Monday, September 26, 2016

မြန်မာနိုင်ငံတွင်း ပိုမို တင်းကျပ်သည့် ဥပဒေများနှင့် ရင်ဆိုင်လာရသည့် တရုတ်





၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ  စတင်ကာ မြန်မာအစိုးရသစ် တာဝန်ယူလိုက်ပြီး စာရွက်ပေါ်တွင် မဖော်ပြ ထားသော်လည်း အစိုးရ အဖွဲ့ကို လက်တွေ့ဦးဆောင်နေသူ မှာ ဒေါ်အောင်ဆန်းစုကြည် ပင် ဖြစ် သည်။ အစိုးရသစ် လက်အောက် ရှိ ဝန်ကြီးဌာန သစ် ၏ ဦးစားပေး အစီအစဉ်များနှင့် သဘောထားများ ကိုလည်း တရုတ် အပါအဝင် ကမ္ဘာတစ်ဝန်းရှိ အစိုးရများနှင့် စီးပွားရေး လုပ်ငန်းများက စောင့်ကြည့်လျက် ရှိသည်။

လက်ရှိ အချိန်ထိမူ တာဝန်ယူမှုသာ ရှိပါက မည်သည့်နေရာမှ လာသည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါစေ လိုလား သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောကြားလျက် ရှိသည်။ ထို့အတူ အကျင့်ပျက်မှုနှင့် ပတ် သက်လျှင် ရှင်းလင်းသည့် ညွှန်ကြားချက်များကို ၎င်း၏အဖွဲ့ထံသို့ ဒေါ်စုက ထုတ်ပြန်ထားပြီး လက်ဆောင် လက်ခံရယူရေးနှင့် ပတ်သက်သည့် စည်းမျဉ်းများကိုလည်း တင်းကျပ်ထားသည်။ 


သစ်ခုတ်လှဲမှု ယာယီဆိုင်းငံ့ခြင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ထူထောင်ခြင်း၊ ဖားကန့်ကျောက်စိမ်းတွင်းများနှင့် မြန်မာနိုင်ငံအထက်ပိုင်း ဒေသရှိ ရွှေတွင်းများထံသို့ သွားရောက်ခြင်းများ ကို ကြည့်ပါက သတ္တုတူးဖော်ရေး လုပ်ငန်းမှ ပေါ်ထွက်လာမည့် ထိခိုက်မှုများ လျှော့ ချရေး ကို အစိုးရအဖွဲ့သစ် ဦးစားပေးကြောင်း သိသာနိုင်သည်။

ယင်းကဲ့သို့သော ထိခိုက်ပျက်စီးမှု ပေါ်ပေါက်စေနိုင်သည့် လုပ်ငန်းများစွာနှင့် တရုတ်စီးပွားရေးသမားများ ပါဝင်ပတ်သက်နေပြီး နယ်စပ်ဒေသ တစ်လျှောက်ရှိ မြန်မာလက်နက်ကိုင် အုပ်စုများနှင့်လည်း ပူးပေါင်း လုပ်ကိုင်လျက် ရှိသည်။ အဆိုပါ စီးပွားရေးသမားများမှာ တရုတ်နိုင်ငံ၏ ကိုယ်စားပြုသူများ မဟုတ်သော် လည်း ယင်းမှန်ဘီလူးမှ တစ်ဆင့် တရုတ်စီးပွားရေး လုပ်ငန်းပုံစံမှာ မည်ကဲ့သို့ ဖြစ်သည် ဟု မြန်မာပြည်သူ များက ရှုမြင်နေကြသည်။

တစ်ဖန် တရုတ်နိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် ပတ်သက်လျှင် မြန်မာနိုင်ငံ၏ အရေးကြီးသော လက်တွဲဖော် ဖြစ်သည်ဟု အသိအမှတ် ပြုနေရသေးသည်။  အခြေခံအဆောက်အဦ လုပ်ငန်း၊ ထောက် ပံ့ရေး လုပ်ငန်း၊ ကုန်ထုတ်လုပ်ရေး လုပ်ငန်းများတွင် တရုတ်နိုင်ငံ တာဝန်ယူမှုရှိရှိ ရင်းနှီးမြှုပ်နှံမှု သည် မြန်မာ့ ဖွံ့ဖြိုး တိုးတက်မှုအတွက် လွန်စွာ အရေးပါသည်။

