်လည်း အတွင်းစိတ်နူးညံ့၏။ ကိုယ့် အပေါ် သိမ်သိမ်မွေ့မွေ့ ဆက်ဆံလာက အရာရာ ကို ခွင့်လွှတ်နိုင်တတ်၏။ အများအတွက် အနစ်နာ ခံတတ်၏။ အများကောင်းကျိုး ဆောင်ရွက်လို၏။

လောဘမကြီးဘဲ လုပ်စရာတွေကို ဇွဲဖြင့် တွန်းတိုက်လုပ်တတ်၏။ အရာရာ အပေါ် ရိုးရိုးရှင်းရှင်းနှင့်နေထိုင်လုပ်ကိုင်တတ်၏။ ရှုပ်ရှုပ်ယှက်ယှက် ဘာမှ မကြိုက်၊ သူတစ်ပါး ကိစ္စ ၀င် မစွတ်ဖက်တတ်။ ထို့အတူ ကိုယ့်နေရာ ကို လာပတ်သက်ခြင်းမျိုးကိုလည်း မကြိုက်တတ်။ သို့သော် မိသားစု သံယောဇဉ်ကြီးမားကြ၏။ သွေးရင်းသားရင်း၊ မိတ်ဆွေရင်းတွေ အတွက် အမြဲလိုလို ပေးဆပ်နေတတ်၏။ 
အနစ်နာခံနေတတ်၏။



သို့သော် ပြိဿ         ရာသီဖွားများ  သည် တစ်ခါတစ်ရံ ဆင်ခြင်ဉာဏ် ကင်းစွာ မာန်မာနနှင့် ပြုမူ မိတတ်၏။ ကိုယ့်ကိုယ် ကို အယုံ လွန်ပြီး တစ်ဇွတ်ထိုးလုပ်မိတတ်၏။ ကိုယ့်ကိုယ် ကို အထင်ကြီးပြီး မိုက်ရူးရဲ လုပ်မိ တတ် ၏။ 


မည်သို့ပင်ဖြစ်စေ ပြိဿ      ရာသီဖွား   တို့သည် ၀ီရိယကြီးခြင်း၊ တိုးတက်ကြီးပွားရန် အမြဲ ကြံစည်နေတတ်ခြင်း၊ လူချစ် လူခင် များခြင်း၊ ကိုယ့်ကိုယ်ကို ရိုသေစွာ သန့်သန့် ခန့်ခန့် နေတတ်ခြင်း တို့ကြောင့် အမည်ကျော်ကြား အောင်မြင်ချမ်းသာသူများ ဖြစ်တတ်ပေ၏။


ပြိဿ       ရာသီဖွားများ   ၏ အလုပ်အကိုင်နှင့် စီးပွားရေး အနေအထားများ


ပြိဿ        ရာသီဖွား   တို့သည် ဘ၀ကို သူတစ်ပါး တို့ထက် ပို၍ တန်ဖိုး ထားသူများဖြစ်၏။ ဇွဲကောင်းကောင်းနှင့် ကြိုးစား တတ်ကြ၏။ အပင်ပန်း ခံ၍ကြိုးစားကြ၏။ ဇွဲကောင်းကောင်းနှင့် ကြိုးစားကြ၏။ ထို့ကြောင့် သူတစ်ပါး တို့က ယုံကြည် ကိုးစားရသော ဘ၀ကို ပိုင်ဆိုင် တတ်ကြ၏။ စီးပွားလာဘ်မြင်၏။ ငွေရှာကောင်း၏။ ငွေသုံးကြမ်း၏။ မိတ်ကောင်းပေါ၏။ လုပ်ငန်း မရွေး လုပ်ဆောင်တတ်၏။





