Monday, September 12, 2016

အပူလောင်ခြင်း ကို အမြန် သက်သာပျောက်ကင်းစေမည့် အလွယ်ကူဆုံး နည်းလမ်း (၅) ခု

No automatic alt text available.



၁။ သွားတိုက်ဆေး
အလွန် ရိုးရှင်းတဲ့ အိမ်တွင်း သဘာဝ နည်းလမ်းပါ။ အရင်ဆုံး အပူလောင် ဒဏ်ရာကိုရေအေးနှင့်ဆေးပါ။ ပြီးရင်တော့ မျက်နှာသုတ် ပ၀ါနှင့် ခြောက်သွားသည် အထိသုတ်ပေးပါ။ ခြောက်သွားရင် အပူလောင်တဲ့နေရာကို သွားတိုက်ဆေးနှင့် လိမ်းပေးပါ။ လိမ်းပြီးတဲ့ အခါမှာ အချိန်ကြာကြာ ထားနိုင် သလောက်ထားပေးပါ။

၂။ ရှာလကာရည်
ရှာလကာရည် မှာ အပူလောင် ဒဏ်ရာတွေကို အမြန်ဆုံး သက်သာစေတဲ့ PH ဂုဏ်သတ္တိ မြောက်မြားစွာပါဝင်ပါတယ်။  အ၀တ်ပါးစ တစ်ခုကို ရှာလကာရည် ထဲမှာ စိမ်ထားပြီး အပူလောင်တဲ့ နေရာမှာ နာရီဝက် ခန့်ကြာအောင် ကပ်ထား ပေးပါ။  ဒါမှမဟုတ် ရှာလကာရည် ကို ဂွမ်းစလေးနဲ့ ဆွတ်ပြီး သုတ်လိမ်းပေးပါ။

၃။ရှားစောင်း လက်ပတ်
ရှားစောင်းလက်ပတ် အနှစ်တွေကို အပူလောင်တဲ့ ဒဏ်ရာထဲ စိမ့်ဝင် သွားအောင်လိမ်းပြီး တစ်နာရီခန့် ထားပေးပါ။ ပြီးရင်တော့ ရေအေး နှင့်ဆေးချပေးပါ။

၎။ နို့ (milk)
နို့ရည် သည် အပူလောင် ဒဏ်ရာကို သက်သာစေတဲ့ အကောင်းဆုံး သဘာဝ နည်းလမ်း တစ်ခုပါ။
အပူလောင် ဒဏ်ရာကို နို့ရည် ထဲမှာ ၁၅-၂၀ မိနစ် အထိ စိမ်ထားပေးပါ။  ဒါမှမဟုတ် အ၀တ်ပါးလေး တစ်ခုကို နို့ရည် ထဲမှာ နှစ်ပြီး အပူလောင်ထားတဲ့နေရာမှာ ကပ်ထားပေးပါ။ တစ်နေ့ ၂ ကြိမ် ပြုလုပ်ပေးခြင်းဖြင့် အပူလောင်ခြင်းမှ အမြန်ဆုံး သက်သာသွားပါ လိမ့်မယ်။



၅။ ဆားဖျော်ရည်
ဆား လက်ဖက် စားဇွန်း (၂) ဇွန်း နှင့် ရေ အနည်းငယ်ကို ရောစပ်ပြင်ဆင်ပေးပါ။ အပူလောင် ဒဏ်ရာ ကို အဆိုပါ ဆားရည်နှင့် ၂ နာရီ တစ်ခါ တစ်နေ့ သုံးကြိမ် ဆေးကြောပေးခြင်းဖြင့် သိသိသာသာ သက်သာလာပါလိမ့်မယ်။


Credit to သုတဇုန်


No comments:

Post a Comment