မြန်မာ-တရုတ် ဆက်ဆံရေးနှင့် သတင်းစာ ရှင်းလင်းပွဲတိုင်းတွင် နေရာယူထားသည်မှာ ဧရာဝတီမြစ်ပေါ် တွင် တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည့် မြစ်ဆုံဆည် စီမံကိန်းပင် ဖြစ် သည်။ မြန်မာနိုင်ငံ တစ်ဝန်း ဆန္ဒပြမှုများ ပေါ်ပေါက်လာခြင်းကြောင့် ၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းပေးခဲ့သည်။


 မြစ်ဆုံစီမံကိန်းကို ဦးသိန်းစိန် မတိုင်ခင်  မြန်မာခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကြီးအကျယ် တွန်းအားပေးခဲ့သည်။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမည်ဟု ဆုံးဖြတ်လိုက်ခြင်းကြောင့်လည်း ဦးသိန်းစိန် ခေါင်းဆောင် သည့် အရပ်သားအစိုးရသည် ယခင်ဆယ်စုနှစ်များစွာက အာဏာရှင် အုပ်ချုပ်မှု ပုံစံဖြင့် ကွဲပြားလိမ့်မည်ဟု မြန်မာပြည်သူများက ယုံကြည်ခဲ့ကြသည်။

ကံဆိုးစွာပင် ယင်းဆုံးဖြတ်ချက်သည် ငါးနှစ်ကြာပြီးနောက် ပြဿနာများကို ဒေါ်အောင်ဆန်းစုကြည်ပေါ် ပုံကျ လာစေတော့သည်။  မကြာသေးခင်က သွားရောက်ခဲ့သည့် တရုတ်ခရီးစဉ် မတိုင်ခင်တွင် မြစ်ဆုံ ဆည် စီမံကိန်း ကို ပြန်လည်သုံးသပ်ရန် ကော်မရှင်သစ်တစ်ရပ် ဖွဲ့စည်းမည်ဟု သူမက ထုတ်ပြန်လိုက် သည်။


 ကော်မရှင် ၏ တာဝန်မှာ စီမံကိန်းတွင် အသုံးပြုမည့် နည်းပညာများသည် အပြည်ပြည်ဆိုင်ရာ စံချိန် စံနှုန်း၊ ပြည်တွင်းဥပဒေရေ သယံဇာတ၊ ရေကြောင်းသွားလာမှုနှင့် ဧရာဝတီမြစ် ရေရှည် တည်တံ့နိုင်မှု အပါအဝင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာအပေါ် အကောင်းအဆိုး သက်ရောက်မှု၊ လျှပ်စစ်ဓာတ်အား ထုတ် လုပ်မှုနှင့် စီးပွားရေးရာ အလားအလာ၊ မြန်မာနှင့် တရုတ် ရင်းနှီးမြှုပ်နှံသူများ အပြန်အလှန်  အကျိုးပြုနိုင်မှု အပေါ် အဆိုပြုရန် စသည်တို့ ပါဝင်သည်။ အဆိုပါ ကော်မရှင်သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် အစီရင်ခံစာ တင်သွင်းရမည် ဖြစ်သည်။
 
သို့သော်လည်း ယင်းကဲ့သို့သော များပြား လှသည့် တာဝန် များကို အချိန် သုံးလ အတွင်း ကော်မရှင် မည် ကဲ့သို့ ကိုင်တွယ်မည် ဆိုသည်မှာ ခက်ခဲသည့်မေးခွန်း ဖြစ်သည်။ အဆိုပါ လုပ်ငန်းများကို ကျွမ်းကျင် ပညာ ရှင် များဖြင့်  သဘာဝ ပတ်ဝန်းကျင် သက်ရောက်မှု သုံးသပ်ချက် (EIA) လုပ်ဆောင်ပါက ပိုမိုကောင်းမွန် မည် ဖြစ်သည်။ 

သို့သော် EIA လုပ်ဆောင်မည် ဆိုပါက နှစ်ပေါင်းများစွာ အချိန်ယူရမည် ဖြစ်ပြီး အများပြည်သူရှေ့တွင် လည်း ချပြငြင်းခုံ ရဦးမည် ဖြစ်သည်။ တရုတ် စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) နှင့် မြစ်ဆုံ စီမံကိန်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရာတွင် ယင်းကဲ့သို့သော အချက်များကို ထည့်သွင်းဖော်ပြ ခဲ့ခြင်း မရှိပေ။