ဘ၀တွင် သူတစ်ပါးက နှိမ်၍ ဆက်ဆံခံရခြင်းကို မခံချင်စိတ်ဖြင့် ကြိုးစားတတ်၏။ ဘ၀တွင် ထူးခြားစွာ ပြည့်စုံကြွယ်ဝ တတ်ကြ၏။ ကတိသစ္စာ တည်ကြည်ခြင်းကြောင့် စီးပွားဖက် တို့၏ ယုံကြည်ခြင်း ကို ခံရတတ်၏။ ဘ၀ တွင် ဒုတိယ အရွယ်နှင့် တတိယ အရွယ်တွင် စီးပွားပြည့်စုံတတ်၏။ အကြံဉာဏ်ကောင်းများ ပေါ်ထွက်လာတတ်သလို လက်တွေ့ အကောင်အထည်ဖေါ်မိ၍ ကြီးပွားချမ်းသာတတ်၏။

စီးပွားတက်ချိန်တွင် အပျော်အပါး ဖက်မိတတ်၏။ ကိုယ်ပိုင် စီးပွားရေး အလုပ်ကိုသာ လုပ်ပါ။ သူတစ်ပါး လက်အောက်ခံ မလုပ်သင့်ပါ။ ကိုယ့် စိတ်ကူးနှင့်သာ ရဲရဲ လုပ်ပါ။ မည်သည့် အလုပ်မဆို စွဲစွဲမြဲမြဲ လုပ်ပါ။
အလုပ် အမျိုးမျိုးပြောင်းလုပ်ခြင်းကိုရှောင်ပါ။ ဤ အချက် များသည် ပြိဿ      ရာသီဖွား  တို့ အထူး လိုက်နာ သင့်သော အချက်များဖြစ်၏။

အထူး သဖြင့် စီးပွားရေးတွင် အားနာခြင်း၊ အာမခံခြင်း၊ ဆွေမျိုးများနှင့် ဆက်စပ် လုပ်ကိုင်ခြင်း တို့ကို အထူးရှောင်ပါ။ ပြိဿ     ရာသီဖွား  တို့သည် စာပေလုပ်ငန်းဖြင့် အထူးကောင်းကျိုးပေး၏။

အနုပညာ လုပ်ငန်း၊ စာရေးဆရာ၊ နတ္ခတ်ဗေဒင် ပညာရှင်၊ ဆေးဝါး လုပ်ငန်း၊ လျှပ်စစ် ပစ္စည်း၊ စားသောက်ကုန် လုပ်ငန်းများကို လုပ်ကိုင်၍ ကြီးပွားနိုင်၏။ ထို့အပြင် စစ်ဘက်၊ သူနာပြု၊ ပန်းအလှ စိုက်ပျိုးရောင်းချခြင်းတို့ဖြင့် အကျိုး အထူးပေး၏။ အထူးသဖြင့် ပြိဿ      ရာသီဖွား  တို့သည် အနုပညာ လုပ်ငန်း၊ အလှအပ ဆိုင်ရာ လုပ်ငန်းတို့ဖြင့် အထူးအောင်မြင်တတ်ပေသည်။



ပြိဿ       ရာသီဖွားများ  ၏ အချစ်ရေး အိမ်ထောင်ရေးနှင့် ဘ၀ တည်ဆောက်မှု အနေအထားများ


ပြိဿ         ရာသီဖွား  တို့သည် နှလုံးသား  ခံစားမှုပြင်းထန်၏။ ကဗျာဆန် ၏။ အထူး သဖြင့် အလွမ်းတေး သီချင်း၊ ကဗျာစာပေ တို့ကို နှစ်သက်၏။ သံယောဇဉ်ကြီး၏။ အထူးသဖြင့် အလွမ်းသမား များဖြစ်၏။ ဘ၀ တွင်
သံယောဇဉ် ကြီးမားသူတို့ကို ခွဲခွာပြီး လွမ်းနေတတ်ကြရ၏။

ပထမပိုင်း တွင် ချစ်ကံခေပြီး နောက်ပိုင်းမှကောင်းတတ်၏။ တစ်ရွာသူ တစ်နယ်သားတို့နှင့် ချစ်ကြိုး သွယ်မိတတ်၏။ အရူးအမူး ချစ်တတ်ကြ၏။ တသသ လွမ်းဆွေးနေတတ်ကြရ၏။ သို့သော် အိမ်ထောင်ပြုပြီးသော အချိန်တွင် စိတ်ချမ်းသာကြရတတ်၏။ ဘ၀တွင် တစ်စိမ့်စိမ့်ပြန်တွေးပြီး တစ်သသ ကြည်နူး မဆုံး၊ လွမ်းမဆုံးအဖြစ် အပျက်လေးများစွာ ကြုံကြရတတ်သူများဖြစ်၏။

