Wednesday, October 12, 2016

မြင်းလေးမျိုး၊ လူလေးမျိုး





★ ဤလောက၌ မြင်းလေးမျိုးရှိလေ၏။  လူလည်းလေးမျိုး ရှိလေ၏။ 

" ပထမ မြင်းကား "


နှင်တံရိပ်ကို မြင်ကာမျှဖြင်. မြင်းထိန်း၏ သဘောကို ကောင်းစွာသိ၏။ ယနေ. ငါ၏ သခင် သည် အဘယ် ကိစ္စမျိုးကို ခိုင်းစေမည်နည်း။ ငါသည် သခင်. အတွက် ဘယ်သို.လုပ်ဆောင်ရမည်နည်း  ဟူ၍ ဆင်ခြင် တတ်၏။ ထိတ်လန်.တတ်၏။

" ဒုတိယ မြင်းကား "

နှင်တံရိပ်ကို မြင်ကာမျှဖြင်. ကောင်းစွာ မသိတတ်။ မဆင်ခြင်တတ်။ ထိတ်လန်. တုန်လှုပ်ခြင်း မရှိ။ နှင်တံဖြင်. အမွေးကိုတို.ထိမှ သာလျှင် ကောင်းစွာ သိတတ်၏။ ဆင်ခြင်တတ်၊ တုန်လှုပ် ထိတ်လန်.တတ်၏။

" တတိယ မြင်းကား "

နှင်တံရိပ်ကို မြင်ကာမျှဖြင်. လည်းကောင်း ၊ အမွေးကို ထိတို.ကာမျှဖြင်. လည်းကောင်းမသိတတ်၊ မဆင်ခြင်တတ်၊ ထိတ်လန်.တုန်လှုပ်ခြင်း မရှိ ။ နှင်တံဖြင်. အရေ ကို တို.ထိမှ သာလျှင် သိတတ်၏၊ ။ ဆင်ခြင်တတ် ၊ တုန်လှုပ် ထိတ်လန်.တတ်၏။

" စတုတ္ထမြင်းကား "

နှင်တံရိပ်ကို မြင်ကာမျှဖြင်.လည်းကောင်း၊ အမွေးကို ထိတို.ကာ မျှဖြင်.လည်းကောင်း၊ အရေကို ထိတို. ကာ မျှဖြင်.လည်းကောင်း မသိတတ်၊ မဆင်ခြင်တတ်၊ ထိတ်လန်.တုန်လှုပ်ခြင်း မရှိ၊ နှင်တံဖြင်.အရိုး ကို တို.ထိမှသာလျှင် ကောင်းစွာသိ၏။ ဆင်ခြင်တတ်၊ တုန်လှုပ် ထိတ်လန်.တတ်၏။

ဤကား ဥပမာစကားတည်း။


★ အချို.သော ပုဂ္ဂိုလ်သည်
အရပ်တစ်ပါးမှ တစ်စုံ တစ်ယောက်သော မိန်းမယောကျာ်း တို. မှားယွင်းသော မကောင်းမှုကြောင်. 
အပြစ် ဒဏ်ခံရသည်ကိုလည်းကောင်း၊
အနာရောဂါနှိပ်စက် သဖြင်. ဆင်းရဲ ပင်ပန်းသည်ကိုလည်းကောင်း၊
သေကျေ ပျက်စီးသည်ဟုလည်းကောင်း သတင်းစကား ကြားရုံမျှဖြင်.မိမိ အတွက် ဆင်ခြင်မိ၏ ။ တုန်လှုပ် ထိတ်လန်.မိ၏။

ထိုပုဂ္ဂိုလ်မျိုး သည် ပထမမြင်းနှင်. တူပေ၏။


★ အချို.သော ပုဂ္ဂိုလ်သည်
အရပ်တစ်ပါးမှ တစ်စုံ တစ်ယောက်သော မိန်းမယောကျာ်းတို. မှားယွင်းသော မကောင်းမှုကြောင်.
အပြစ်ဒဏ်ခံရသည်ကိုလည်းကောင်း၊
အနာရောဂါနှိပ်စက် သဖြင်. ဆင်းရဲပင်ပန်းသည် ကိုလည်းကောင်း၊
သေကျေ ပျက်စီးသည်ကိုလည်းကောင်း ကိုယ်တိုင်မြင်တွေ.မှသာလျှင် မိမိအတွက်ဆင်ခြင်မိ၏၊ တုန်လှုပ် ထိတ်လန်.မိ၏။

ထိုပုဂ္ဂိုလ်မျိုး သည် ဒုတိယမြင်းနှင်.တူ၏။


★ အချို.သော ပုဂ္ဂိုလ်သည်
မိမိ ၏ ဆွေမျိုးရင်းချာ ထဲက တစ်စုံ တစ်ယောက်သော မိန်းမ ယောကျာ်း တို. မှားယွင်းသော မကောင်းမှုကြောင်.
အပြစ်ဒဏ် ခံရသည်ကိုလည်းကောင်း၊
အနာရောဂါနှိပ်စက်သဖြင်. ဆင်းရဲ ပင်ပန်းသည်ကိုလည်းကောင်း၊
သေကျေ ပျက်စီးသည်ကိုလည်းကောင်း ကြုံတွေ.မှသာလျှင် မိမိ အတွက်ဆင်ခြင်မိ၏၊ ထိတ်လန်.တုန်လှုပ်မိ၏။

ထိုပုဂ္ဂိုလ်မျိုးသည် တတိယမြင်းနှင်. တူပေ၏။


★ အချို.သောပုဂ္ဂိုလ်သည်
မိမိ ကိုယ်တိုင်ပင် မှားယွင်းသော မကောင်းမှုကြောင်.အပြစ်ဒဏ် ခံနေရစဉ်ကိုလည်းကောင်း၊
အနာရောဂါနှိပ်စက်သဖြင်. ဆင်းရဲ ပင်ပန်းရှိစဉ်လည်းကောင်း၊
သေလောက်သောဘေးကို ကြုံတွေ.ရစဉ် လည်းကောင်း
မိမိအတွက် ဆင်ခြင်မိ၏၊ ထိတ်လန်. တုန်လှုပ်မိ၏။

ထိုပုဂ္ဂိုလ်မျိုးသည် စတုတ္ထမြင်းနှင်. တူပေ၏။



(ဗုဒ္ဓ၊ ပတောဒသုတ်)

Credit to နှလုံးသားအာဟာရ


No comments:

Post a Comment