၂၀၁၂ ခုနှစ်တွင်မူ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကို မြန်မာနိုင်ငံ တွင် ပထမဆုံး အကြိမ်အဖြစ် တည်ထောင်လိုက်ကာ သဘာဝ ထိန်းသိမ်းကာကွယ်ရေး ဥပဒေကို ပြဋ္ဌာန်း လိုက် သည်။ ယင်းမှ တစ်ဖန် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် သဘာဝ ပတ်ဝန်းကျင် သက်ရောက်မှု အကဲဖြတ်ရေး လုပ်ထုံးလုပ်နည်းများကို အတည်ပြုလိုက်သည်။


 ဒေသခံ ပြည်သူများ၏ အခွင့် အရေး၊ ပြန် လည်နေရာ ချထားမှု စသည့် နယ်ပယ်များ တွင် အမျိုးသား အဆင့် ဥပဒေ များ ကင်းမဲ့နေချိန်၌ အပြည်ပြည် ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) နှင့် အာရှ ဖွံ့ဖြိုး တိုးတက်မှု ဘဏ် (ADB) စသည်တို့မှ အပြည်ပြည် ဆိုင်ရာ စံချိန် စံညွန်းများကို ကိုးကား အသုံးပြုရန် လို အပ်ကြောင်း အထက်ဖော်ပြပါ လုပ်ထုံးလုပ်ငန်းများတွင် ရှင်းလင်းစွာ ဖော်ပြထားသည်။

စွမ်းအင် ဝန်ကြီးဌာန၏ တောင်းဆိုမှုကြောင့် တရုတ် CPI လုပ်ငန်းက မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်သည့် EIA ကို ၂၀၀၈ ခုနှစ်တွင် လုပ်ဆောင်ခဲ့သော်လည်း ၂၀၁၁ ခုနှစ် ဆန္ဒပြမှုများ ပေါ်ထွက် လာပြီးနောက်မှ သာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယင်း EIA တွင် ‘အခြားသော နည်းလမ်း လေ့လာ သုံးသပ်မှု’ ကင်းမဲ့ခြင်း ၊ မြစ်ကြေ ပိုင်း ထိရောက်နိုင်မှုကို သင့်တင့်လျောက်ပတ်စွာ သုံးသပ်မှု  ကင်းမဲ့ခြင်း၊ ဆည် ခုနစ်ခု ၏ စုပေါင်း သက်ရောက်နိုင်မှု အကဲဖြတ်ချက် မရှိခြင်း၊ လူမှုရေးရာ သက်ရောက်နိုင်မှု အကဲဖြတ်မှု ကင်းမဲ့ခြင်း တို့ကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရသည်။

EIA အသစ်တွင် မြစ်အောက်ပိုင်းနှင့် အထက်ပိုင်း ရေစီးကြောင်း ပြောင်းလဲနိုင်ခြေကိုလည်း ထည့်သွင်း တွက် ချက်ရမည် ဖြစ်သည်။ ယင်း စီမံကိန်းကို ဆက်လက် လုပ်ဆောင်မည် ဆိုပါက အပြောင်းအလဲ လုပ် ဆောင်ရန် လိုအပ်မည် ဖြစ်သည်။ ဆည် တည်ဆောက်ရေး ဆန့်ကျင်နေမှုများကို ထည့်သွင်း မစဉ်းစား လျှင်ပင် စီးပွားရေးရာ အလားအလာများ မှာ ထိခိုက်ခံရမည် ဖြစ်သည်။

မြစ်ဆုံကော်မရှင် သည် EIA အသစ် အတွက် ဖြတ်လမ်း အသုံးပြုသွားနိုင်သည်။ အဆုံးတွင် မူ ဆန့်ကျင်မှု များနှင့် မသေချာမှုများ များစွာ ပေါ်ပေါက်နေခြင်းကြောင့်  ကန်ထရိုက် သဘော တူညီချက်နှင့် အညီ လျော်ကြေးငွေပေးရန် ညှိနှိုင်းပြီး စီမံကိန်း ကို စနစ်တကျ ရပ်ဆိုင်း သွားရေးသည်သာ နိဂုံးချုပ်အဖြေ အဖြစ် ပေါ်ထွက်လာနိုင်သည်။