အချစ်ရေး တွင် ကြားလူ အနှောက်အယှက် အမြဲကြုံရတတ်၏။ ထို့အတူ အိမ်ထောင်ရေး တွင်လည်း သွေးဆောင် ဖြားယောင်းခြင်းခံရတတ်၏။ သို့သော်  ပြိဿ       ရာသီဖွား   တို့သည် သစ္စာကြီးမားသူများဖြစ်၍ အိမ်ထောင် သာယာတတ်ပါ၏။ ကိုယ် ကိုယ်တိုင် ရုပ်ဆင်း တင့်တယ်၍ သပ်ရပ် ခန့်ငြားသူဖြစ်သလို အသားလတ်လတ်နှင့် လှပပြေပြစ်သူနှင့် ဖူးစာ ဆုံရတတ်၏။ 


မျက်နှာတွင် ထင်ရှားသော မှဲ့ အမှတ်အသား ပါသူနှင့် ဖူးစာ ဆုံတတ်ပေ၏။ အိမ်ထောင်ဖက် အပေါ်တွင်
အစစ ကိုယ်က အနစ်နာ ခံ၍ အနွံတာ ခံ၍ ပေါင်းဖော်ရတတ်၏။

အထူး သတိပေးလိုသည်မှာ ...  ချစ်သူ ဘ၀တွင်ဖြစ်စေ၊ အိမ်ထောင်သည် ဘ၀တွင်ဖြစ်စေ မိမိချစ်သူ အပေါ် မယုံသင်္ကာစိတ် မထားပါနှင့်။ ထို့အတူ မိမိ ချစ်သူက မှားယွင်းမှု ရှိနေကြောင်း (သစ္စာ မဲ့မှုမျိုး) သေချာနေလျှင် ပွင့်ပွင့် လင်းလင်းဖြေရှင်းလိုက်ပါ။ 


ထို့အပြင် ချစ်သူထားချိန်တွင်လည်းကောင်း၊ အိမ်ထောင်ပြုချိန်တွင် လည်းကောင်း ၊ခေါင်းအေးအေးနှင့် စဉ်းစားပြီးမှ လက်ခံ ဆုံးဖြတ်ပါ။ အထူးသဖြင့် ပြိဿ         ရာသီဖွား မိန်းကလေးများ တစ်ဇွတ်ထိုး ဆုံးဖြတ်ကာ အရှက် တစ်ကွဲ အကျိုးနည်းဖြစ်တတ်သည်။ အထူးသတိထားပါ။ ဘာပဲဖြစ်ဖြစ် အစပိုင်း ညံ့ပြီး နောက်ပိုင်းတွင်
ကောင်းကျိုး ခံစားရပါမည်။ 



ပြိဿ        ရာသီဖွားများ  ၏ ကျန်းမာရေး အနေအထားများ

ပြိဿ       ရာသီဖွားများ  သည် စိတ်ထက်၍ ဇွဲကောင်း သူများဖြစ်ပြီး 
လူ အပင်ပန်းခံနိုင်သော်လည်း ခန္ဓာကိုယ် တွင် မကြာခဏ ဝေဒနာဖြစ်တတ်၏။ အဓိက အားဖြင့် အဆစ်အမြစ် များ မကြာခဏ နာကျင် ကိုက်ခဲတတ်သည်။ လေထိုး၊ လေအောင့်၊ ၀မ်းနာရောဂါ တို့လည်း မကြာခဏဖြစ်တတ်၏။  
လည်ချောင်းနာ၊ အသံဝင်၊ ရင်ကြပ်ရောဂါများ မှာ အနည်းဆုံး တစ်နှစ် တစ်ကြိမ်မျှဖြစ်တတ်၏။

