Sunday, September 4, 2016

ကမ္ဘာကျော် နည်းပညာရှင်ကြီးနှစ်ဦး ၏ လူသိနည်းသော အဖြစ်အပျက်များ




ဘီလ်ဂိတ်

အသက် ၃၀ တွင် သန်းကြွယ် သူဌေးကြီးဖြစ်ရမည် ဆိုသည့် ဦးတည်ချက်ဖြင့် ကြိုးစား ခဲ့ပြီး အသက် ၃၁ နှစ်တွင် ဘီလီယံကြွယ် သူဌေးကြီးဖြစ်လာခဲ့သည်။

-         သူ့တွင် ဒေါ်လာ ၇၂ ဘီလီယံ ချမ်းသာသော်လည်း သားသမီးများ ကို တစ်ဦးလျှင် ဒေါ်လာ ၁၀ သန်းသာ အမွေပေးထားသည်။
-         သူသည် ဘွဲ့မရဘဲ နည်းပညာလောကတွင် လွှမ်းမိုးကာ နည်းပညာဖြင့် ချမ်းသာကြွယ်ဝလာသူဖြစ်သည်။
-         ၁၉၇၇ ခုနှစ် က ကားကို လိုင်စင် မပါဘဲ မောင်းနှင်မှု၊ မီးနီ ကို ဖြတ်မှုဖြင့် အဖမ်းခံခဲ့ရသည်။
-         သူ၏ လှူဒါန်းစောင့်ရှောက်မှုဖြင့် ကာကွယ်ဆေးများ ကို ဖော်ထုတ်ပြီး လူ ၆ သန်း အသက် ကို ကယ်တင် နိုင်ခဲ့သည်။
-         ယနေ့ အထိ လှူဒါန်းခဲ့သမျှ ငွေ စုစုပေါင်းမှာ ဒေါ်လာ ၂၈ ဘီလီယံဖြစ်သည်။
-         သူ့အိမ် အတွက် တစ်နှစ်လျှင် သူပေးဆောင်နေရသည့် အခွန် မှာ ဒေါ်လာ ၁ သန်းဖြစ်သည်။
-         ၂၀၃၅ ခုနှစ်တွင် ကမ္ဘာပေါ်၌ ဆင်းရဲသည့်နိုင်ငံများ မရှိနိုင်တော့ ဟု သူပြောထားသည်။
-         သူ ပိုင်ဆိုင် သမျှငွေကို တစ်နေ့လျှင် ၁ သန်း သုံးမည် ဆိုလျှင်ပင် နှစ်ပေါင်း ၂၁၈ နှစ်တိုင်အောင် အသုံးပြု နိုင်မည်ဖြစ်သည်။
-         ၁၉၉၄ ခုနှစ်က Leonardo Da Vinci ရေးသားခဲ့သည့် လက်ရေးမူ ကျမ်း Codex Leicester ကို ဒေါ်လာ သန်း ၃၀ ပေးကာ ဝယ်ခဲ့ပြီး Windows 95 တွင် လက်ရေးမူကျမ်း ၏ စာမျက်နှာ အချို့ကို Screen Saver အဖြစ် အသုံးပြုခဲ့သည်။
-         စတိဂျော့က ဘီလ်ဂိတ် ကို Apple ကုမ္ပဏီမှ နည်းပညာများ ကို ခိုးယူကြောင်း စွပ်စွဲသည့် အခါ Xerox ကုမ္ပဏီ က တီထွင်သည့် TV ကို ဝယ်ယူပြီး နှစ်ဦး စလုံး အိမ်တွင် ဖွင့်ကြည့်ကာ အကြံတူ သွားခြင်းဖြစ်နိုင် ကြောင်း ပြန်လည်ဖြေရှင်းခဲ့သည်။
-         ဘီလ်ဂိတ်စ် ဖောင်ဒေးရှင်း က တစ်နှစ် အသုံးပြုသည့် ကမ္ဘာ့ ကျန်းမာရေး အတွက် အသုံးစရိတ်သည် WHO ဟုခေါ်သည့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အသုံးပြုငွေထက် ပိုများသည်။



