Wednesday, October 12, 2016

မေးရဲ ရမယ်




ကျွန်တော်တို့  လူမျိုး က တစ်ကယ်ဆို လူကြောက်တွေလို့ ပြောရမယ်ဗျ။ ဘာလို့ လည်း ဆိုတော့ မေးရမှာ ကြောက်ကြလို့ ပါ။

သူများကို မေးရမှာလည်း သိပ်ကြောက်ကြပါတယ်။ ဒီ့ထက် ဆိုးတာက ကိုယ့်ကို ကိုယ် မမေးရဲတာပဲ။

ကိုယ် ဘာတွေ တတ်ထားပြီးလဲ ၊ ဘာတွေ သိထားပြီလဲ ဆိုတဲ့ မေးခွန်းမျိုး လူတော်တော်များများ မမေးရဲကြဘူး။


ဒီတော့ မိမိ ကိုယ်တိုင်တောင် မယုံကြည်နိုင်ဘူး ဖြစ်နေတာပေါ့ ။ သူများကို မေးဖို့  ကြတော့လည်း ရှက်  တတ်နေကြတယ်။

ကိုယ် မသိဘူးဆိုတာကို သူများကို ပေးသိရမှာ ကြောက်တတ်ကြတယ်။ မမေးရဲတော့ ဘာဖြစ်လာလဲ ဆိုတော့ ဘယ်အရာ ကိုမှ သင်ခွင့် မရတော့ဘူးပေါ့။ တစ်ခါ တပည့် ခံပြီး ဆယ်ခါ ဆရာပြန်လုပ်ရမှာကိုတောင် မလုပ်နိုင်ကြဘူး။

ပြီးတော့ မိမိကိုယ်ကို ငယ်တုန်းမေးထားနိုင်ဖို့ လိုပါတယ်။ ဒါမှ မိမိ ရဲ့ အားနည်းချက်ကို ပြန်လည် ဆန်းစစ်နိုင်မှာ ဖြစ်ပါ တယ်။ အရွယ်လွန်မှ မေးမိတဲ့အခါ အဖြေတော့ ရှိပါလိမ့်မယ်၊ သို့ သော် ပြင်ဆင်ဖို့ အချိန်လွန်သွားပါပြီ။



မမေးရဲတဲ့ သူတွေ အတွက် အဖြေမှန် ဆိုတာ ရှိမလာနိုင်ပါဘူး။ ဘ၀ မှာ တစ်ကယ် တိုးတက်ချင်ရင် မေးရဲအောင် လေ့ကျင့်ထား ဖို့ လိုပါတယ်။ 


မိမိ ကိုယ်တိုင်လည်း အမြဲမေးနိုင်အောင် ကြိုးစားပါ၊ ခက်ခဲတဲ့ အရာတွေကိုလည်း ကိုယ် မသိလို့ မရှက် ပါနဲ့ ။ သိတဲ့သူတွေကို ဆရာတင်ပြီး မေးလိုက်ပါ။ ဒါမှ အမှန်တရားတွေကို မြင်လာလိမ့်မယ်။



Credit to Trueman
နည်းစနစ်ကျကျအတွေးအခေါ်


No comments:

Post a Comment