ပြိဿ         ရာသီဖွားများ သည် တော်ရုံ တန်ရုံ ရောဂါလောက်ဖြင့်ဆရာဝန်ပြခြင်း၊ ဆေးစားခြင်းမပြုဘဲ ဝေဒနာကို ကြိတ်မှိတ်ခံစားနေတတ်သည်။ ထို့ကြောင့်ပင် မလိုလားအပ်ဘဲ ရောဂါကြီးမား သွားတတ်သည်။ ပြိဿ   ရာသီဖွား  အမျိုးသမီးများ သားအိမ် အားနည်းတတ်သည်။ အမျိုးသားများ ဆီးကျောက်တည်ခြင်း၊ ဆီးကျိတ်ရောင်ခြင်းဖြစ်တတ်၏။ 


ပြိဿ         ရာသီဖွားများ သည် ဘာမှ မလုပ်ဘဲ ငြိမ်နေလျှင် ကျန်းမာရေး ညံ့တတ်၏။ အငြိမ်မနေဘဲ အလုပ်များကို ဇယ်ဆက်သလို ဆက်တိုက် လုပ်နေက၊ လှုပ်ရှားနေက ပို၍ ကျန်းမာတတ်၏။ အသေးအဖွဲ အားဖြင့် ဇက်ကြောတက်၊ ခေါင်းမူး၊ ခေါင်းကိုက်ရောဂါများဖြစ်တတ်၏။ အသီးအရွက် များများ စားပေးပါ။

အသက် (၃၇) ၀န်းကျင်တွင်လည်းကောင်း၊ အသက် (၈၀) တွင်လည်းကောင်း ကျန်းမာရေး အထူးဂရုပြုပေးပါ။ ထို့အပြင် ပြိဿ        ရာသီဖွား အမျိုးသမီးများ  သည် ရင်သားတွင် အနာဖြစ်ခြင်းမျိုး ဖြစ်တတ်သဖြင့် ဂရုပြုသင့်သည်။ပြိဿ       ရာသီဖွား   အားလုံးအတွက် ပဲ အမျိုးမျိုး၊ ပန်းသီး၊ ဖရဲသီး၊ သဖန်းသီး၊ သစ်ချသီး၊ ဗာဒံသီးတို့ကို ဓါတ်စာ အဖြစ် မပြတ် စားပေးသင့်သည်။  
ထို့အပြင် ၀က်သားဟင်း စားပေးခြင်း၊ မကြာခဏ ပျားရည် စားပေးခြင်း ပြုသင့်၏။

ပြိဿ         ရာသီဖွား  တို့သည် အခြားသူများထက် အစွဲအလန်း သံယောဇဉ်ကြီးမား တတ်သဖြင့် (အလွမ်းနာ) ထိတတ်၍ သံယောဇဉ်ကို အတိုင်းအတာ ထားသင့်ပေတော့၏။



ပြိဿ        ရာသီဖွားများ သတိပြုစရာ ဘေးဥပဒ် အန္တရာယ်များ


ပြိဿ        ရာသီဖွားများ  သည် မျက်နှာတွင် ရုတ်တရက် 
ထိခိုက် ဒဏ်ရာ ရတတ်သည်။ တောင်ပြိုခြင်း၊ မြေပြိုခြင်း စသော သဘာဝဘေးအန္တရာယ် များ ရင်ဆိုင်ရတတ်၏။ စက်မှု လက်မှု လုပ်ငန်း လုပ်သူများမှာ မတော်တဆ ထိခိုက်မှုများဖြစ်တတ်သည်။

အထူး သဖြင့် ပြိဿ         ရာသီဖွား သည် လက်နက်ပေါက်ကွဲခြင်း ဖြစ်တတ်၍ သတိပြုသင့်သည်။ သို့သော် အသက်အိုးအိမ် ထိခိုက်လောက်အောင် ဘေးအန္တရာယ် မရှိတတ်ပါ။ ပြိဿ        ရာသီဖွားများ  သည်  ဦးနှောက်သွေးကြော ထိခိုက်ခြင်း ရုတ်တရက်ဖြစ်တတ်သောကြောင့် သတိထားသင့်ပါ၏။ ထို့ပြင် သူတစ်ပါး အတွက် အနစ်နာ ခံရသော ဇာတာပါ၏။ ထို့အတွက်သာ အဓိက ဆင်ခြင် သတိပြုသင့်ပေသည်။ အထူးသဖြင့် နှစ်စဉ် (၂) လပိုင်း၊ (၄) လပိုင်း တို့တွင် အစစ အရာရာ သတိဖြင့်လုပ်ဆောင်သင့်ပေ၏။