ဆည်မှ သင်ခန်းစာများ

မြစ်ဆုံ စီမံကိန်းသည် သီးခြား အထူးပြု ဝိသေသများ ရှိသည့် စီမံကိန်း ဖြစ်သော်လည်း ယင်းမှ ရရှိလာသည့် သင်ခန်းစာ များသည် အခြားသော ရင်းမြှုပ်နှံသူများ အတွက်လည်း ဆီလျော်သည့် သင်ခန်းစာများ ဖြစ် သည်။ အထူး သဖြင့် ဆည် စီမံကိန်း၊ သတ္တုတွင်းနှင့် လမ်း တည်ဆောက်ရေး စသော အန္တရာယ်များသည့် လုပ်ငန်းများ တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် ဂျပန်နှင့် အနောက်တိုင်း လုပ်ငန်းများထက် ပိုမို စိတ်အား ထက် သန်သည့် တရုတ်နိုင်ငံ အဆိုပါ သင်ခန်းစာများကို လေ့လာသင့်သည်။

ပထမ သင်ခန်းစာမှာ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှု ကာကွယ် စောင့်ရှောက်ရေးနှင့် ပတ်သက် လျှင် မြန်မာနိုင်ငံ ၌ ဥပဒေရေးရာ မူဘောင် ရှိနေပြီ ဆိုသည့် အချက် ဖြစ်သည်။ ညံ့ဖျင်းစွာ ဖော်ပြထားကာ ညံ့ဖျင်းစွာ နားလည် ထားပြီး ညံ့ဖျင်းစွာ လက်တွေ့ ကျင့်သုံးကာ အကောင်အထည် ဖော်ထားသော်လည်း ယင်း ကဲ့သို့သော မူဘောင် ရှိသဖြင့် ဥပဒေကြောင်း အရ လိုက်နာရန် တာဝန်ရှိလာပြီ ဖြစ်သည်။


 တစ်ဖန်  မြန်မာ့ ဥပဒေ မရှိသည့် နယ်ပယ် များတွင် ကမ္ဘာ့ဘဏ်နှင့် IFC စံချိန် စံညွန်းများကို ကိုးကားရန် မူဘောင် က ရည်ညွှန်း ထားသဖြင့် မြန်မာ့ ဥပဒေများသည် လက်ရှိ ကာလတွင် ရှင်းရှင်း လင်းလင်း မရှိ လျှင်ပင် မည်သည့် အဓိက ရင်းနှီးမြှုပ်နှံမှု မဆို ယင်း စံနှုန်းများနှင့် အညီ လုပ်ကိုင်ရန် အကြံပေးခြင်း ခံရနိုင် သည်။

ဒုတိယ သင်ခန်းစာ မှာ ပြည်သူ့ အသံကို ကြားနိုင်၊ နားထောင်နိုင်နေပြီ ဖြစ်သည်။ ယင်း ကဲ့သို့ မျိုး ၂၀၁၁ ခုနှစ် မတိုင်ခင်တွင် မဖြစ်နိုင်ပေ။ ပြည်သူ့အသံ မှာလည်း ပါဝါ ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့ အသံ ကို ထိတွေ့ နားထောင်ရန် လိုအပ်ပြီး ရိုးသားပွင့်လင်းရန်လည်း လိုအပ်ပြီ ဖြစ်သည်။

တတိယ သင်ခန်းစာ မှာ ပြဿ        နာ အရင်းအမြစ် မှာ ညံ့ဖျင်းစွာ သုံးသပ် အကောင်အထည် ဖော်ထား သည့် အစိုးရ အဖွဲ့၏ ဆုံးဖြတ်ချက် ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီကိုသာ ပြစ်တင် ခံရမည် ဖြစ် သည်။ EIA လုပ်ထုံး လုပ်နည်းသစ် အရ မဟာဗျူဟာ ပတ်ဝန်းကျင် ဆိုင်ရာ အကဲဖြတ်မှု (SEA) ကို အစိုးရ အဖွဲ့က လုပ်ဆောင်သွားနိုင်သည်။ 


SEA အသုံးပြုမည် ဆိုပါက  စီမံကိန်း တစ်ခုလုံး သို့မဟုတ် မူဝါဒ တစ်ခုလုံး ကို ခြုံငုံ သုံးသပ်နိုင်မည် ဖြစ်ပြီး ကုမ္ပဏီ တစ်ခု၊ တည်ဆောက်ရေး တစ်ခုတည်း ၏ သက်ရောက်မှုကို ကျော်လွန် သုံးသပ်မည် ဖြစ်ကာ အများပြည်သူ ငြင်းခုံမှု များကိုလည်း ခွင့်ပြုပေးမည် ဖြစ်သည်။ လက်ရှိ ကာလ အထိမူ မြန်မာနိုင်ငံတွင် SEA ကျင့်သုံးမှု မရှိသေးပေ။ ထို့အပြင် SEA အသုံးပြုနိုင်ရေး အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များကို ငှားရမ်းနိုင်ရေး အစိုးရ အဖွဲ့တွင်လည်း ငွေကြေးလုံလောက်စွာ မရှိနိုင်ပေ။ 

