Wednesday, October 12, 2016

အစာ အဆိပ်မသင့်စေဖို့




(၁) ဘေးကင်း တဲ့ အသား ကိုရွေးပါ
စူပါ မားကက်မှာ အသား ၀ယ်လျှင် ရေခဲသေတ္တာ အောက်ဆင့် က အသား ကို ရွေးပါ။ အပေါ်ဆင့်ရှိ အသားများသည် အေးသင့် သလောက် မအေးဘဲ ဖြစ်တတ်သည်။


(၂) ကျကျနန သိမ်းပါ
လတ်လတ် ဆတ်ဆတ် အသားများကို ရေခဲသေတ္တာ အအေးခန်း (refrigerator)တွင် နှစ်ရက်အထိ ထားနိုင် သည်။ အခဲခန်း (freezer) တွင် လပေါင်း များစွာ အထားခံ သည်။ အအေးခန်း (refrigerator) တွင် ၄၀ ဒီဂရီဖာရင်ဟိုက် ရှိသင့်ပြီး အခဲခန်း (freezer) တွင် သုညဒီဂရီ ဖာရင်ဟိုက် ရှိသင့်သည်။


(၃) ကျကျနန ရေခဲဖျော်ပါ 
အေးခဲ ထားသည့် အသား ကို ရေထဲ ထည့်စိမ်၍ ရေခဲပျော်အောင် ထားပါ။ မီးဖိုစင် တွင် အတိုင်းသား တင်၍ ရေခဲပျော်အောင် ထားခြင်းသည် ဘက်တီးရီးယားများ ပွားလာစေသည်။


(၄) ဆေးကြော သန့်စင်ပါ
အသားကိုင်မည့် လက်ကို ဆေးကြော သန့်စင်ပါ။ စဥ့်နှီတုံး၊ ပန်းကန်၊ ဓား၊ ဒယ်အိုး မှန်သမျှကို ဆေးကြောပါ။ ပန်းကန်ဆေးစင်(sink) ကို ဆေးကြောပါ။





(၅) အပူချိန် မှန်မှန်ချက်ပါ
ကြက်သား ကို (၁၆၅) ဒီဂရီ ဖာရင်ဟိုက် မှာ ချက်ပါ။ ၀က်သားနှင့် အမဲသား ကို (၁၄၅) ဒီဂရီ ဖာရင်ဟိုက်၊ ငါးကို (၁၄၅) ဒီဂရီဖာရင်ဟိုက် မှာ ချက်ပါ။


(၆) မုန့် ဖုတ်ထားသည့် စားသောက်ကုန်များ ကို သတိထားပါ
ကြက်ဥ ပေါင်မုန့်၊ ကွတ်ကီး စသည့် အသင့်စား ထုတ်ကုန်များကို မစားပါနှင့်။ ၄င်းတို့တွင် ပါသည့် ကြက်ဥသည် မကျက်လျှင်ဖြစ်စေ၊ အထားကြာလျှင် ဖြစ်စေ ဘက်တီးရီးယား ၀င်တတ်သည်။



Credit to Health Update Journal




No comments:

Post a Comment