ပြိဿ         ရာသီဖွား   တို့၏ ဘ၀ကံကြမ္မာ အနိမ့်  အမြင့် အနေအထားများ


ပြိဿ       ရာသီဖွား  တို့သည် ဘ၀ တွင် ဒုတိယ အရွယ်နှင့် 
တတိယ အရွယ် တို့တွင် အထူးကောင်းစားတတ် ၏။ ပထမ အရွယ်တွင် အနစ်နာခံခြင်းတို့ဖြင့် ဖြည့်ဆည်းပေးရတတ်၏။ ပြိဿ      ရာသီဖွား   တို့သည် လူအုပ်စုဖြင့်နေရသည် ကို မနှစ်သက်သော်ငြား လူ အုပ်စုဖြင့်ပင် အောင်မြင်တတ်ပြန်၏။ အများ၏ထောက်ခံမှု ကို ရတတ်လေ၏။

အသက်(၁၅)နှစ်၊ (၃၀)နှစ်၊ (၄၅)နှစ်၊ (၆၀)နှစ် တို့တွင် ထူးခြားသော အပြောင်းအလဲများကို ကြုံတတ်၏။ အသက် (၂၀)၊ (၂၅)နှစ်၊ (၂၈) နှစ်တို့တွင် ထိခိုက်နစ်နာမှုများ ကြုံတတ်၏။ ပြိဿ         ရာသီဖွား  တို့သည် အနစ်နာ ခံခြင်း အပင်ပန်း ခံခြင်း တို့ပြုပြီးမှသာ ပြည့်စုံခြင်းဖြစ်တတ်သော သဘာဝ ရှိ၏။ အထူးသဖြင့် (၁၈၊၂၂၊ ၃၃၊ ၃၅၊ ၃၇)နှစ်များတွင် အနှောက်အယှက် အခက်အခဲ များ ကြုံတွေ့ရတတ်၏။

ပြိဿ        ရာသီဖွား  တို့သည် ကိုယ်ရေးကိုယ်တာ  အတွက် ဦးစားမပေးဘဲ၊ ငွေကြေးကိစ္စ တို့ကို အဓိကထားမဆောင်ရွတ်ဘဲ အများအတွက်စေတနာထားဆောင်ရွက်လေ ကြီးပွားလေဖြစ်တတ်၏။

အသက် (၃၆)နှစ်နှင့် (၃၈)နှစ် တို့တွင် အမွေရသလို မျိုး ရုတ်တရက်ကြီးပွားပြီး အောင်မြင်မှုရတတ်၏။ အကြီး အမှုးနေရာကို ရတတ်သည်။ အလှူအတန်း များစွာပြုရတတ်၏။ သို့သော် ပြိဿ      ရာသီဖွား  တို့သည် ဆွေမျိုးဝေးနေရတတ်၏။ ရပ်ဝေးတွင် အောင်မြင်တတ်ကြ၏။ ယခုတွက်စစ်ဟောဆို ခဲ့သော ပြိဿ      ရာသီဖွား တို့
ဖြစ်တတ်သည့် ဘေးအန္တရာယ်များနှင့် ထူးခြားသော အသက်အပိုင်းအခြား တို့မှာ ယေဘုယျမျှသာဖြစ်၏။
ထိုအန္တရာယ် တို့ကိုလည်းကောင်း၊ ထို အသက်အပိုင်း အခြား တို့တွင် လည်းကောင်း သတိပြု ဆင်ခြင်နိုင်ရန်သာဖြစ်၏။ လိုက်နာ ကျင့်သုံးဖွယ်ရာ အဆောင်၊ အရောင် အချက်အလက် တို့ကိုမူ အထူး သတိပြုလိုက်နာသင့်ပေ၏။