သို့သော် မြန်မာ့ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များ သည် ယင်းကဲ့သို့ လုပ်ဆောင်နိုင်သည်။ CITIC  လုပ်ငန်းစု က ဦးဆောင်တည်ဆောက်သည့် ကျောက်ဖြူ  အထူးစီးပွားရေးဇုန် မှ တရုတ်နိုင်ငံ ကို ဆက်သွယ်ထားသည့် ပိုက်လိုင်း အပါအဝင် ဖွံ့ဖြိုးရေး လုပ်ငန်း များစွာတွင် အစိုးရ ဦးဆောင်သည့် SEA များ လုပ်ဆောင် ရန် တောင်း ဆိုမှု ပေါ်ပေါက်လာနိုင်သည်။  အချိန်ကြာလာသည်နှင့် အမျှ  ပေါ်ထွက်လာနိုင်မည့် အကျိုး ဆက် များကို သုံးသပ်သင့်ပြီး စီးပွားရေး ဇုန်များတွင် လုပ်ဆောင်မည့် ရင်းနှီးမြှုပ်နှံသူများ အတွက်  အထူး လမ်းညွှန်ချက်များ ချမှတ်သင့်သည်။

သံလွှင်မြစ် (နုမြစ်) ပေါ်တွင် တည်ဆောက်ရန် အဆိုပြုထားသည့် ဆည် စီမံကိန်းများသည် SEA သုံးသပ်မှု လုပ်ဆောင်ရေး ကိုယ်စားလှယ်လောင်းများ ဖြစ်လာနိုင်သည်။ ယင်း စီမံကိန်းများသည် ဆန့်ကျင်မှုများနှင့် ကြုံတွေ့နေရကာ ရေရှည် အကျိုးဆက် များနှင့် ပတ်သက်၍လ ည်း မဲခေါင် ဒေသ တွင် စိုးရိမ်မှု များ ပေါ် ထွက် လျက်ရှိသည်။ 


ထို့အပြင် စီမံကိန်း များမှာ ကနဦး အဆင့်တွင်သာ ရှိသေးပြီး ပဋိပက္ခ များ ဖြစ်ပွားနေ သည့် ဒေသတွင် ရှိနေခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်မှု မရရှိခင်၊ SEA မလုပ်ဆောင်ခင် အချိန်ထိ ဆိုင်းငံ့ ထားသင့်သည်။ ရေရှည် တည်တံ့နိုင်သည့် ရေအား လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်ရေး အတွက် IFC က မြန်မာ အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိပြီး ပူးပေါင်းလုပ်ဆောင်ရန်လည်း ကုမ္ပဏီ များကို ကမ်းလှမ်း လျက်ရှိသည်။

ပွင့်လင်းမြင်သာမှု က အဓိက

အတိတ်ကာလ အတွင်း ကင်းမဲ့နေသည်မှာ ရင်းနှီးမြှုပ်နှံသူများ တွင် ဆက်သွယ်မှုနှင့် ပွင့်လင်းမြင်သာမှု ကင်းမဲ့နေခြင်း ဖြစ်သည်။ နိုင်ငံရေး လွင်ပြင်မှာ ပြောင်းလဲနေပြီ ဖြစ်သည်။  တက်ကြွ ထိရောက် သည့် ပြည် သူ့ငြင်းခုံမှုများ သည် အစိုးရ မီဒီယာများနှင့် လူမှု မီဒီယာများတွင် ပေါ်ပေါက်နေပြီ ဖြစ်သည်။ ကုမ္ပဏီများ ပွင့်လင်းမြင်သာ ရန် လိုအပ်နေပြီ ဖြစ်သည်။ 


၎င်းတို့ အနေနှင့် သတင်း အချက်အလက်များ ကို ထုတ်ပြန် ထားသင့်ပြီး ပေါ်ထွက်လာသည့် သတင်းများကို လက်ဦးမှု ရှိရှိဖြင့် တုံ့ပြန်သင့်သည်။ ဒေသခံနှင့် တစ်နိုင်ငံလုံး အဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မီဒီယာ များ၊ အရပ်ဘက် အဖွဲ့အစည်း များနှင့် ထိတွေ့ရမည် ဖြစ်သည်။ လူသိ များအောင် ဖော်ပြထားသည့် လှူဒါန်းမှု များဖြင့် ထောက်ခံမှု ရအောင် ဝယ်ယူရေးမှာ အဖြေမဟုတ်ပေ။ ဒေသခံ ပြည်သူများသည် ၎င်းတို့၏ အခွင့် အရေးကို လေးစား လိုက်နာရန်သာ လိုလားပြီး လှူဒါန်းမှု ပစ္စည်းများကို လိုလားနေခြင်း မဟုတ်ပေ။





