Monday, September 12, 2016

ဦးနှောက် မှတ်ဥာဏ် ဆုံးရှုံးမှု ဖြစ်စေတဲ့ ဆေးဝါး (၂၀) မျိုး

Image may contain: food



ဆေးညွှန်း အရဖော်စပ်ထားတဲ့ ဆေးတွေကြောင့် နှစ်စဉ် လူ ၁၀၀,၀၀၀ ကျော် သေဆုံးကြပြီး သူတို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေက လူ ၁.၅ မီလျှံ ဝန်းကျင် ဆေးရုံရောက်စေပါတယ်။

ဆေးဝါး များစွာဟာ ၄င်းတို့ရဲ့ မူပိုင်ခွင့် မကုန်ုဆုံးခင် အတည်ပြုလိုက်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် သေချာစမ်းသပ် စစ်ဆေးမှု မရှိဘဲ လူတွေကြား မရေ မတွက်နိုင်တဲ့ ပြသနာတွေ ဖြစ်ပွားစေပါတယ်။

ဒီဆေးဝါးတွေထဲ တစ်ချို့မှာ ပြင်းထန်တဲ့ ဘေးထွက် ဆိုးကျိုးတွေရှိပြီး ဦးနှောက် ထိခိုက်ကာ မှတ်ဥာဏ်ဆုံးရှုံးမှု ဖြစ်စေပါတယ်။ မှတ်ဥာဏ် ဆုံးရှုံးမှုပြသနာဖြစ်စေတဲ့ ဆေးဝါးတွေကို အောက်ပါ အတိုင်း (၃) မျိုးခွဲခြားထားပါတယ်။

၁။ Statin drugs ကိုလက်ထရောလျော့ကျဆေး
Cholesterol လျော့ကျဆေးတွေ မှတ်ဥာဏ်ဆုံးရှုံးမှု ဖြစ်စေကြောင်း လေ့လာမှု အများအပြားက ဖော်ပြခဲ့ပါတယ်။ ဒီဆေးဝါးတွေ သုံးစွဲခြင်းက အာရုံ စူးစိုက် မရခြင်းနဲ့ မေ့တတ်ခြင်းတွေ ဖြစ်စေပါတယ်။

၂။ အိပ်ဆေး Sleeping pills
ဒီဆေးဝါးများက ရေတို နဲ့ ရေရှည် မှတ်ဥာဏ် ဆုံးရှုံးမှု ဖြစ်စေပါတယ်။ လေ့လာချက် အရ အိပ်ဆေး အမျိုးအစား အားလုံးက ဦးနှောက် မှတ်ဥာဏ် နဲ့ လုပ်ဆောင်ချက်ကို အတိုင်းအတာ တစ်ခုထိ ထိခိုက်စေပါတယ်။
တစ်ချို့ဆေးတွေ ဆိုရင် အထိန်းအကွပ် မရှိ အရက်သေစာသောက်ခြင်းကြောင့် ဦးနှောက် ဆဲလ်တွေ ပျက်စီးတဲ့ အခါ ဖြစ်ပေါ်တဲ့ သတိလွတ်ခြင်းမျိုး အခြေအနေတောင် ဖြစ်စေပြီး ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ ပြန်အမှတ် မရနိုင်တော့ပါဘူး။

၃။ The Anti drugs
Anti-drugs တွေဆိုတာ antidepressants, antibiotics, antipsychotics, antispasmodics, antihypertensives, antihistamines တို့လို anti- နဲ့ စတဲ့ ဆေးဝါး အားလုံးကို ဆိုလိုပါတယ်။

ဒီဆေးတွေဟာ မှတ်ဥာဏ် ကို ဒုက္ခ အပေးဆုံးအရာတွေ ဖြစ်ပါတယ်။ အသိအမြင်ပိုင်း ဆိုင်ရာ လုပ်ဆောင်ချက်နဲ့ မှတ်ဥာဏ် အဖို့ တာဝန် ရှိတဲ့ neurotransmitter acetylcholine ရဲ့ လှုပ်ရှားမှု အဟန့်အတားဖြစ်စေတာကြောင့် ဖြစ်ပါတယ်။

ဒီလိုဆေးဝါးမျိုးတွေ မရေ မတွက်နိုင်အောင် အလွယ်တစ်ကူတွေ့နိုင်ပါတယ်။ ဒါ့ကြောင့် အလွန် အကျွံသောက် ပါက ရောဂါကို ပိုလို့တောင် ခက်ခဲ ရှုပ်ထွေးစေပါတယ်။

ဦးနှောက် မှတ်ဥာဏ် ဆုံးရှုံးမှုဖြစ်စေတဲ့ ဆေးဝါး (၂၀) ခု ကတော့.......................

· သွေးတိုးဆေးများ ၊

· အကိုက် အခဲပျောက်ဆေးများ (Painkillers) ၊

· လီသီယံ (Lithium) ၊

· ဓာတ်မတည့်ရောဂါ ကုဆေး (Antihistamines) ၊

· သွေးကျဆေး (Methyldopa) ၊

· For Parkinson’s- glycopyrrolate, atropine, or scopolamine ၊

· အိပ်ဆေး (Sleeping pills) ၊



· ဆီးချို ထိန်းဆေး (Insulin) ၊

· ရောင်ရမ်း ကိုက်ခဲမှုပျောက်ဆေး (Naproxen) ၊

· ဟော်မုန်းဆေး (Steroids) ၊

· ဝက်ရူးပြန်ရောဂါပျောက်ဆေး (Dilantin and phenytoin) ၊

· ကိုယ်နိုင်ဆေး (Quinidine) ၊

· စိတ်ဖိစီးမှုပျောက်ကင်းဆေး (Antidepressants) ၊

ဒီဆေးဝါးတွေ သုံးစွဲခြင်းက မှတ်ဥာဏ် ဆုံးရှုံးမှု ရောဂါ လက္ခဏာ မျိုးစုံ ဖြစ်စေနိုင်ပါတယ်။

· လမ်းညွှန်းချက်များ အတိုင်းလိုက်နာဆောင်ရွက်ရန် ခက်ခဲခြင်း ၊
· မေးခွန်း တစ်ခုတည်း ကို ပြန်ပြန်မေးခြင်း ၊
· စိတ်ခံစားချက် သွေဖယ်ပြီး အမူအကျင့်ပြောင်းလဲခြင်း ၊
· သတိလွတ်ခြင်း ၊

ဒီဘေးထွက်ဆိုးကျိုး တို့က ယာယီဖြစ်ပါတယ်။ ကုသမှု အချိန်မီပြောင်းပါက ရေရှည် အကျိုး သက်ရောက်  မှုတွေ ကြုံရမှာ မဟုတ်ဘဲ ဒီဆေးဝါးများ အသုံးပြုခြင်း ရပ်ပြီး တာနဲ့ ရောဂါ လက္ခဏာတွေ မီးမှိန်ပျောက်ကွယ်သွားပါလိမ့်မယ်။

ဒီဆေးဝါးတွေနဲ့ ကင်းဝေးစေမယ့် အကောင်းဆုံး နည်းက ကျန်းမာရေး နဲ့ ကိုက်ညီအောင် ပြုမူနေထိုင်၊ ဦးနှောက် ဥာဏ်ရည် တိုးမြင့်တဲ့ အာဟာရကြွယ်ဝတဲ့ အစားအစာ မျှတအောင်စားပြီး တက်တက်ကြွကြွနေပါ။

Ref: HFH
Credit -Todaybago

No comments:

Post a Comment