ပြိဿ        ရာသီဖွား  တို့၏ဘ၀ တိုးတက်အောင်မြင်စေရန် 
လိုက်နာကျင့်သုံးဖွယ်ရာများနှင့် အဆောင်၊ အရောင်၊ အချက်အလက်များ


ပြိဿ       ရာသီဖွား တို့သည် သံယောဇဉ်ကြီး၍ အနစ်နာခံရသော 
ဘ၀ပို င်ရှင် များဖြစ်လေ၏။ ပေးဆပ်မှု၊ အနစ်နာခံမှု၊ နှောင်ကြိုးတည်း ခံရမှု၊ ဖိနှိပ်ချုပ်ချယ်မှု တို့ကို အမြဲခံရတတ်၏။ ဆွေမျိုးများနှင့် ဝေးဝေးနေသင့်၏။ သီးသန့် ခွဲထွက်သင့်၏။ သို့သော် ပြိဿ         ဖွား  တို့သည် မည်သည့်နေရာတွင် နေသည်ဖြစ်စေ ကိုယ်ကျိုးကို
မငဲ့ဘဲ စေတနာ အဓိကထား၍ လုပ်ဆောင်က သူ မတူအောင် ကြီးပွားတတ်၏။ 


ပြိဿ         ဖွား  တို့သည် စွမ်းအား ထည့်၍လုပ်ဆောင်က သူတစ်ပါး ထက် ထူးကဲစွာ အောင်မြင်တတ်၏။ သို့သော် ကိုယ့်ကိုယ်ကို ယုံကြည်စိတ် နည်းကာ မယုံမရဲ စိတ်ဖြင့် လုပ်တတ် သဖြင့် နစ်နာတတ်၏။ ထို့ကြောင့်
သံယောဇဉ်ကြီးခြင်း၊ အလွန် အမင်း အနစ်နာခံခြင်း၊ မယုံမရဲ လုပ်ခြင်း တို့ကိုရှောင်ပါ။ 


စိတ်မြန်ခြင်း၊ စိတ်ကြီးခြင်း၊ စကားပြောကြမ်းခြင်းကိုရှောင်ပါ။ ထို့ထက် ကိုယ်တိုင် ၏ အကြံကောင်း
ဉာဏ်ကောင်း များကို သူတစ်ပါးအား အကျိုးမဲ့ပြောပြခြင်းကို ရှောင်ပါ။ ပြိဿ      ရာသီဖွား   တို့သည် ပင်ကိုယ်ရုပ်ရည်၊ ပင်ကိုယ် ဟန်အမူအရာ အထူးကောင်း သလောက် ကိုယ့်ကို ကိုယ် ထင်ရှားအောင် မနေတတ်၊ မ၀တ် တတ်၊ မလုပ်တတ်ဘဲ ရှိနေတတ်ကြ၏။

ထူးခြားသော ဆွဲဆောင်မှု ရှိသူများဖြစ်ကြ၏။ အေးဆေး တည်ငြိမ်စွာ သွားလာနေထိုင်သင့်၏။ လက်ဝတ်ရတနာ တို့ကို ရှိတိုင်း မ၀တ်သင့်။ ခပ်သေးသေး သာ ၀တ်သင့်၏။ အရောင်ရင့် ထက် အရောင်ဖျော့ များကိုသာ ၀တ်သင့်၏။ စကားပြောသော အခါ ခြေလက် တည်ငြိမ် တည့်မတ်စွာ ပြောသင့်၏။ 


အကောင်းဆုံး အဆောင်မှာ (မြ) ကျောက်ဖြစ်၏။ အကောင်းဆုံး အရောင် တို့မှာ အပြာရောင်၊ ပန်းရောင် တို့ဖြစ် ၏။ အဖြူရောင်နှင့် အစိမ်းနုရောင် ကိုလည်း သုံးစွဲနိုင်၏။

လက်ခလယ် တွင် စိန်၊ မြ  တို့ ၀တ်သင့်၏။ လက်သူကြွယ် တွင် ပုလဲ၊ နီလာ တို့ကို ၀တ်ဆင်နိုင်၏။ လက်သန်း တွင် ငွေ လက်စွပ် သေးသေးမျှင်မျှင် ၀တ်ထားက ငွေလာဘ် ရွှင်၍ ငွေမြဲ တတ်၏။ သစ္စာပန်း၊ စံပယ်ပန်း တို့လှူနိုင်၏။ အိမ် တွင် အလှပန်းအိုး အမြဲ ထိုးသင့်၏။