စတိဂျော့
-         စတိဂျော့ သည် မွေးစားသား တစ်ဦးဖြစ်သည်။ သူ့ကို မွေးစားသော ဖခင် မှာ ဆီးရီးယား လူမျိုး မွတ်ဆလင် တစ်ဦးဖြစ်သည်။
-         စတိဂျော့ ကွန်ပျူတာ နည်းပညာရှင် ဘွဲ့ကို ခံယူထားသော်လည်း Programming Code တစ်ကြောင်း ကိုမျှ ရေးတတ်သူ မဟုတ်။
-         ငယ်စဉ်ကတည်းက Dyslexic ဟုခေါ်သည့် စာသင်ရ ခက်ပြီး စာဖတ်နိုင်စွမ်းအား နည်းသည့် ဝေဒနာ ခံစားနေရသူ တစ်ဦးဖြစ်သည်။
-         ကွယ်လွန်ချိန်တွင် မူပိုင်ခွင့် အတွက် မှတ်ပုံတင်ထားသော သူ တီထွင်ထားသည့် ပစ္စည်း အမျိုးပေါင်း ၁၄၁ မျိုး ရှိသည်။
-         သူ့ကို ပထမဆုံး တီထွင် ထားသည့် Apple iPod လာပြစဉ်က ရေထဲ သို့ ပစ်ချ လိုက်ပြီး ရေပူဖောင်းများ တက်လာသောကြောင့် ယခုထက် ပိုပြီး သေးအောင် လုပ်ရန် ညွှန်ကြားခဲ့သည်။
-         တစ်နေ့ သူ့ အတွင်းရေးမှူး မလေးက အလုပ်နောက်ကျပြီး သူ့ ကို ကားပျက်နေသောကြောင့် ဟု လာရောက် အစီရင် ခံခဲ့သည်။ ထိုနေ့ညနေခင်း တွင် စတိဂျော့သည် အတွင်းရေးမှူး မလေးအား သော့တစ်ချောင်း ပေးသည်။ Jaguar ကားသစ် တစ်စီး ၏သော့ဖြစ်သည်။ “ရော့ ယူလိုက်၊ နောက် အလုပ် နောက်မကျစေနဲ့” ဟုပြောကာ ကားသော့ကိုပေးလိုက်ခြင်းဖြစ်သည်။
-         သူသည် သက်သတ်လွတ် စားသူ တစ်ယောက်ဖြစ်ပြီး သက်သတ်လွတ် စားဖြင့်ဖြင့် ကိုယ်တွင်း မှ အဆိပ် အတောက်များ ကို ဖယ်ရှားနိုင်သည်ဟု ယုံကြည်သူ တစ်ဦးလည်းဖြစ်သည်။
-         စတိဂျော့သည်လည်း ဘွဲ့ မရဘဲ နည်းပညာလောက တွင် ကြွယ်ဝ ချမ်းသာလာသူဖြစ်သည်။
-         စတိဂျော့ ကို ကင်ဆာဖြင့် မကွယ်လွန်မီ  ၂ နှစ်ခန့် က အသည်း အစားထိုး ကုသပေးခဲ့ရသေးသည်။ သူ့ကို အသည်း အစိတ်အပိုင်း တစ်ခု လှူခဲ့သူမှာ ယခု Apple ကုမ္ပဏီ ၏ CEO ဖြစ်နေသူ တင်မ်ကွတ် ဖြစ်သည်။
-         စတိဂျော့ တွင် ပထမဆုံးမွေးဖွားခဲ့သည့် သမီးအမည် မှာ လီစာ ဖြစ်သည်။ သို့သော် သူက သူ့တွင် သားသမီး ရနိုင်စွမ်းသူ မဟုတ်ဟု ဆိုကာ လီစာ ကို သမီးဟု မသတ်မှတ်ခဲ့ပေ။
-         သူ ကွယ်လွန်သည့်အခါ သူ့ ဆန္ဒအတိုင်း သူ့ အုတ်ဂူကို မထားဘဲ မထင်မရှား မြှုပ်နှံပေးခဲ့ရသည်။

http://www.maukkha.org/index.php/book-store/reading-room-maukkha/9567-2016-04-29-02-38-39


No comments:

Post a Comment