ပွင့်လင်းမြင်သာရေး၊ ထိတွေ့ ဆက်ဆံရေးနှင့် ပတ်သက်လျှင် ဥပဒေဆိုင်ရာ လိုအပ်ချက်များသည် အနိမ့်ဆုံး အဆင့်တွင် သာရှိနေသေးသည်။ EIA လုပ်ငန်းစဉ်သစ်ကြောင့် သတင်း အချက်အလက် များ ထုတ်ပြန် ရန်နှင့် ပြည်သူများနှင့် တိုင်ပင်ရန် လိုအပ်လာမည် ဖြစ်သည်။ ထို့အပြင် ကုမ္ပဏီများ  အနေနှင့် ဥပဒေ အရ မလိုအပ်သည်ဖြစ်စေ မကျေနပ်မှုများကို ဖြေရှင်းရေး အစီအစဉ်တစ်ရပ် ချမှတ်ထားပြီး သက်ဆိုင်ရာ ဒေသခံ များ၏ မကျေနပ်ချက်များ ကုမ္ပဏီ သို့ တိုက်ရိုက် လာရောက် ပြောကြားနိုင်ရေး လမ်းဖွင့်ပေးသင့်သည်။ ယင်း အစီအစဉ် ကို ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေး လမ်းညွှန်ချက်နှင့် အညီ ချမှတ်သင့်သည်။

ဘေး အန္တရာယ် ရှောင်ရှားနိုင်ရေး အတွက် ကုမ္ပဏီများ လုပ်ဆောင်ရမည့် အချက်မှာ ကြိုတင် သတိ ရှိရန် ဖြစ် သည်။ စစ်တပ်နှင့် ဆက်နွှယ်မှု ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်မိ ပါက  ပြဿ         နာသစ်များပေါ် ထွက်လာနိုင်သည်။  ထို့အပြင် မြေသိမ်းမှုနှင့် ဆက်နွှယ်နေသည့် နေရာများတွင် လုပ်ကိုင် မိပါကလည်း  လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများ ပေါ်ပေါက်လာနိုင်သည်။

မြန်မာနိုင်ငံတွင်း ဥပဒေနှင့် အညီ လုပ်ကိုင်ရေးမှာလည်း စိန်ခေါ်မှု တစ်ရပ် ဖြစ်သည်။ ဥပဒေသစ် များ၊ ရှေ့နောက် မညီသည့် ဥပဒေများသည် မြန်မာနိုင်ငံ တွင်း ရုတ်တရက် ပေါ်ထွက် လာပြီး မြန်မာ ဘာသာဖြင့် သာ  ရေးသား ထားသေးသည်။ 


ဥပဒေ ပြဋ္ဌာန်းရာတွင် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ရေး အတွက် တာဝန်ယူမှု ရှိသော စီးပွားရေး ဆိုင်ရာ မြန်မာ စင်တာက တိုက်တွန်းလျက် ရှိသည်။ ထို့အတူ ဥပဒေသစ် များတွင် ကုမ္ပဏီ များ၏ အကြံပြု ချက်များကို ထည့်သွင်း စဉ်းစားနိုင်ရေး လုပ်ဆောင်ပေးလျက်ရှိသည်။ 

ယခု ကဲ့သို့ မရေရာ မသေချာသည့် အသွင်ကူးပြောင်းမှု ကာလတွင် ကုမ္ပဏီ များသာ အပြည်ပြည်ဆိုင်ရာ စံချိန် စံညွှန်း အတိုင်း  ပွင့်လင်းမြင်သာစွာ လုပ်ငန်း လုပ်ကိုင်ပါက ဥပဒေကြောင်း အရ ကိုက်ညီမှု ရရှိ မည် ဖြစ် သလို ရင်းနှီးမြှုပ်နှံသူများ ထံမှ မြန်မာပြည်သူများ မျှော်လင့်၊ လိုလားနေသည့် အရာများကို လည်း ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။

 


ကိုးကား - The Diplomat
ချမ်းမြေ့

 http://thevoicemyanmar.com/article/2176-mlw

No comments:

Post a Comment