ဘုရားစင် တွင် ၎င်း ပန်းတို့ မပြတ်သင့်။ ရွှေများများ ၀တ်သင့်၏။ နှစ်စဉ် သြဂုတ်လ (၂၁) ရက် အတွင်း၊ ဖေဖော်ဝါရီ လ (၂၂) မှ မတ်လ (၂၀) ရက်အတွင်း လုပ်ငန်းစတင် ဆောင်ရွက်ခြင်း၊ ထီထိုးခြင်းတို့ကိုပြုသင့်၏
(၃၊ ၆၊ ၉) ဂဏန်းများကို အမြဲအဆောင်အရွက်ပြုသင့်၏။

ကျန်းမာရေး ညံ့ချိန်တွင် အနီရောင်နှင့် ခရမ်းရောင် တို့ကို အထူး ၀တ်ဆင်ဆောင်ထားသင့်ပေ၏။ ကျောက်နီကို ၀တ်ဆင်ထားလျှင်လည်း ကျန်းမာရေးပြန်ကောင်းလာတတ် သဖြင့် ပြိဿ      ရာသီဖွား  တို့သည် ဘာမှ မျှော်လင့်မနေဘဲ အလုပ်ကို အလုပ်နှင့် တူအောင် ကျားကုတ် ကျားခဲ ကြိုးစားပြီး ထိပ်ဆုံးသို့ရောက်သွား တတ်ကြပေသတည်း။


Posted by yanshin
Tin Maung Hlaing


မိမိ နှင့် သက်ဆိုင်သော  Link တွင် ၀င်ရောက် ဖတ်ရှုနိုင်ပါသည် ။ 

မတ်လ ၂၁ ရက် မှ ဧပြီလ ၂၀ ရက် အတွင်းမွေးဖွား သူများ (မြန်မာလ-တန်ခူးလ တွင် မွေးဖွားသူများ)

ဧပြီ (၂၁) ရက်မှ မေ (၂၁) ရက် { ကဆုန်လ } အတွင်းမွေးဖွားသူများ သည်လည်း ပြိဿ     ရာသီဖွားများ  

မြန်မာ လ နယုန်လ တွင်မွေးဖွားသူများ (နှစ်စဉ် မေလ (၂၂)ရက်မှ ဇွန်လ (၂၁) ရက် အတွင်းမွေးဖွားသူများ)

ဝါဆို လဖွားများ (နှစ်စဉ် ဇွန် ၂၂ မှ ဇူလိုင် ၂၂ )

ဇူလိုင် ၂၃ ရက် မှ သြဂုတ် ၂၃ ရက် အတွင်း (မြန်မာလ ၀ါခေါင်လ)

သြဂုတ် ၂၄ ရက် မှ စက်တင်ဘာ ၂၂ ရက် အတွင်း မွေးဖွားသူများ (တော်သလင်းလ ဖွားများ)

စက်တင်ဘာ ၂၃ ရက် မှ အောက်တိုဘာ ၂၃ ရက် (သီတင်းကျွတ်လ)

အောက်တိုဘာ လ ၂၄ မှ နိုဝင်ဘာလ ၂၂ ရက် အတွင်း (တန်ဆောင်မုန်းလ)

နိုဝင်ဘာ (၂၃) မှ ဒီဇင်ဘာ (၂၁) ( နတ်တော်လ )

ဒီဇင်ဘာ ၂၂ မှ ဇန်န၀ါရီ ၂၀ အတွင်း၊ ( ပြာသိုလ ) 

(နှစ်စဉ် ဇန်န၀ါရီလ ၂၁ မှ ဖေဖော်ဝါရီ ၁၈ အတွင်း၊ တပို့တွဲလ ဖွားများ )


(ဖေဖော်ဝါရီ ၁၉ မှ မတ်လ ရက်၂၀ အတွင်း၊ တပေါင်းလ)

No comments:

Post a Comment