Sunday, September 4, 2016

ဂင်းနစ်စံချိန် တင်ခဲ့တဲ့ မြန်မာပြည် က အဆိုးရွားဆုံး မိကျောင်း တိုက်ခိုက်မှု




မြန်မာပြည် မှာ ဂင်းနစ် စံချိန် တင်ခဲ့တဲ့ ဖြစ်ရပ် တစ်ခု ရှိပါသေးတယ်။ ယင်း ကတော့ ကမ္ဘာ့ အဆိုးရွားဆုံး မိကျောင်း တို့ရဲ့ လူသား တို့ အား သတ်ဖြတ် တိုက်ခိုက် စားသုံးမှု တစ်ခု ဖြစ်ပါတယ်။

ဖြစ်ပွား ခဲ့တဲ့ အချိန် နဲ့ နေရာ ကတော့ ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီ၊ ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်း မှာ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ Ramree Island လို့ အမည်ပေးထားပါတယ်။ ဒုတိယ ကမ္ဘာစစ် ကာလ က ဖြစ်ပြီး Burma Campaign ထဲ မှာ စံချိန်တင်တဲ့ သေဆုံး မှု အများဆုံး တိုက်ပွဲ တစ်ခု ဖြစ်ခဲ့ ပါတယ်။ မြန်မာပြည်ဟာလည်း ဒုတိယ ကမ္ဘာစစ်ဒဏ် ခံရတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ပြီး Burma Campaign တစ်ခုလုံး အရ ခြုံငုံ တဲ့အခါ အရပ်သား သေဆုံးမှုဟာ ၂သိန်းခွဲ နဲ့ ၁သန်းကြားမှာ ရှိကြောင်း စားရင်ထုတ်ပြန်ထားပါတယ်။ 
ရခိုင်ပြည်နယ် Campaign မှာ ဗြိတိန်၊ တရုတ်၊ အိန္ဒိယ နဲ့ ဥရောပ နိုင်ငံများစွာ က တစ်ဖက်၊ ဂျပန် တို့ က တစ်ဖက် အနေ နဲ့ တိုက်ခိုက် ခဲ့ကြတာဖြစ်ပါတယ်။ တစ်ခုလုံးခြုံငုံ ရင်တော့ ဗြိတိန်တို့ ဘက်မှာ အမေရိကန်အပါအဝင် နိုင်ငံ ၁၀ နိုင်ငံ ပါဝင်ပြီး ဂျပန် ဘက်မှာတော့ လေးနိုင်ငံ ပါဝင်ပါတယ်။ ဂျပန်တို့ စစ်ရှုံးချိန် မှာ ပြင်းပြင်း ထန်ထန် ဆက်လက် တိုက်ခိုက် ခဲ့တဲ့ တိုက်ပွဲ ဖြစ်ပါတယ်။
ရမ်းဗြဲကျွန်း တိုက်ပွဲဟာ ဆိုရင်လည်း တစ်ဖက် နဲ့ တစ်ဖက်မှာ စစ်သားပေါင်း ထောင်ချီ ပါဝင်ပြီး စစ်သင်္ဘော၊ တိုက်လေယာဉ်၊ တင့်ကား၊ စစ်ကား ပေါင်း ရာကျော် အသုံးချ တိုက်ခိုက်ခဲ့ကြပါတယ်။ နှစ်ဖက်ပေါင်း စစ်သည် အင်အား ဆိုရင် တစ်သောင်းကျော် မက ရှိပါတယ်။ စစ်ပွဲဟာ ကျွန်းပေါ်မှာ နဲ့ ရခိုင် ကမ်းရိုးတန်းအထိ ဖြစ်ပါတယ်။ 
ရခိုင် ကမ်းရိုးတန်း ဘက်ကို ထွက်ပြေးသွားတဲ့ ဂျပန် စစ်သားဟာ ဆိုရင် တစ်ထောင်ကျော် မက ရှိပါတယ်။ ကမ္ဘာ့ အထူးခြားဆုံး ဖြစ်ရပ် အနေနဲ့ ကုန်းတွင်း ကို ထွက်ပြေး တိမ်းရှောင် သွားတဲ့ ဂျပန် စစ်သား တစ်ထောင်မှာ ဆိုရင် အယောက် ၂၀ ပဲ နောက်နေ့ မနက်မှာ အသက်ရှင် ကျန်ပါတယ်။ ရမ်းဗြဲ နယ် တစ်လျှောက်မှာ အဲ့ဒီ အချိန်တုန်းက ရေငံ မိကျောင်းများ ကျင်လည်တဲ့ နေရာ ဖြစ်ခဲ့လို့ ဖြစ်ပါတယ်။ 
ညဘက် ထွက်ပြေး သွားလာနေတုန်း လမုပင်တွေကြား ကနေ မိကျောင်းများ ထွက်လာပြီး လူတွေ တစ်ယောက်ပြီး တစ်ယောက် ကို တိုက်ခိုက် စားသုံးခဲ့ကြတာ ဖြစ်ပါတယ်။ စစ်သည် အင်အား တစ်ထောင် နီးပါးကို သတ်ဖြတ် စားသုံး ခဲ့တဲ့ ယင်း မိကျောင်း များဟာ ကမ္ဘာ့ သမိုင်း ရာဇဝင်တွင်သွားစေပါတယ်။ ကျန်ခဲ့တဲ့ အယောက် ၂၀ ဟာ နောက်နေ့ မှာ အညံ့ခံ အဖမ်း ခံခဲ့ပြီး သူတို့ဟာ စိတ် အင်မတန် ခြောက်ခြားစွာနဲ့ မိကျောင်း တို့ရဲ့ တိုက်ခိုက် စားသုံးမှု ကို မျှဝေခဲ့ကြပါတယ်။



ဗြိတိန်၊ အမေရိကန် နဲ့ ဂျပန် စာရေးဆရာများ က ယင်း တိုက်ခိုက် စားသုံးခံရမှု နဲ့ စာအုပ်များ ရေးခဲ့ပြီး ကမ္ဘာ့ရောင်းအားကောင်း စာအုပ်များ ထဲ ပါဝင်ခဲ့ ပါတယ်။ ယခုလည်း ယင်း Ramree Island Crocodile attack ကို ရုပ်ရှင် ဇာတ်ကားကြီး တစ်ခု အဖြစ် ဟောလိဝုဒ်မှ လာရောက် ရိုက်ကူးမှာ ဖြစ်ကြောင်း သိရပါတယ်။
ဇီးကွက်(ရိုးရာလေး)
Pic and Ref: Wikipedia
http://www.lwinpyin.com/2016/09/%E1%80%82%E1%80%84%E1%80%B9%E1%80%B8%E1%80%94%E1%80%85%E1%80%B9%E1%80%85%E1%80%B6%E1%80%81%E1%80%BA%E1%80%AD%E1%80%94%E1%80%B9%E1%80%90%E1%80%84%E1%80%B9%E1%80%81%E1%80%B2%E1%80%B7%E1%80%90%E1%80%B2.html

No comments:

Post a Comment